ရှာရှီ နှင့် ရာဗီ ရူဝါ

ဝီကီပီးဒီးယား မှ
ရှာရှီ နှင့် ရာဗီ ရူဝါ
နိုင်ငံသား အိန္ဒိယ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ
သားသမီး ၂ယောက်

Brothers' Essar အုပ်စု ( ၁၅ ဘီလျံ ဝင်ငွေရှိ လုပ်ငန်းစုကြီး ) သည် အကျဘက်သို့ ရောက်ရှိလာသောအခါ ၎င်းလုပ်ငန်းများအား ချဲ့ထွင်ခဲ့ရာ စတီးလ်၊ လောင်စာဆီ နှင့် စွမ်းအင် အပါအဝင် လုပ်ငန်းများအားလုံး သို့ ချဲ့ထွင်ခဲ့သည်။

Brothers[ပြင်ဆင်ရန်]

ကမ္ဘာ့ တွန်းအား၏ တစိတ်တပိုင်းအနေနှင့် Essar လောင်စာဆီ ကုန်ချော ထုတ်လုပ်ရန်အတွက် ကန်ညာ နိုင်ငံ၏ ၅၀% သော ရေနံကုန်ချော ထုတ်လုပ်ရေးလုပ်ငန်းများ ကို ဝယ်ယူခဲ့ပြီး၊ စုစုပေါင်း ရေနံကုန်ချောထုတ်လုပ်နိုင်သည့် စွမ်းရည် ၂၅ မီလျံ တန် ရှိသည့် လုပ်ငန်းကြီး ၃ ခုကို ရရှိနိုင်ရန် Royal Dutch Shell နှင့် ညှိုနှိုင်းနေသည်။ Essar Oil လုပ်ငန်း၏ ရှယ်ယာ ၁၀% ကို တစိတ်တပိုင်း သောပေးချေမှုအနေနှင့် ပေးရန် ကမ်းလှမ်းရနိုင်သည်။

ယူဂန်ဒါ နှင့် ကွန်ဂို တို့ရှိ လုပ်ငန်းခွဲများအတွက် အများဆုံးသော စတော့ရှယ်ယာ ပိုင်ဆိုင်မှု ကိုရရှိနိုင်ရန် Dhabi Group's Warid Telecom နှင့် ၃၅ဝ မီလီယံ ဒေါ်လာ နောက်ဆုံးဈေး ပေးခဲ့ရသည်။ Brothers သည် အိန္ဒိယ၏ ဖက်စပ်လုပ်ငန်းတွင် တတိယ အကြီးဆုံး မိုဘိုင်းလ် ဖုန်း အော်ပရေတာ ဖြစ်သော Vodafone Essar ၏ ၃၃% ကို ပိုင်ဆိုင်ထားမှုကြောင့် ၉၂ဝ မီလျံ ဒေါ်လာ အထိ ရရှိခဲ့သည်။

မကြာသေးမီက တယ်လီကွန်(ဆက်သွယ်ရေးနည်းပညာ) အခြေခံအဆောက်အအုံလုပ်ငန်းများကို ၄၅ဝ မီလီယံ ဒေါ်လာ နှင့် American Tower ကော်ပိုရေးရှင်းသို့ ရောင်းချခဲ့သည်။ နောက်မကြာမီပင် အမေရိကန် ကျောက်မီးသွေး မိုင်းတွင်းလုပ်ငန်းဖြစ်သည့် Trinity Coal ကို ၆၀ဝ မီလီယံ ဒေါ်လာ နှင့် ဝယ်ယူရရှိခဲ့သည်။ ထို့အပြင် လောင်စာဆီနှင့် စွမ်းအင် လုပ်ငန်းများနှင့် ပက်သက်၍ လန်ဒန် စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ရန် တွေးတော လုပ်ဆောင်နေသည်။

ဆက်စပ်ကြည့်ရှုစရာ[ပြင်ဆင်ရန်]

Shashi & Ravi Ruia on Forbes