စာချွန်တော်အမိန့်
ဤဆောင်းပါးတွင် နိဒါန်းစာပိုဒ် မပါရှိပါ။ |
၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေကို ဥပဒေအမှတ်: ၂၄/၂၀၁၄ ဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ခဲ့သည်။[၁]
အမျိုးအစားများ
[ပြင်ဆင်ရန်]ပုဒ်မ ၁၉၆ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အောက်ပါ စာချွန်တော် အမိန့်များကို ထုတ်ပိုင်ခွင့် အာဏာရှိသည်။
- ရှေ့တော်သွင်း စာချွန်တော် အမိန့်
- အာဏာပေး စာချွန်တော် အမိန့်
- တားမြစ်စေ စာချွန်တော် အမိန့်
- အာဏာပိုင်မေး စာချွန်တော် အမိန့်
- အမှုခေါ် စာချွန်တော် အမိန့်
ရှေ့တော်သွင်း စာချွန်တော် အမိန့်
[ပြင်ဆင်ရန်]ရှေ့တော်သွင်း စာချွန်တော် အမိန့် (writ of habeas corpus) ဆိုသည်မှာ တရားရုံး တစ်ခုမှ အာဏာပိုင်အနေဖြင့် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသားအား တရားရုံး ရှေ့မှောက်သို့ တင်သွင်းရန် ဆင့်ခေါ်သည့် အမိန့် ဖြစ်သည်။ ထိုကဲ့သို့ဆင့်ခေါ်ပြီးနောက် တရားရုံးမှ အကျဉ်းသားကို ပြစ်ဒဏ် ပေးထားခြင်း၊ ချုပ်နှောင် ထားခြင်းများသည် တရား ဥပဒေနှင့်ညီ၊ မညီ ပြန်လည် စစ်ဆေးသည်။ တရားဥပဒေနှင့် မကိုက်ညီ လျှင် ပြစ်ဒဏ်မှလွှတ်မိန့်ပေး နိုင်သည်။
အာဏာပေး စာချွန်တော် အမိန့်
[ပြင်ဆင်ရန်]အာဏာပေးစာချွန်တော်အမိန့် ဆိုသည်မှာ တရားဝင် အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရဌာနတစ်ခုခုက ဖြစ်စေ၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသား ထုတ်ပြန်သည့်အမိန့်စာကိုဆိုသည်။
တားမြစ်စေ စာချွန်တော် အမိန့်
[ပြင်ဆင်ရန်]တားမြစ်စေစာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့် အာဏာကျော် လွန်၍ဖြစ်စေ၊ တရားမျှတမှုကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်း မပြုရန်ရေးသားထုတ်ပြန်သည့်အမိန့်စာကိုဆိုသည်။
အာဏာပိုင်မေး စာချွန်တော် အမိန့်
[ပြင်ဆင်ရန်]အာဏာပိုင်မေး စာချွန်တော်အမိန့်ဆိုသည်မှာ အစိုးရဌာန တစ်ခုခုသို့မဟုတ် အခွင့်အာဏာအပ်နှင်းထားသည့် အဖွဲ့အစည်း တစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ထားခြင်း ရှိမရှိစိစစ် ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်။
အမှုခေါ် စာချွန်တော် အမိန့်
[ပြင်ဆင်ရန်]အမှုခေါ်စာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘော သက်ဝင်သည့် ကိစ္စရပ် တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပဒေနှင့် ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့်အမိန့်စာကိုဆိုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 14 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
| ဤ ဥပဒေနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |