ရှန်ဂရီလာဟိုတယ်၊ ကိုလံဘို

ဝီကီပီးဒီးယား မှ
Shangri La Colombo
Shangri-La Colombo as part of the One Galle Face complex
ရှန်ဂရီလာဟိုတယ်၊ ကိုလံဘို သည် Central Colombo တွင် တည်ရှိသည်
ရှန်ဂရီလာဟိုတယ်၊ ကိုလံဘို
Location in central Colombo
အထွေထွေ အချက်အလက်များ
တည်နေရာ1 Galle Road, Colombo 02, Sri Lanka
ကိုဩဒိနိတ်6°55′41″N 79°50′41″E / 6.927961°N 79.844670°E / 6.927961; 79.844670
ဖွင့်လှစ်16 November 2017
ပိုင်ဆိုင်သူShangri-La Hotels (90%)[၁]
စီမံခန့်ခွဲမှုTimothy Wright
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်31
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Chao Tse Ann & Partners
MICD Associates
Handel Architects
LRF Designers
အခြား အချက်အလက်များ
အခန်း အရေအတွက်500[၁]
Number of suites34
စားသောက်ဆိုင် အရေအတွက်5
ဘားဆိုင် အရေအတွက်2
ဝဘ်ဆိုဒ်
http://www.shangri-la.com/colombo/shangrila/
[၂][၃][၄][၅]

ရှန်ဂရီလာကိုလံဘို သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ဖြစ်သည်။ ဝမ်းဂယ်လီဖေ့စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရှန်ဂရီလာဟိုတယ်များက ပိုင်ဆိုင်သည်။ အဆောက်အဦသည် စစ်တပ်ဌာနချုပ်အဟောင်းနေရာတွင် တည်ရှိသည်။ ကျွန်းပေါ်ရှိ ဒုတိယရှန်ဂရီလာဟိုတယ်တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်လွှားရှိ ၁၀၁ ခုမြောက် ရှန်ဂရီလာဟိုတယ်လည်း ဖြစ်သည်။ ဟိုတယ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၆] အခန်း ၅၀၀ ပါဝင်ပြီး ထိုအခန်းများသည် ဧည့်သည် ၂၀၀၀ ဝင်ဆံ့သည့် အခန်းများ ဖြစ်သည်။[၇]

၂၀၁၉ ခုနှစ် အီစတာဆန်းဒေးဗုံးကွဲမှု[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် အီစတာဆန်းဒေးဗုံးပေါက်ကွဲမှုတွင် ပါဝင်ခဲ့သည့် နေရာသုံးခုသည် ဤဟိုတယ်သည် တစ်ခု ဖြစ်သည်။ အခြားနှစ်ခုမှာ ကင်းဘာရီဟိုတယ်နှင့် စင်နမွန်ဂရန့်ဟိုတယ်တို့ ဖြစ်ကြသည်။[၈] သီရိလင်္ကာရှိ လူသိများထင်ရှားသူ Shantha Mayadunne နှင့် သူမ၏ သမီးတို့သည် သေဆုံးခဲ့ကြရသည်။ သီရိလင်္ကာခရစ်ကတ်ကစားသမား Hasitha Boyagoda ဟိုတယ်တွင် မနက်စာစားနေသည့်အချိန်တွင် ဗုံးသည် ပေါက်ကွဲခဲ့သည်။[၉] သူသည် ဒဏ်ရာအနည်းငယ်ဖြင့် လွတ်မြောက်ခဲ့သည်။[၁၀] ဒိန်းမတ်နိုင်ငံသား ဘီလီယံနာ Anders Holch Povlsen ၏ ကလေးလေးယောက်ထဲမှ သုံးဦးသည် ထိုတိုက်ခိုက်ခံရသည့်ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သည်။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Shangri-La Hotels and Resorts Annual report 2019-20။ Shangri-La Hotels and Resorts Asia။
  2. Shangri-La Colombo appoints GM, Sales and Marketing Director။ Daily News Sri Lanka။ 9 August 2017 တွင် ပြန်စစ်ပြီး။
  3. Shangri-La Residences debuts in Colombo။ Sunday Times Sri Lanka။ 9 August 2017 တွင် ပြန်စစ်ပြီး။
  4. The Development Team။ 10 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2017 တွင် ပြန်စစ်ပြီး။
  5. Shangri-La Hotel Colombo။ 9 August 2017 တွင် ပြန်စစ်ပြီး။
  6. "President opens Shangri-La Hotel"၊ Wijeya Newspapers၊ 16 November 2017။ 16 November 2017 တွင် ပြန်စစ်ပြီး 
  7. Your Shangri-La Story။ 9 August 2017 တွင် ပြန်စစ်ပြီး။
  8. Three more explosions Kingsbury, Shangri-La, Cinnamon Grand (in en)။ 21 April 2019 တွင် ပြန်စစ်ပြီး။
  9. Veteran Chef Shantha Mayadunne has died in the explosion at the Shangri-La Hotel (in en)။ 22 April 2019 တွင် ပြန်စစ်ပြီး။
  10. 'I'll never forget the scene' - Shanaka revisits Sri Lanka's Easter Sunday horrorESPN Cricinfo။ 22 April 2019 တွင် ပြန်စစ်ပြီး။
  11. Gettleman၊ Jeffrey။ "Two Super-Rich Families Ended Up on Opposite Sides of Easter Attacks"၊ The New York Times၊ 2019-04-27။