ရှဲလ်ဒန် အက်ဒဲလ်ဆန်

ဝီကီပီးဒီးယား မှ
ရှဲလ်ဒန် အက်ဒဲလ်ဆန်
ရှဲလ်ဒန် အက်ဒဲလ်ဆန်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံ

Sheldon Gary အဒယ်လ်ဆန် ကို ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

သူသည် Venetian Resort Hotel Casino နှင့် the Sands Expo and Convention Center တို့၏ ပင်မကုမ္ပဏီဖြစ်သော Venetian Macao Limited ကို စီမံအုပ်ချုပ်သည့် Las Vegas Sands Corp., ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာတွင် သူ၏ Las Vegas Sands ရှိ အသားတင်အမြတ်ငွေတန်ဖိုး တရှိန်ထိုး မြင့်တက်ခဲ့သည်။ သူသည် လက်ရှိအချိန်တွင် ငွေကြေး ၁၄.၇ ဘီလျံဒေါ်လာပိုင်ဆိုင်သော ၁၃ ယောက်မြောက်အချမ်းသာဆုံး အမေရိကန်နိုင်ငံသားဖြစ်သည်။

အတ္ထုပတ္တိ[ပြင်ဆင်ရန်]

အဒယ်လ်ဆန် ၏ မိဘများသည် ဂျူးလူမျိုးများဖြစ်ကြသည်။ သူ၏ ဖခင်သည် အရှေ့ဥရောပမျိုးဆက်ဖြစ်သည်။ သူသည် သူ၏ ဖခင် တခါတရံအငှားကားမောင်း၍ စီးပွားရေးသမားအဖြစ် ကျင်လည်ခဲ့သော မန်ဆာချူးဆက်ရှိ ဘော်စတွန်အပိုင်းဖြစ်သည့် Dorchester တွင် မွေးဖွားကြီးပြင်းခဲ့သည်။

သူသည် အသက်ငယ်စဉ်ကတည်းက လမ်းထောင့်များတွင် သတင်းစာရောင်းချခဲ့ပြီး အသက် ၁၂ နှစ်အရွယ်တွင် သူ၏ ပထမဆုံးစီးပွားရေးလုပ်ငန်းကို စတင်ပိုင်ဆိုင်ခဲ့သည်။ ထိုနောက်ပိုင်းနှစ်များတွင် သူသည် အပေါင်စာချုပ်အကျိုးဆောင်၊ ရင်းနှီးမြှုပ်နှံခြင်း အကြံပေးပုဂ္ဂိုလ်နှင့် ငွေကြေးအတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။

သူသည် သန့်စင်ခန်းသုံးပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၀ နှစ်များတွင် စင်းလုံးငှား ခရီးသွား လုပ်ငန်းကို သူငယ်ချင်းနှစ်ယောက်နှင့်အတူ လုပ်ကိုင်ခဲ့သည်။ သူသည် နယူးယောက်မြို့တော်ကောလိပ်သို့ တက်ရောက်ခဲ့သော်လည်း ဘွဲ့ရသည်အထိ ကျောင်းမတက်ခဲ့ချေ။ သူသည် အစဉ်လာအားဖြင့် ဒီမိုကရက်တစ်ကို ယုံကြည်သော မိသားစုမှ ပေါက်ဖွားလာသော်လည်း သူ၏ ချမ်းသာမှုကြီးထွားလာသောအခါ ရီပတ်ပလစ်ကန်ကို အခိုင်အမာ ယုံကြည်လိုလားသူ ဖြစ်လာခဲ့သည်။

"ကျွန်တော်က တခြားသူတွေထက် အကောက်ခွန်ရာခိုင်နှုန်း မြင့်ပြီးပေးရတာ တရားမျှတမှုရှိရဲ့လား"ဟု တစ်ကြိမ် အစီရင်ခံမေးမြန်းခဲ့ဖူးသည်။

သူသည် Las Vegas တွင်ရှိသော သူပိုင်လုပ်ငန်းများ၏ အလုပ်သမားအသင်း ပြဿနာများအတွက် ရီပတ်ပလစ်ကန် အမျိုးသား ကော်မတီတွင် တင်ပြခဲ့ခြင်းများကို အဓိက လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ တွင် သူသည် ပထမဇနီးဖြစ်သူ Sandra နှင့်ကွာရှင်းခဲ့ပြီး နောက်နှစ်တွင် လက်ရှိဇနီး Miriam Ochsorn ကို အောင်သွယ်မှတဆင့် တွေ့ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် သူတို့ လက်ထပ်ခဲ့သည်။ Miriam အဒယ်လ်ဆန် သည် ဆေးဝါးအလွဲသုံးစားသူများအတွက် ဖွင့်လှစ်သည့် Dr. Miriam and Sheldon G. အဒယ်လ်ဆန် ဆေးခန်းကို စီစဉ်ညွှန်ကြားသူ ဆရာဝန်တစ်ဦးဖြစ်သည်။ အဒယ်လ်ဆန် သားနှစ်ဦးဖြစ်သူ Mitchell နှင့် Gary သည် ဆေးစွဲသဖြင့် ဆေးဖြတ်ခဲ့ရသည်။ ၂၀၀၁ ခုနှစ်ကတည်းက သူသည် အာရုံကြောပျက်ယွင်းရောဂါကြောင့် လမ်းလျှောက်ရာတွင် တုတ်ကောက်ဆောင်ရသူဖြစ်ခဲ့သည်။

COMDEX နှင့် လောင်းကစားရုံများ[ပြင်ဆင်ရန်]

အဒယ်လ်ဆန် ၏ မူလကြွယ်ဝမှုနှင့် ရင်းနှီးမြှုပ်နှံမှုသည် သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ ကွန်ပျူတာစက်မှုလုပ်ငန်းများအတွက် တိုးချဲ့ခဲ့သော ၁၉၇၉ ခုနှစ်တွင် ပထမဆုံးပြပွဲပြုလုပ်ခဲ့သည့် COMDEX ကွန်ပျူတာကုန်စည်ပြပွဲတွင်ဖြစ်သည်။ ၎င်းကုန်စည်ပြပွဲသည် ၁၉၈၀ နှင့် ၁၉၉၀ ကာလများအတွင်း ပထမဆုံးဖြစ်သော ကွန်ပျူတာကုန်စည်ပြပွဲဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် သူနှင့်လုပ်ဖော်ကိုင်ဖက်များသည် စက်မှုလုပ်ငန်းကုန်စည်ပြပွဲမှ စီးပွားရေးဈေးကွက်အသစ်ကို တိုးချဲ့ရန် Nevada ရှိ Las Vegas တွင် Sands Hotel & Casino ကို ယခင်ပိုင်ရှင် Frank Sinatra နှင့် Rat Pack တို့ဆီမှ လက်လွှဲကာ ဝယ်ယူခဲ့သည်။ ထိုနောက်ပိုင်းနှစ်တွင် သူနှင့်လုပ်ဖော်ကိုင်ဖက်များသည် အမေရိကန်တွင် တစ်ခုထဲသော ပုဂ္ဂလိကပိုင် ညီလာခံခန်းမဖြစ်သည့် Sands Expo နှင့် Convention Center ကို တည်ဆောက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် သူ၏ ဒုတိယဇနီးဖြစ်သူ အစ္စရေးလူမျိုး ဆရာဝန် မာရီယမ် နှင့် ဗင်းနစ်သို့ ပျားရည်ဆမ်းခရီးထွက်စဉ် အပန်းဖြေဟိုတယ်စုကြီးကို လုပ်ကိုင်ရန် အကြံကိုရခဲ့သည်ဟု သူကဆိုသည်။ သူသည် ဗင်းနစ်ပုံစံ အပန်းဖြေဟိုတယ်ကြီးနှင့် လောင်းကစားရုံကိုတည်ဆောက်ရန် ၁.၅ ဘီလျံဒေါ်လာ အကုန်ကျခံ၍ ဩဇာတိက္ကမကြီးမားသော Sands ကို ဖြိုဖျက်ခဲ့သည်။

Venetian ၏ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်စုံမှုသည် Las Vegas ဟိုတယ်လုပ်ငန်းကို လုံးဝပြောင်းလဲပစ်ခဲ့ပြီး ဗိသုကာဆိုင်ရာနှင့်အတူ ကမ္ဘာ့အကောင်းဆုံးဟိုတယ် စသဖြင့် နာမည်ရဂုဏ်ပြုခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် ဟိုတယ်ကြီးကို ဧည့်ခန်းပါမျှော်စင် ၁၀၁၃ ခု၊ ဧည့်ခန်းပါဟိုတယ်ခန်း ၄၀၄၉ ခု၊ စာဖိုးမှူး ၁၈ ယောက်ဦးဆောင်သည့် စားသောက်ဆိုင်၊ ကုန်တိုက်ကြီးများ၊ တူးမြောင်းနှင့် လှေလှော်ရင်း သီချင်းဆို ဖျော်ဖြေသည့် လူစီးလှေငယ်များဖြင့် ဖြည့်စွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် သူနှင့်လုပ်ဖော်ကိုင်ဖက်များသည် COMDEX ပွဲများအပါအဝင် Interface Group Show ဌာနစိတ်ကို ဂျပန် SoftBank ကော်ပိုရေးရှင်းသို့ ၈၆၂ မီလျံဒေါ်လာဖြင့် ရောင်းချရာ သူ၏ ရှယ်ယာသည် ၅၀၀ မီလျံကျော်သည်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာအထိ ပေါ်တူဂီလက်အောက်ခံနိုင်ငံဖြစ်နေခဲ့သော တရုတ်လောင်းကစား မြို့တော် Macao SAR တွင် Sands နာမည်ကျော်စေရန် အဒယ်လ်ဆန် သည် အဓိကစီမံကိန်းများကို အကွက်ချလုပ်ဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မေလတွင် စတုရန်းပေ တသန်းရှိ Sands Macau ဖွင့်လှစ်သောအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမဆုံးသော Las Vegas ပုံစံလောင်းကစား ခန်းမကြီးဖြစ်ခဲ့သည်။

သူသည် စတင်ရင်းနှီးငွေ ၂၆၅ မီလျံဒေါ်လာကို ၁ နှစ်အတွင်း ပြန်လည်ရခဲ့ပြီး ရှယ်ယာ ၆၉% ပိုင်ဆိုင်သောကြောင့်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာတွင် စတော့ဈေးကွက်ကို ကိုင်ချုပ်ပြီး သူ၏ ကြွယ်ဝမှုကို တိုးမြှင့်ခဲ့သည်။ Sands Macao ဖွင့်လှစ်သည့်အချိန်မှစ၍ သူသည် ပိုင်ဆိုင်ချမ်းသာမှု ၁၄ ဆကျော် တိုးလာခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် အဒယ်လ်ဆန် ၏ Las Vegas Sands သည် စင်ကာပူ၏ Marina Bay တွင် လောင်းကစားအပန်းဖြေရိပ်သာကြီးတည်ဆောက်ရန် လိုင်စင်ကို ရခဲ့သည်။ လောင်းကစားရုံသစ် Marina Bay Sands သည် ၂၀၁၀ တွင် ဖွင့်လှစ်မည်ဟု လျာထားပြီး ကောလဟာလသတင်းများအရ ၅.၄ ဘီလျံဒေါ်လာခန့် ကုန်ကျမည်ဟု သိရသည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် သူသည် ၂.၄ ဘီလျံဒေါ်လာတန်ကြေးရှိသော Venetian Macao Resort Hotel ကို Cotai တွင် ဖွင့်လှစ်ခဲ့ပြီး Las Vegas နှင့် အဆင့်တူ Cotai Strip ဟု သူကခေါ်သော ထုထည်ကြီးမားသော အပန်းဖြေရိပ်သာကြီးကို တည်ဆောက်ရန် အစီအစဉ်ရှိသည်ဟု ကြေညာခဲ့သည်။

သူက ပြောသည်မှာ Four Seasons, Sheraton နှင့် St. Regis ကဲ့သို့ အမှတ်တံဆိပ်တစ်ခုထဲအောက်တွင် ဟိုတယ်အများအပြားဖွင့်လှစ်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။ သူ၏ Las Vegas Sands သည် ၂၀၁၀ အမှီ Cotai Strip တွင် အခန်း ၂ သောင်းပါ ဟိုတယ်တည်ဆောက်ပြီး ၁၂ ဘီလျံဒေါ်လာ မြှပ်နှံရန်လျာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင် Sands က မကာအိုတွင် ဒုတိယဟိုတယ်ဖြစ်သော Sands Macao Hotel ကို ဤနှစ်၏ အောက်တိုဘာတွင် ဖွင့်လှစ်နိုင်မည်ဟု သူက ကြေညာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အဒယ်လ်ဆန် သည် အစ္စရေးလ် သတင်းစာ Maariv တွင် ရင်းနှီးမြှုပ်နှံမှု ဝယ်ယူရန် အထမမြောက်သော လေလံဆွဲမှုကို ပြုလုပ်ခဲ့သည်။

ထိုကိစ္စ မအောင်မြင်သောအခါ သူသည် ၂၀၀၆ ခုနှစ်တုန်းက ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ပြန်ခွဲထွက်ခဲ့သော နေ့စဉ်ထုတ် Israeil နှင့် စင်ပြိုင်သတင်းစာတစ်ခုကို ထုတ်ဝေရန်လုပ်ကိုင်ခဲ့သည်။ Israel HaYom သတင်းစာ၏ ပထမဆုံး ဖြန့်ချိမှုကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ပရဟိတလုပ်ငန်းများနှင့် နိုင်ငံရေးပါဝင်မှုများ[ပြင်ဆင်ရန်]

အဒယ်လ်ဆန် သည် Las Vagas ရှိ M.I.S Hebrew Academy ကို အထက်တန်းကျောင်းဆောက်ရန် ၂၅ မီလျံဒေါ်လာကျော် ရန်ပုံငွေမတည်ပေးခဲ့သည်။ လက်ရှိ (၂၀၀၈)ခုနှစ်တွင် အထက်တန်းကျောင်းသည် Grade 9-11 သာရှိပြီး ၂၀၀၉ ခုနှစ်တွင် Grade 12 အထိ တိုးမြှင့်မည်ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် သူနှင့်ဇနီးဖြစ်သူတို့သည် သမ္မတ George W.Bush ၏ ဒုတိယအကြိမ်အခမ်းအနားကို အမြင့်ဆုံးဒေါ်လာ ၂ သိန်းခွဲ (ဇနီးမောင်နှံ နှစ်ဦးပေါင်း ၅ သိန်း)ပါဝင်ခဲ့ကာ ၅၃ ယောက်သော မတည်သူများထဲတွင် ပါဝင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အဒယ်လ်ဆန် သည် Birthright Israel ၏ ဂျူးလူငယ်များ အစ္စရေးလ်ခရီးအတွက် ၂၅ မီလျံဒေါ်လာ ထည့်ဝင်ခဲ့သည်။ ထိုလှူဒါန်းမှုသည် အနာဂတ်အစီအစဉ်များအတွက် နှစ်စဉ်ထည့်သွင်းမည်ဖြစ်သည်။ ၂၀၀၆ ခုနှစ်ထဲတွင်ပင် သူသည် Yad Vashem Holocaust Martyrs' နှင့် Heroes' Remembrance Authority အတွက် ၂၅ မီလျံဒေါ်လာ လှူဒါန်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အဒယ်လ်ဆန် သည် အီရတ်စစ်ပွဲအတွင်း အမေရိကန် ပါဝင်ပတ်သက်မှုကို ထောက်ခံအားပေးသည့် မဲဆွယ်အဖွဲ့ ၅၂၇ ဖွဲ့ကို တည်ထောင်ခဲ့ပြိး သမ္မတ ဘုရှ်၏ စီမံခန့်ခွဲရေးအဖွဲ့မှ အရာရှိအမှုဆောင်များက တဖက်တလမ်းမှ ထောက်ပံ့ခြင်းဖြစ်သည်။ ရီပတ်ပလီကန် လွှတ်တော်အမတ်များအား ငွေကြေးထောက်ပံ့မှုတွင် မအောင်မြင်ခဲ့ဘဲ ဘားရတ်အိုးဘားမား ၏ သမ္မတရွေးခံရန်မဲဆွယ်ခြင်းများကို နှောင့်ယှက်တိုက်ခိုက်ရန် မီလျံဒေါ်လာ ၂၅၀ အထိ များရန် မူလကရည်ရွယ်ခဲ့သည်။

အိုဘားမား နှင့် မက်ကိန်း နှစ်ဦးစလုံးကပင် သူတို့သည် ထိုကဲ့သို့သော အဖွဲ့များကို သမ္မတရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်စေလိုမှု မရှိဟု ပြောဆိုခဲ့သည်။ Freedom’s Watch ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွှတ်တော်မဲဆွယ်ပွဲများတွင်သာ အာရုံထားမည်ဟု ပြောခဲ့သည်။ ၂၀၀၇ ထဲတွင်ပင် အဒယ်လ်ဆန် သည် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂ သောင်းကို အစီအစဉ်တွင်ပါဝင်ရန် Taglit-Birthright Israel အစီအစဉ်ထဲတွင် နောက်ထပ် ၂၅ မီလျံဒေါ်လာကို အာမခံအဖြစ်ထားခဲ့သည်။

သူသည် ဒေါက်တာ မာရီယမ် နှင့် Sheldon G. အဒယ်လ်ဆန် ဆေးပညာသုတေသန ဖောင်ဒေးရှင်းကိုလည်း ငွေကြေးထောက်ပံ့ခဲ့သည်။ AMRF သည် မသန်မစွမ်းနှင့် အသက်အန္တရာယ်ရှိသော နာမကျန်းဖြစ်မှုများအား တားဆီးရန်၊ လျှော့ချရန်အတွက် ရည်ရွယ်ချက်အခြေခံကောင်းစွာဖြင့် ဆေးသုတေသနပြုလုပ်နေကြသော ထူးချွန်သည့် စူးစမ်းသူများထဲမှ ပူးပေါင်းပါဝင်လိုသူများစုပေါင်းကာ ဖွင့်လှစ်ထားသည့် စံပြနမူနာ ပုဂ္ဂလိကဖောင်ဒေးရှင်းဖြစ်သည်။ ဤဖောင်ဒေးရှင်းသည် အာရုံကြောဆိုင်ရာ ပြင်ဆင်ခြင်းနှင့် ပြန်လည်ထူထောင်မှု (APNRR)လုပ်သည့် အဒယ်လ်ဆန် Program တွင် တက္ကသိုလ် ၁၀ ခုမှ သုတေသီများ လာရောက်ပူးပေါင်းနိုင်ရန် ၇.၅ မီလျံဒေါ်လာကိုလှူဒါန်းခဲ့သည်။

အဒယ်လ်ဆန် သည် ဆေးပညာဆိုင်ရာ သုတေသနသို့ ဘီလျံများစွာ လူသိရှင်ကြားအာမခံထားပြီး သုတေသီများကို ငွေကြေးထောက်ပံ့ရန်လိုအပ်သည်ဟူသော စိတ်ကူးဖြင့် AMRF ကိုဆက်သွယ်ရန်အားပေးခဲ့သည်။ ဇနီးဖြစ်သူ ဒေါက်တာ မာရီယမ် အဒယ်လ်ဆန် နှင့်အတူ သူသည် Smithsonian Institution ၏ Woodrow Wilson နိုင်ငံတကာ ပညာသင်ထောက်ပံ့မှုမှပေးသော ပူးပေါင်းကူညီသူ နိုင်ငံသား Woodrow Wilson ဆုကို ရရှိခဲ့သည်။

အခမ်းအနားကို ၂၀၀၈ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ Nevada ရှိ Las Vegas တွင်ကျင်းပခဲ့သည်။ ထိုညက တခြားသော လူထုဆိုင်ရာဝန်ဆောင်မှု Woodrow Wilson ဆုကို ရရှိသွားသူမှာ Wayne Newton ဖြစ်သည်။ ရှယ်လ်ဒန် အဒယ်လ်ဆန် သည် Nevada ရှိ အခွန်လွတ်ဈေးဥပဒေများကို ထပ်မံကျုယ်ပြန့်စေခဲ့သဖြင့် Nevada ဥပဒေသုတေသနကောလိပ်မှ ဥက္ကဋ္ဌချီးမြှင့်သော “Las Vegas ရှိ အခွန်လွတ်ဈေး ရွှေဉာဏ်ရှင်ဆု”ကို ရခဲ့သည်။ ထို့ပြင် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် က ၂၀၀၈ ခုနှစ် မေလတွင် အစ္စရေးလ်ပြည်နယ် နှစ် ၆၀ နှစ်ပတ်လည်အခမ်းအတွက် ဂျေရုဆလင်သို့သွားသည့် ဂုဏ်ထူးဆောင်ကိုယ်စားလှယ်အဖွဲ့တွင် အဒယ်လ်ဆန် အား သူနှင့်အတူလိုက်ပါရန် ညွှန်ကြားခဲ့ခြင်းခံရသည်။

ငြင်းခုံမှုများ[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဇွန်လထုတ် New Yorker ကိုယ်ရေးအကျဉ်းများတွင် အဒယ်လ်ဆန် ပါဝင်သော ငြင်းခုံမှုများစွာကို အသေးစိတ်ဖော်ပြထားသည်။

၂၀၀၈ ခုနှစ်တွင် သူ့အား မကာအိုလိုင်စင်ရရှိရန် တရုတ်ထိပ်တန်းအရာရှိများနှင့် ဆက်သွယ်ပေးခဲ့သူ ဟောင်ကောင်စီးပွားရေးသမားဖြစ်သည့် Richard Suen သည် စီးပွားရေးအမြတ်များရရှိရန်အတွက် ကိုးကွယ်မှုဘာသာ ကူးပြောင်းစေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဒယ်လ်ဆန် အား တရားရုံးတင်ခဲ့သည်။ Suen သည် ၄၃.၈ မီလျံဒေါ်လာ တရားနိုင်ခဲ့ပြီး အဒယ်လ်ဆန် ၏ ရှေ့နေကလည်း တောင်းပန်ခဲ့ရသည်။

သူသည် ဤကိစ္စတွင် ပါဝင်ပတ်သက်သည့် အခြားသော ကြားလူ နောက်ထပ်သုံးဦး၏ အနည်းဆုံး ၄၅၀ မီလျံဒေါ်လာတန်ကြေးဖြင့် တရားစွဲခြင်းကို ခံခဲ့ရသည်။ Suen ၏ တရားစွဲဆိုမှုတွင် အဒယ်လ်ဆန် ၏ Las Vegas Sands ကုမ္ပဏီမှ အကြီးအကဲဖြစ်သူ Bill Weidner သည် အဒယ်လ်ဆန် နှင့် သူ၏ သူငယ်ချင်းဖြစ်သူ then-House Majority ခေါင်းဆောင် Tom Delay တို့က ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော်ကို တရုတ်က လက်ခံကျင်းပမည့် အဆိုတင်သွင်းမှုအား အမေရိကန် အိုလံပစ်ကော်မတီက ထောက်ခံမည့်အရေးကို တားဆီးရန် ကိုယ်စားလှယ် Tom Lantos က လာဘ်ငွေပေးမည့်အကြောင်း တယ်လီဖုန်းပြောခဲ့ကြသည်ကို သက်သေခံခဲ့သည်။

နောက်ထပ် အချိန်ကြာပြီးနောက် အဒယ်လ်ဆန် က ဘေဂျင်းမြို့တော်ဝန်ထံ ဖုန်းဆက်သွယ်၍ “ဒီ ငွေပေးပြေစာဟာ ဘယ်တော့မှမပေါ်ပေါက်လာရပါဘူး”ဟု ပြောခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် မအောင်မြင်ခဲ့ချေ။ အဒယ်လ်ဆန် က သတင်းများ၏ အခြားသော တရားဝင်အဖွဲ့များ ဆုံးဖြတ်ချက်မကျခြင်းသည် သူ၏ ကျေးဇူးတရားကို ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုသွားခဲ့သည်။

New Yorker ၏ ဖော်ပြချက်အရ အဒယ်လ်ဆန် သည် အစ္စရေးလ်နှင့် ပါလက်စတိုင်းတို့၏ “ဆုံးဖြတ်ချက်နှစ်ခုကို ရက်စက်စွာဆန့်ကျင်လိုက်ခြင်း”ဟုဆိုပြီး အစ္စရေးလ်၏ ဝန်ကြီးချုပ် Ehud Olmert ကလည်း “ဥပဒေသတို့ကို သစ္စာဖောက်သူ”ဟု ဖြည့်စွက်ပြောခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်၏ Annapolis ငြိမ်းချမ်းရေး ညီလာခံကိုလည်း ဆန့်ကျင်ခဲ့သည်။

သူသည် အာဏာကန့်သတ်ခံ၊ ပါလက်စတိုင်းစစ်တပ်မှု နုတ်ထွက်ရန် တိုက်တွန်းခြင်းခံရပြီး ရာထူးသိမ်းခြင်းခံထားရသည့် ဝန်ကြီးချုပ် Benjamin Netanyahu နှင့်လည်း နီးကပ်စွာမဟာမိတ်ဖွဲ့ထားသူဖြစ်သည်။ New Yorker ဆောင်းပါးတစ်ခုတွင် အဒယ်လ်ဆန် ၁၉ နှစ်အရွယ်တုန်းက တရားဥပဒေနှင့်အစိုးရ အမှုအခင်းများတွင် ဒုတိယအကြီးအကဲအဖြစ် ကူညီထားသည့် Nevada ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်ဖြစ်သူ Shelley Berkley က အဒယ်လ်ဆန် အား “ဒီမိုကရက်အဟောင်းကြီးတွေက ပြည်ထောင်စုနဲ့အတူရှိနေပြီး သူက အဲ့ဒီ ဒီမိုကရက်တွေကို ဖြိုချင်တာနဲ့ ပြည်ထောင်စုကို နောက်ကွယ်ကနေ ဖြိုဖျက်ချင်နေတာ” ဟု ပြောဆိုသွားသည်ဟု ဖော်ပြခဲ့သည်။

Boston Globe ကလည်း သူ့အား “Las Vegas မှာ ပြည်ထောင်စုဆန့်ကျင်ရေး စစ်ပွဲဆိုးကြီးတွေ ခင်းနေတာ”ဟု မှတ်ချက်ချခဲ့သည်။ လွှတ်တော်အမတ်ဖြစ်သူ Berkley က New Yorker ဆောင်းပါးတွင် အဒယ်လ်ဆန် သည် “ငွေကြေးအင်အားသုံးပြီး နိုင်ငံရေးနှင့် ပြည်သူ့ဥပဒေတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်နေတာ”ဟု ဆိုခဲ့သည်။ အဒယ်လ်ဆန် သည် ၂၀၀၈ ခုနှစ်တွင် သူ့အားသိက္ခာချသည့် အရေးအသားများကြောင့် လန်ဒန် Daily Mail သတင်းစာကို တရားစွဲဆိုပြီး နိုင်ခဲ့သည်။ သတင်းစာတွင် သူ့အား “အော့နှလုံးနာစရာ စီးပွားရေးလက်တွေ့လေ့ကျင့်မှု”များနှင့် “နိုင်ငံရေးမျက်နှာသာပေးမှုများကို နှောင့်ယှက်အကျင့်ဖျက် ဝယ်ယူမှု”တို့ဖြင့် စွပ်စွဲရေးသားထားသည်။ သူသည် ထိုအမှုတွင် ခန့်မှန်းချေ ပေါင် ၄ မီလျံ နိုင်ခဲ့ပြီး “မစ္စတာ အဒယ်လ်ဆန် ၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် စီးပွားရေးကျော်ဇောမှုတို့၏ ကျဆုံးချိန်”ဟု ဖော်ပြကြသည်။ သူက လန်ဒန်ရှိ တော်ဝင် Marsden ကင်ဆာဆေးရုံအပျက်အစီးများအတွက် လှူဒါန်းမည်ဟု ပြောဆိုခဲ့သည်။

ကြွယ်ဝမှု[ပြင်ဆင်ရန်]

Forbes မှ ဖော်ပြချက်အရ အဒယ်လ်ဆန် ၏ ခန့်မှန်းခြေပိုင်ဆိုင်မှုသည် ၂၆.၅ ဘီလျံဒေါ်လာဖြစ်သောကြောင့် ထိုအချက်က ၂၀၀၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွက် အမေရိကန်တွင် သူ့အား တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရောက်စေသည်။

၂၀၀၈ ခုနှစ်တွင် Las Vegas Sands ကော်ပိုရေးရှင်း ၏ ရှယ်ယာဈေးများ ထိုးကျသွားခဲ့သည်။၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ကော်ပိုရေးရှင်းက အခြေအနေအရ ထူးခြားသော လက်ရှိဒေဝါလီခံရမှုတို့အပေါ် ယုံကြည်ရခြင်းရှိရမည်မှာ ထုံးစံဖြစ်သည်ဟု ကြေညာခဲ့သည်။

အဒယ်လ်ဆန် သည် ၂၀၀၈ ခုနှစ်တွင် ၂၄ ဘီလျံဒေါ်လာ ဆုံးရှုံးခဲ့ပြီး အခြားသော အမေရိကန်ဘီလျံနာများထက်ပို၍ ဆုံးရှုံးရခြင်းဖြစ်သည်။၂၀၀၉ ခုနှစ် Forbes ၏ ကမ္ဘာ့ဘီလျံနာစာရင်းတွင် သူသည် ပိုင်ဆိုင်မှုတန်ဖိုး ၃.၄ ဘီလျံဖြင့် အဆင့် ၁၇၈ အထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၀ တွင် ၁၄.၇ ဘီလျံဒေါ်လာ ကြွယ်ဝမှုတန်ဖိုးဖြင့် ကမ္ဘာ့ ၁၃ ယောက်မြောက် အချမ်းသာဆုံးလူအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။