ရှာ့တာ ကသီဒရယ် ဘုရားရှိခိုးကျောင်း

ဝီကီပီးဒီးယား မှ
ရှာ့တာ ကက်သီဒရယ် ဘုရားကျောင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပြင်သစ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,ii,iv
ကိုးကား ၈၁
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ရှာ့တာ ကက်သီဒရယ်ဘုရားကျောင်း အား ကျွန်ုပ်တို့၏ လေဒီ ရှာ့တာ၏ ကက်သီဒရယ် ဘုရားကျောင်း ဟုလည်း ခေါ်ကြပြီး ဂေါသစ် ဗိသုကာ ပုံစံ လက်တင် ကက်သလစ် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်ပြီး ပြင်သစ်နိုင်ငံ ရှာ့တာ တွင် တည်ရှိပြီး ပါရီမြို့၏ အနောက်တောင်ဘက် မိုင် ၅၀ (ကီလိုမီတာ ၈၀) အကွာတွင် တည်ရှိသည်။ လက်ရှိ ကက်သီဒရယ် ဘုရားကျောင်းသည် ၁၁၉၄ ခုနှစ်မှ ၁၂၂၀ ကြားတွင် တည်ဆောက်ခဲ့ပြီး ၄ရာစုနှစ် မြို့အား ဘစ်ရှော့အုပ်စိုးစဉ်မှစ၍ နေထိုင်ခဲ့သော ဘုရားကျောင်း အနည်းဆုံး ၅ ခုတွင် နောက်ဆုံး ကျန်ရှိခဲ့သော ဘုရားကျောင်း ဖြစ်သည်။

ယူနက်စကိုမှ ကမ္ဘာ့အမွေခံ နေရာ တစ်ခု အဖြစ်သတ်မှတ်ခဲ့ပြီး ပြင်သစ် ဂေါသစ် အနုပညာ၏ အမြင့်ဆုံး လက်ရာ နှင့် အကောင်းဆုံး လက်ရာ တစ်ခုဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။[၁]

ကက်သီဒရယ် ဘုရားရှိခိုးကျောင်းသည် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားခဲ့သည်။ နဂိုမူလ အရောင်ဆိုးထားသော မှန်ပြတင်းပေါက် အတော်များများမှ မူလ အတိုင်း မပျက်မစီး ကျန်ရှိနေပြီး ဗိသုကာ လက်ရာများမှာ ၁၃ ရာစု အစောပိုင်းမှ စ၍ အနည်းငယ် အပြောင်းအလဲသာ ရှိခဲ့သည်။ အဆောက်အဦး၏ အပြင်ပိုင်းတွင် အလွန်ကြီးမားသော မိုးပျံပါးပျဉ်းများ ရှိသဖြင့် ဗိသုကာများအား ပြတင်းပေါက် အရွယ်အစားကို သိသိသာသာကြီးမားအောင် ပုံစံထုတ် နိုင်စေခဲ့ပြီး အနောက်ဘက်ပိုင်းတွင် သိသာစွာ ထိုးထွက်နေသော ခေါင်မိုးချွန်း ၂ ခု ရှိသည်။ ခေါင်မိုးချွန်း ၂ ခု အနက် ၃၄၉ပေ (၁၀၅ မီတာ) မြင့်သော ရိုးရှင်းသော ပိရိမစ် ပုံစံ ခေါင်ချွန်းမှာ ၁၁၆၀ ခုနှစ် ခန့်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၃၇၇ပေ (၁၁၃ မီတာ) မြင့်သော ဟိတ်ဟန်ကြီးမားသော ခေါင်ချွန်းမှာ ၁၆ရာစု အစောပိုင်း လက်ရာဖြစ်ကာ မျှော်စင်ဟောင်းပေါ်တွင် တည်ရှိသည်။ သိသာထင်ရှားသော မျက်နှာစာကြီး ၃ ခုတွင် တစ်ခုစီ၌ ပန်းပုရုပ် ရာပေါင်းများစွာဖြင့် အလှဆင်ထားပြီး ကျမ်းစာထဲမှ အဓိက အပိုင်းများနှင့် ဇာတ်လမ်းများ ကို ဖော်ပြထားခြင်း ဖြစ်သည်။

၁၂ ရာစု ခန့်မှစ၍ပင် ကက်သီဒရယ်ဘုရားကျောင်းသည် ခရီးသွားများ အတွက် အရေးပါသော လည်ပတ်စရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး ယနေ့တိုင်အောင်ပင် ဖြစ်သည်။ ခရစ်ယာန် ဘုရားဖူး အများအပြားကို စွဲဆောင်နိုင်ခဲ့ပြီး အများစုအား ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည့် သူတော်စင်မ မယ်ရီ ခရစ်တော်ကို ဖွားမြင်ချိန်တွင် ဝတ်ဆင်ခဲ့သော ဝတ်ရုံရှည် ပုံကို ဖူးမြှော်ရန် လာရောက်ကြခြင်း ဖြစ်ကာ ဘာသာရေး အရမဟုတ်သော်လည်း ကက်သီဒရယ် ဘုရားကျောင်း၏ ဗိသုကာ နှင့် သမိုင်းဝင် အဖြစ်တည်ရှိခြင်းကို လေ့လာရန် လာရောက်သော ကမ္ဘာလှည့် ခရီးသည် အများအပြားလည်း လာရောက်ကြသည်။


ကိုးကား[ပြင်ဆင်ရန်]