ရှောမျောရေတံခွန်

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 36°34′31″N 137°31′24″E / 36.57528°N 137.52333°E / 36.57528; 137.52333

ရှောမျောရေတံခွန် (ဘယ်)၊ ဟန်နိုခိရေတံခွန် (ညာ)

ရှောမျောရေတံခွန် (称名滝, Shōmyō-daki, ရှောမျောဒခိ) သည် ဂျပန်နိုင်ငံ၊ တိုယာမစီရင်စု၊ တတဲယာမမြို့တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ဂျပန်တွင် အမြင့်အဆုံးရေတံခွန်တစ်ခုဖြစ်ပြီး ၃၅၀ မီတာ (၁၁၄၈ ပေ) မြင့်သည်။ ရေတံခွန်သည် အဆင့်လေးဆင့် ရှိပြီး ပထမဆင့် ၇၀ မီတာ၊ ဒုတိယဆင့် ၅၈ မီတာ၊ တတိယဆင့် ၉၆ မီတာ နှင့် နောက်ဆုံးအဆင့် ၁၂၆ မီတာ ရှိကြသည်။[၁] တတဲယာမတောင်များမှ နှင်းများအရည်ပျော်ချိန်ဖြစ်သည့် နွေလယ်အစောပိုင်းတွင် ရေတံခွန်၌ ရေပမာဏကြီးမားများပြားစွာ စီးဆင်းသည်။

အနီးရှိ ဟန်နိုခိရေတံခွန် ရာသီချိန်၌သာ စီးဆင်းသည့် အမြင့်ဆုံးရေတံခွန် ဖြစ်သည်။ ဟန်နိုခိသည် Midagahara plateau မှ နှင်းများအရည်ပျော်ချိန် ဧပြီမှ ဇူလိုင်အထိသာ ရေရှိသည်။ ပုံတွင် မြင်ရသည့်အတိုင်းပင် ဟန်နိုခိနှင့် ရှောမျောတို့သည် အမြွှာရေတံခွန်များ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Shomyodaki Falls - Toyama Prefectural Tateyama Museum။ 2005-02-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-02-21 တွင် ပြန်စစ်ပြီး။