ရှားစောင်းလက်ပတ်မျိုးစု

ဝီကီပီးဒီးယား မှ
ရှားစောင်းလက်ပတ်မျိုးစု
en:Aloe succotrina[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Asparagales
မျိုးရင်း: Asphodelaceae
မျိုးရင်းသေး: Asphodeloideae
မျိုးဇာတ်: Aloeae
မျိုးစု: Aloe
L.
အမျိုးအစား မျိုးစိတ်
en:Aloe perfoliata
Species

မျိုးစိတ် ကိုကြည့်ပါ

Synonyms
  • Lomatophyllum Willd.
  • Rhipidodendrum Willd.
  • Phylloma Ker Gawl.
  • Pachidendron Haw.
  • Agriodendron Endl.
  • Atevala Raf.
  • Busipho Salisb.
  • Chamaealoe A.Berger
  • × Lomataloe Guillaumin
  • Leptaloe Stapf
  • Aloinella (A.Berger) Lemée
  • Guillauminia A.Bertrand
  • × Alchamaloe G.D.Rowley
  • × Aleptoe G.D.Rowley
  • × Allauminia G.D.Rowley
  • × Alamaealoe P.V.Heath
  • × Aloella G.D.Rowley
  • × Leptauminia G.D.Rowley
  • × Chamaeleptaloe Rowley
  • × Leptaloinella G.D.Rowley
  • × Allemeea P.V.Heath
  • × Aloptaloe P.V.Heath
  • × Lemeea P.V.Heath
  • × Bleckara P.V.Heath
  • × Leminia P.V.Heath

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ[ပြင်ဆင်ရန်]

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပမ်း သွင်ပြင်[ပြင်ဆင်ရန်]

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း[ပြင်ဆင်ရန်]

အရွက် Found In : အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။ အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။ အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။ ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။ အပွင့် - ၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

အသုံးပြုပုံ- အရွက် ၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ်စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။ ၂။ ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။ ၃။ ၎င်းသည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။ ၄။၎င်း၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။ ၅။ ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။ ၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။ ၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။ ၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။ ၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။ ၁၀။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။[၂]

မျိုးစိတ်[ပြင်ဆင်ရန်]

ရှားစောင်းလက်ပတ်မျိုးစိတ်ပေါင်း ၅၀၀ ထက်မက ရှိသည်။ ယင်းတို့မှာ-

ပုံများ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. 1897 illustration from Franz Eugen Köhler, Köhler's Medizinal-Pflanzen
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 14 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2011 တွင် ပြန်စစ်ပြီး။