ရှင်ဥက္ကံဝံသမာလာ

ဝီကီပီးဒီးယား မှ

ရှင်ဥက္ကံဝံသမာလာ (၁၁၇၉ - ၁၂၆၇) သည် “အုဂ်ဖိုရ်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၇၉ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့တွင် သာရဝေါမြို့အနီး ရွာကလေးရွာ၌ ဖွားမြင်ခဲ့သ်ည။ ငယ်မည်မှာ မောင်ညှင်းဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးရွှေပန်း - ဒေါ်လေး ဖြစ်သည်။[၁]

သာမဏေပြုခြင်း[ပြင်ဆင်ရန်]

အရွယ်ရောက်သည့်အခါ ဆရာတော်ဦးဇော်ဂျီထံတွင် ပညာသင်ကြား၍ ”ရှင်ဥက္ကံဝံသမာလာ” ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။[၁]

ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

ထို့နောက်တွင် အဝမှ ကြွတော်မူလာသည့် မြသိန်းတန်ဆရာတော်ထံ၌လည်းကောင်း၊ ဟင်္သာတသရက်တောဆရာတော်ထံ၌လည်းကောင်း၊ ရန်ကုန်ပုဇွန်တောင်ဆရာတော်တို့ထံတွင် ပညာများ ဆက်လက်သင်ကြားခဲ့ပြီး သာရဝေါ မန်ကျည်းတောဆရာတော်ထံတွင် ရဟန်းပြုခဲ့သည်။[၁]

ပညာသင်ကြားခြင်း[ပြင်ဆင်ရန်]

ထို့နောက်တွင် အမရပူရမြို့ ဗားကရာဆရာတော်ထံတွင် ကျမ်းဂန်များ သင်ကြားခဲ့သည်။ ဗြာဟ္မဏဆရာကြီး သမ္မာရသျှံထံတွင် သက္ကဋကျမ်းများကို သင်္ဂဇာဆရာတော်နှင့်အတူ သင်ကြားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဗားကရာဆရာတော်ကြီးသည် သာသနာပိုင်ဖြစ်သွား၍ စာချပျက်သဖြင့် ဗန်းမော်ဆရာတော်ထံတွင် ပညာဆက်လက်သင်ကြားခဲ့သည်။

ပုဂံမင်းလက်ထက်တွင် သာသနာပိုင်ဆရာတော်၏ တပည့်အဖြစ် ဘွဲ့တံဆိပ်နှင့် ကျောင်းတော် ဆောက်လုပ်လှူဒါန်းသော်လည်း မခံယူဘဲ စပါးတောတိုက် မြသိန်းတန်ဆရာတော်ထံတွင် ပညာများ သင်ကြားခဲ့သည်။

ထို့နောက် ၁၂၁၃ ခုနှစ်တွင် သာရဝေါမြို့သို့ ကြွရောက်ခဲ့ပြီးနောက် ၁၂၁၄ ခုနှစ်တွင် အုဂ်ဖိုရ်မြို့ (ယခု အင်္ဂပူမြို့) သို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ထိုအချိန်တွင် ရွှေတောင် ကျီးသဲဆရာတော်လည်း ကြွရောက်သီတင်းသုံးတော်မူခဲ့သည်။[၁]

ဒွါရဝါဒီဂိုဏ်း တည်ထောင်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ရေသိမ်ကို အကြောင်းပြု၍ ဒွါရဝါဒီဂိုဏ်းကို သီးခြားထူထောင်ခဲ့သည်။

၁၂၂၈ ခုနှစ်တွင် တောရဆောက်တည်ခဲ့သည်။ ၁၂၄၂ ခုနှစ်တွင် မဟာဗောဓိသို့ ကြွတော်မူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၆၇ ခုနှစ်၊ တပေါင်းလဆုတ် ၂ ရက်၊ တနင်္ဂနွေနေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ကံဒွါရအဆုံးအဖြတ်မေတ္တာစာနှင့် အခြားမေတ္တာစာ ၁၄ ပုဒ်၊

၂။ သေမင်းတမန်စာတမ်း၊

၃။ နိယတာနိယတ မိစ္ဆာဒိဋ္ဌိကင်္ခါဘေဒ၊

၄။ အဟံကာရဃာတနစာတမ်း၊

၅။ သာသနဒါယာဒဝိနိစ္ဆယ၊

၆။ ဒွါရသင်္ဂဟ၊

၇။ လက္ခဏစိတြတ္ထယောဇနာ၊

၈။ လက္ခဏစိတြတ္ထဋီကာ၊

၉။ ပထပူရဏီ၊

၁၀။ အတိစိတြဂမ္ဘီရတ္ထဓမ္မပရိတ်များ၊

၁၁။ သတိဝေပုလ္လသုတ္တန္တဒေသနာ၊

၁၂။ ဝိမှယဝိသဇ္ဇနာ၊

၁၃။ ဝိပဿနာဉာဏတန္တီ၊

၁၄။ ဂုဏ်တော်ဖွင့်ဘုရားရှိခိုးအမျိုးမျိုး၊

၁၅။ စေတီ ဖျက်ထိုက်မဖျက်ထိုက်အဖွင့်၊

၁၆။ ဗုဒ္ဓသရိက္ခစာတမ်း၊

၁၇။ အမြိတောဒကစာတမ်း၊

၁၈။ မဟာဝဇိရဉာဏနုနွယဝိသဇ္ဇနာ အလင်္ကာပိုဒ်စုံ၊

၁၉။ သိမ်မော်ကွန်း၊

၂၀။ ရေစက်ချပိုဒ်စုံ။

၂၁။ သံဝေဂပိုဒ်စုံရတုများ၊

၂၂။ ကထိန်အမေးအဖြေ ၆ - မျိုး၊

၂၃။ နတ်ဖိတ်စာတမ်း၊

၂၄။ စွယ်တော်သျှောင်ရတုခွဲထားနှင့်ယင်းအဖြေ၊

၂၅။ ဗောဓိသျှောင်ရတုခွဲထားနှင့် ယင်းအဖြေ၊

၂၆။ ဝိဘတ်သွယ်အကျယ်၊

၂၇။ ဝါဆိုသင်္ကန်းအမေးအဖြေ၊

၂၈။ စတုယုဂဝိနိစ္ဆယ၊

၂၉။ နိယာမသာရဒီပနီ၊

၃၀။ ယထာကြမိကရှုဘွယ်၊

၃၁။ သုရာပါနဝိနိစ္ဆယ၊

၃၂။ ဂီတသရူပတ္ထစာတမ်း၊

၃၃။ အစ္ဆရိယာဝတစာတမ်း၊

၃၄။ ဥငယ်ရေးနည်း သတ်ပုံလင်္ကာ၊

၃၅။ သဒ္ဒတ္ထဘေဒစိန္တာနိသျ၊

၃၆။ ပ္ကၐကာရီကျမ်း၊

၃၇။ သက္ကဋနီတိနိသျ၊

၃၈။ ကာလိကလေးပါးအဆုံးအဖြတ်၊

၃၉။ နစ္စဂီတသိက္ခာပဒဝိနိစ္ဆယ၊

၄၀။ ဒုစရိုက်၊ သုစရိုက်ခွဲ အကျိုးအပြစ်၊

၄၁။ သ္ထုလဝိသဇ္ဇနာစာတမ်း၊

၄၂။ သံဝေဇနိယစာတမ်း၊

၄၃။ တုလတ္ထယောဇနာ၊

၄၄။ စီဝရဝိနိစ္ဆယ၊

၄၅။ ပစ္စဝေလက္ခဏာယောဇနာ၊

၄၆။ ဝိဿာသဂါဟဝိနိစ္ဆယ၊

၄၇။ ဝိဝါဒပဟာနစာတမ်း၊

၄၈။ ရဟန်းလောင်းဆုံးမခန်း၊

၄၉။ ဂုဠတ္ထပဉှာဝိသဇ္ဇနာနှစ်စောင်၊

၅၀။ ဥပထမ္ဘကအဋ္ဌုပတ္တိစာတမ်း၊

၅၁။ ဂါမသီမာဒိဝိနိစ္ဆယ၊

၅၂။ သံဝါသသမ္ဘောဂဝိနိစ္ဆယ၊

၅၃။ မိစ္ဆာဝါဒနာသနစာတမ်း၊

၅၄။ ဝါဒါနဝါဒ အနုဓမ္မစာတမ်း၊

၅၅။ စန္ဒမဏ္ဍလသုက္ကနိဗ္ဗာန်စာတမ်း၊

၅၇။ သသင်္ကကပ္ပဋ္ဌစာတမ်း၊

၅၈။ ဆီးအိုးတဖက်ခွေးတဖက်စာတမ်း၊

၅၉။ အလဇ္ဇီဒုဿီလဂုဏ်အဖြေ၊

၆၀။ ဒုဿီလဒါနဝိနိစ္ဆယ၊

၆၁။ မိစ္ဆာဝါဒပဟာနစာတမ်း၊

၆၂။ အမိအဘဝန္ဒနာ၊

၆၃။ ရေစက်ချဆုတောင်းများ၊

၆၄။ တာအဆုံးအဖြတ်၊

၆၅။ ပဏာမဝိနိစ္ဆယ၊

၆၆။ ဝန္ဒနာဝိနိစ္ဆယ၊

၆၇။ ဉာသ်ကောက်၊

၆၈။ နေတ္တိဟာရအကောက်၊

၆၉။ သတိသမ္ပဇညကြော်ငြာစာတမ်း၊

၇၀။ သဒ္ဒါခြောက်ပါးအနက်ခြောက်ပါးအဆုံးအဖြတ်၊

၇၁။ ပူဇနစာတမ်း၊

၇၂။ အသနိလံစာတမ်း၊

၇၃။ ဟေတုကတ္တားအဆုံးအဖြတ်၊

၇၄။ ပဌမ - ပထမအဆုံးအဖြတ်၊

၇၅။ အနိန္ဒြိယဗဒ္ဓရုပ်၌ခန္ဓာဖွဲ့ထိုက်မဖွဲ့ထိုက်အဆုံးအဖြတ်၊

၇၆။ ပါတိမောက္ခပကာသနပဉှာဝိသဇ္ဇနာ၊

၇၇။ မိုးရေခံသင်္ကန်း ဝါဆိုသင်္ကန်းအဋ္ဌုပ္ပတ္တိစာတမ်း၊

၇၈။ တရားစာဖိတ်စာအမျိုးမျိုး၊

၇၉။ မဿုဝိနိစ္ဆယ၊

၈၀။ လိင်အဆုံးအဖြတ်၊

၈၁။ အနုကရအဆုံးအဖြတ်၊

၈၂။ ဥပဇ္ဈာယ်အဆုံးအဖြတ်၊

၈၃။ ဗာဟီရကဝါဒစ္ဆေဒနီစာတမ်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉၈၊ ၉၉၊ ၁၀၀၊ ၁၀၁၊ ၁၀၂။