ရှေးမြန်မာစစ်လက်နက်များ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရှေးမြန်မာစစ်လက်နက်များမှာ ဒိုင်း၊ လွှား၊ ကာ၊ ဓား၊ လှံတို့ဖြစ်ကြသည်။

ဓား[ပြင်ဆင်ရန်]

အများအားဖြင့် ရှေးမြန်မာ့တပ်မတော်တွင် ငှက်ကြီးတောင်ဓားကိုအသုံးပြုသည်။ "ဓားမှာမိုးကြိုး"ဟူသောစကားအတိုင်း အသွားတွင်မိုးကြိုးထည့်၍ပြုလုပ်လေ့ရှိကြသည်။ ရာဇဝင်တွင်ထင်ရှားသောဓားများမှာ စစ်ကိုင်းအသင်္ခယာစောယွန်း၏ဓားမှာဆင်လည်ပင်းကိုပြတ်စေသည်။ ဗျည်းနွဲ့၏ဓားသည် တစ်တောင်မျှရှိသောကျောက်ထုကိုပြတ်စေသည်။ ယိမ်းနွဲ့ပါးဓားသည် အင်းဝခေတ်ကနန်းစဉ်ဓားဖြစ်သည်။ သိုဟန်ဘွားသည် အင်းဝထီးနန်းကိုသိမ်းပိုက်ပြီးနောက် ပြည်သူလူထုအားနှိပ်စက်ခြင်း၊ ရဟန်းသံဃာများအား သတ်ဖြတ်ခြင်းစသည်များလုပ်ဆောင်လာသောကြောင့် သိုဟန်ဘွားအားလုပ်ကြံရန် ကြံစည်ကြသည်။ မင်းကြီးရန်နောင်က သိုဟန်ဘွားအား ဥယျာဉ်တော်တွင်းသို့ဥပါယ်တံမျဉ်ဖြင့်ခေါ်သွားပြီး ယိမ်းနွဲ့ပါးဓားကိုပြမည့်ဟန်ပြုကာ ခုတ်ပိုင်းလိုက်ရာ လူနှင့်တကွနောက်ခံဝါးပိုးဝါးငါးလုံး၊ ကြမ်း ၅ ချောင်းပါပြတ်လေသည်။ ရှေးခေတ်မြန်မာ့တပ်မတော်တွင် ဓားရေး ၃၇ ချင်းကိုတတ်မြောက်မှာသာ တပ်မှူးဖြစ်ခွင့်ရှိသည်။ ပျံချီဓား ဟုခေါ်သောအဆင့်မြင့်ဓားရေးကိုတတ်မြောက်သူအား ဘွဲ့အမည်နောက်တွင် ပျံချီဟူသောအမည်နာမကိုထည့်သွင်းမှည့်ခေါ်ပေးသည်။

လှံ[ပြင်ဆင်ရန်]

လှံတိုနှင့်လှံရှည်ဟူ၍ရှိသည်။ လှံတိုများအားဆင်ထက်တွင်သယ်ဆောင်သွားပြီး ပစ်လွှတ်တိုက်ခိုက်ရသည်။ အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့ကိုင်ဆောင်ခဲ့သော အရိန္နမာလှံနှင့် ဒွတ္တဘောင်မင်းကြီးကိုင်ဆောင်ခဲ့သော လှံရှင်တို့မှာ လှံရှည်များဖြစ်ကြသည်။

ဒိုင်း၊ လွှား၊ ကာ[ပြင်ဆင်ရန်]

ဒိုင်းဆိုသည်မှာ ဘဲဥပုံဖြစ်ပြီး တစ်ဖက်မှထိုခုတ်ပစ်လွှတ်လာသည်ကို ကာကွယ်ရသောလက်စွဲကိရိယာဖြစ်သည်။ လွှားသည် လေးထောင့်သဏ္ဌာန်ရှိသည်။ ကာမှာဗန်းငယ်ပုံသဏ္ဌာန်ဖြစ်သည်။ ယင်းတို့အား သားရေဖြင့်ပြုလုပ်ထာပြီး စစ်သည်ရဲမက်တို့သည်စစ်မြေပြင်တွင်စစ်ညောင်းသောအခါ ယင်းတို့အားချက်ပြုတ်စားသောက်ရသည်။

ကိုးကား[ပြင်ဆင်ရန်]