ရှပ်ပြေးယာဉ်

ဝီကီပီးဒီးယား မှ
RLG- ဆန်းသစ်တီထွင်ယူရိုယာဉ်၊ ဖော်မြူလာတစ်ပြိုင်ကား ရှပ်ပြေးယာဉ်

Air-cushion Vehicle သို့မဟုတ် ACV ဟုလည်း လူသိများသော ရှပ်ပြေးယာဉ် ( တမ်းပလိတ်:Plural form : hovercraft) သည် ကုန်း၊ ရေ၊ ရွှံ့၊ ရေခဲနှင့် အခြားမျက်နှာပြင်များပေါ်တွင် သွားလာနိုင်သော ကုန်းပြေးရေပြေးယာဉ်များ ဖြစ်သည်။

ရှပ်ပြေးယာဉ်အတွက် ပထမဆုံး လက်တွေ့ကျသော ဒီဇိုင်းကို ၁၉၅၀ ခုနှစ်များအတွင်း ဗြိတိသျှ တီထွင်မှုမှ ဆင်းသက်လာသည်။ ယခုအခါ ၎င်းတို့အား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကမ်းခြေစောင့်၊ စစ်ရေးနှင့် စစ်တမ်းအသုံးချမှုများအပြင် အားကစား သို့မဟုတ် ခရီးသည်ဝန်ဆောင်မှုအတွက် အထူးပြုသယ်ယူပို့ဆောင်ရေးများအဖြစ် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုလျက်ရှိသည်။ အလွန်ကြီးမားသောရှပ်‌ပြေးယာဉ်များကို အင်္ဂလိပ်ရေလက်ကြား ကိုဖြတ်၍ လူနှင့်ယာဉ်များ ရာနှင့်ချီသယ်ယူရာတွင် အသုံးပြုထားပြီး အချို့မှာ တင့်ကားများ၊ စစ်သားများနှင့် ကြီးမားသောပစ္စည်းများကို ရန်လိုသောပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများတွင် သယ်ယူရာတွင် အသုံးပြုသည့် စစ်ဘက်ဆိုင်ရာအသုံးချသည်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားကြီးများ တီထွင်စမ်းသပ်အောင်မြင်ခဲ့သော Hover-Craft -001- Virgo(ရှပ်ပြေးယာဉ်)(၁၉၇၃)