ရှမ်းခမောက်

ဝီကီပီးဒီးယား မှ

အမိမြန်မာပြည်၏တိုင်းရင်းသားသွေးချင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်ရှမ်းခမောက်လေးများသည် ရှမ်းအမျိုးသမီးလေးများ၏ပင်ကိုသဘာဝအလှအား ပိုမိုပီပြင်ပေါ်လွင်စေသည့်ပြင် လူမှုအဆင့်အတန်း မခွဲခြားဘဲ အသုံးပြုနိုင်ပေသည်။ ပိုး၊ ဖဲ၊ ကတ္တီပါအဖိုးတန်ပိတ်စများဖြင့် ပြုလုပ်ရသည့် ခမောက်များထက် ပိုမိုခိုင်ခံ့ပြီး ထူးထူးခြားခြား ဆန်းဆန်းသစ်သစ် ကြီးလည်း မဟုတ်စေကာမူ မည်သည့်အခါမျှ မရိုးနိုင်သော ပစ္စည်းဖြစ်သည်။ ဝတ်စားပြင်ဆင်မှု အရောင်အသွေးများကိုလည်း မခွဲခြားဘဲ မည်သည့်အရောင်အသွေးနှင့်မဆို သင့်တော်ကောင်းမွန်ပေသည်။ ပြုလုပ်ရသည့်ကုန်ကြမ်းပစ္စည်းများမှာလည်း ပြည်တွင်းဖြစ်များဖြစ်ပြီး အကုန်အကျနည်းပါးစွာဖြင့် အသုံးပြုနိုင်ပေသည်။ ရှမ်းခမောက်ကလေးများသည် ရာသီဥတု၏အပူအအေးကိုလည်း မျှတသင့်တော်စေသည့်ပြင် အချိန်ရာသီမရွေး ဥတု သုံးပါး အသုံးပြုနိုင်ပေသည်။ ယင်းသို့ အဘက်ဘက်မှ သင့်တော်ကောင်းမွန်၍ ရိုးရာယဉ်ကျေးမှုပစ္စည်းတစ်မျိုးလည်း ဖြစ်သော ရှမ်းခမောက်လေးများအား ရှမ်းအမျိုးသမီးများတိုင်းက အမြတ်တနိုး အသုံးပြုကြလေသည်။ နောက်ဆုံး စက်ဘီးစီးရာတွင်ပင် သင့်တော် ကောင်းမွန်စွာ အသုံးပြုနိုင်သည့်အတွက် ရှမ်းအမျိုးသမီးများက နှစ်သက်စွာ အသုံးပြုကြခြင်းပင် ဖြစ်လေသည်။

၎င်းရှမ်းခမောက်အား ရှမ်းဘာသာဖြင့် “ကွပ်မ်ယော”ဟု ခေါ်လေသည်။ ယင်းရှမ်းခမောက်များထွက်ရှိရာဒေသသည် ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် “မိုင်းနောင်နယ်” ဖြစ်လေသည်။ ထို့ကြောင့် မိုင်းနောင်နယ်သည် ရှမ်းခမောက် “ကွပ်မ် ယော”ထွက်ရှိရာ အချက်အချာမြို့ပင် ဖြစ်လေသည်။ ရှမ်းဘာသာ၏အခေါ် မိုင်းနောင်အား မြန်မာဘာသာသို့ ပြန်ဆိုလျှင် “ကန်မြို့”ဟုအဓိပ္ပာယ်ရလေသည်။ မိုင်းနောင်နယ် သို့မဟုတ် ကန်မြို့နယ်သည် ပင်လယ်ရေပြင်မှ အမြင့်ပေပေါင်း ၃၀၉၅-ပေအမြင့်တွင် တည်ရှိပေသည်။ မိုင်းနောင်၏ခရိုင်မြို့ ဖြစ်သောလွယ်လင်မြို့နှင့်မိုင်ပေါင်း ၇၈-မိုင်ကွာဝေးလေသည်။ မိုင်းနောင်နယ်မှ ကားလမ်းခရီးဖြင့် သွားနိုင်သောမြို့များမှာ မိုင်းရှူး၊ ဝမ်စိမ်း၊ မိုင်းမွန်၊ လဲချားနှင့်ကေစီမံမြို့များ ဖြစ်ကြလေသည်။ ယခုဆိုလျှင် လူနေထူထပ်လာကာ စည်ကားသောမြို့ပြ တစ်ခု ဖြစ်နေပြီဖြစ်လေသည်။ မိုင်းနောင်နယ်သည် ရှမ်းခမောက်များအပြင် အမျိုးသမီးအသုံးအဆောင် လက်ကိုင်အိတ်များကိုလည်း တီထွင်ရက်လုပ် လျက်ရှိရာ အောင်မြင်စွာ ထုတ်လုပ်လျက်ရှိလေသည်။ မိုင်းနောင်နယ်တွင် “ရှမ်းခမောက်အစ ဖာလိုင်းက”ဟုဆိုစမှတ်ပြုကြလေသည်။ ဖာလိုင်းအား မြန်မာဘာသာပြန်ဆိုလျှင် “ထရံကြားရွာ”ဟုအဓိပ္ပာယ်ရလေသည်။ မိုင်းနောင်နယ်သည် ထရံအလှရက်ရာ တွင် အထူးကျော်ကြားသောနယ်ဖြစ်လေရာ ယင်းကို အစွဲပြု၍ ခေါ်ယူလာသောအမည်ဖြစ်လေသည်။ ထရံကြားရှိ လက်မှုပညာ ပြောင်မြောက်သော လက်မှုအတတ်ပညာရှင်များ၏တီထွက်ရက်လုပ်မှုကြောင့် အမျိုးသမီးတိုင်း မြတ်နိုးသည့်ရှမ်းခမောက်လေး များ စတင်ပေါ်ပေါက်လာခဲ့သည်။ ပ့မအါ

ကိုးကား[ပြင်ဆင်ရန်]