ရှဆုအိရေတံခွန်
| ရှဆုအိရေတံခွန် | |
|---|---|
| 洒水の滝 | |
| တည်နေရာ | Yamakita, Kanagawa Prefecture, Japan |
| ကိုဩဒိနိတ် | 35°21′9″N 139°03′41″E / 35.35250°N 139.06139°Eကိုဩဒိနိတ်: 35°21′9″N 139°03′41″E / 35.35250°N 139.06139°E |
| အမျိုးအစား | multiple fan |
| စုစုပေါင်း အမြင့် | 90 meters |
| ရေဆင်းလမ်းများ | 3 |
| အရှည်ဆုံး ရေဆင်းလမ်း | 60 meters |
ရှဆုအိရေတံခွန် (洒水の滝, Shasui-no-taki) သည် ဂျပန်နိုင်ငံ၊ ခနဂဝစီရင်စု၊ အရှိဂရခမိခရိုင်၊ ယာမခိတမြို့ရှိ တန်းဇဝမြစ်ပေါ်တွင် တည်ရှိသည့် ရေတံခွန် ဖြစ်သည်။ ရှဆုအိရေတံခွန်သည် ဆိုင်းရှောဗုဒ္ဓဘာသာကျောင်းတော်၏ ပရဝုဏ်အတွင်းတွင် တည်ရှိသည်။
ရှဆုအိရေတံခွန်မှ ရေလမ်းကြောင်းသုံးခုသည် ကျဆင်းဖြစ်ပေါ်လျက်ရှိပြီး စုစုပေါင်းအမြင့်သည် ၉၀ မီတာရှိသည်။ အပေါ်ဘက်ရှိ ရေတံခွန်သည် ၆၉ မီတာ၊ အလယ်တစ်ခုသည် ၁၆ မီတာနှင့် အောက်ဆုံးတစ်ခုသည် ၂၉ မီတာ ရှိသည်။ ထိုရေတံခွန်များကို ၁၈၄၁ ခုနှစ် ရှင်းဆဂမိခုနိဖုဒိုခိတွင် တည်ရှိသည့် ရှဆုအိရေတံခွန် (蛇水の滝) အဖြစ် ခေါ်ကြသည်။ ထိုအမည်ကို Heian ခေတ်ကာလကတည်းက သိရှိခေါ်ဆိုနေကြသည်။ ကာမကူရခေတ်အစောပိုင်းကာလအတွင်းတွင် ထင်ရှားသည့် ရဟန်းတစ်ပါးဖြစ်သည့် မွန်ဂခုသည် ရေတံခွန်၌ ရက် ၁၀၀ နေထိုင်သီတင်းသုံးကာ တရားအားထုတ်ခြင်းနှင့် ခြိုးခြံသည့်အကျင့်များကို ကျင့်ခဲ့သည်။ ထို့အပြင် ဆိုင်းရှောကျောင်းတော်သည် Fudo Myoo ၏ ပုံရိပ်တစ်ခုပင် ဖြစ်ကာ “ရေတံခွန် ဖုဒိုး” ဟု ခေါ်ဆိုကာ ၎င်းသည်ပင် မွန်ဂခုကို ရည်ညွှန်းသည်။
ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။ ၁၉၇၉ခုနှစ် ခနဂဝစီရင်စုခရီးသွားအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် “ခနဂဝစီရင်စုရှိ လှပသည့်နေရာ ၅၀” ထဲမှ တစ်ခုလည်း ဖြစ်သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Yamakita Town homepage
- Global Waters
- Kanagawa Tourism Association 24 May 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- (in ဂျပန်) Ministry of Environment 26 October 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .