မာတိကာသို့ ခုန်သွားရန်

ရှိဂျောခဝရမချိ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 35°0′13.60″N 135°46′09.40″E / 35.0037778°N 135.7692778°E / 35.0037778; 135.7692778

လမ်းဆုံ၏ အနောက်တောင်ဘက်ရှိ တခရှိမယကုန်တိုက်
ကျိုတိုမရုအိကုန်တိုက်

ရှိဂျောခဝရမချိ (四条河原町) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့လယ်၏ အစိတ်အပိုင်းနေရာတစ်ခု ဖြစ်သည်။ ၎င်းနေရာသည် ရှိဂျောလမ်းမနှင့် ခဝရမချိလမ်းမတို့ ဖြတ်သန်းသွားရာနေရာ ဖြစ်သည်။ ခဝရမချိလမ်းမသည် ကျိုတိုမြို့၏ အရှေ့ဘက်ခြမ်းတွင် ခမိုမြစ်နှင့် မျဉ်းပြိုင်တည်ရှိသည်။ ရှိဂျောလမ်းမသည် ကျိုတိုမြို့လယ်ကို အရှေ့-အနောက် ဖြတ်သန်းတည်ရှိသည်။

စတိုးဆိုင်

[ပြင်ဆင်ရန်]

လမ်းဆုံ၏ အပိုင်းလေးခုတွင် နှစ်ခုသည် ကုန်တိုက်များ တည်ရှိသည်။ လမ်းဆုံ၏ အနောက်တောင်ဘက်တွင် တခရှိမယစတိုးနှင့် အရှေ့တောင်ဘက်တွင် ကျိုတိုမရုအိစတိုး တည်ရှိသည်။ ကျိုတိုမရုအိစတိုးကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ဟန်းခယူးကုန်တိုက်ကို အစားထိုးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဟန်းခယူးကုန်တိုက်သည် ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပိတ်သိမ်းခဲ့သည်။[][]

မီးရထားဘူတာရုံ

[ပြင်ဆင်ရန်]

ကျိုတို - ခဝရမချိဘူတာ သည် ကျိုတိုမြို့ရှိ ဟန်းခယူးကျိုတိုရထားလိုင်း (ဟန်းခယူးမီးရထား) ၏ ခရီးဆုံးဘူတာ ဖြစ်သည်။ မြေအောက်ရထားဘူတာသည် ရှိဂျောခဝရမချိလမ်းဆုံ၏ မြေအောက်တွင် တည်ရှိသည်။ ခရီးသည်များသည် ကျိုတိုခဝရမချိဘူတာမှ ဂိအွန်း- ရှိဂျောဘူတာသို့ ရထားများပြောင်းလဲကာ စီးနင်းနိုင်သည်။

ကျိုတိုခဝရမချိဘူတာအနီးရှိ အိမ်ခြံမြေများသည် ဂျပန်နိုင်ငံတွင် အဖိုးအထိုက်တန်ဆုံးအိမ်ခြံမြေများတွင် ပါဝင်သည်။

လက်ရှိအချိန်တွင် ဘူတာသည် မြေအောက်မှတဆင့် “တခရှိမယ” ကဲ့သို့သော ကုန်တိုက်များဆီသို့ ဆက်သွယ်ထားသည်။ ဘူတာ၏ မြေအောက်ထပ်တွင် အစားအသောက်ဈေးတစ်ခု တည်ရှိသည်။ ထို့အပြင် ဤဘူတာသည် ခရဆုမဘူတာနှင့်လည်း မြေအောက်မှတဆင့် ချိတ်ဆက်ထားသည်။

ဘတ်စကား

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "Marui To Fill Void Left By Hankyu Closing In Kyoto"၊ Nikkei.com၊ August 11, 2010။ August 22, 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 20 July 2011။ 
  2. Template error: argument title is required.