ရှင်သူငယ်ဂမုန်း
ရှင်သူငယ်ဂမုန်းပင်သည် ဗုဒ္ဓံသရဏံပင်နှင့် ခပ်ဆင်ဆင်တူသည်။ အရွက်၏ပုံသဏ္ဌာန်မှာ ဗျက်ကျယ်ပြီး ဘဲဥသဏ္ဌာန် ရှည်မျောမျောပုံ ဖြစ်သည်။ အရွက်များတွင် အဝါစင်းများ ရွက်ရိုးရွက်ကျောများအတိုင်း ပါရှိသည်။ အပင်၏ အမြင့်မှာ အလွန်ဆုံး ၃' ရှိသည်။ ငှက်ပျောပင်ကဲ့သို့ပင် အပင်များ ပွားပါသည်။ အရွက်၏ အရှည်မှာ ၁၂"ကျော် ဗျက်အကျယ်မှာ ၆"ခွဲလောက် ရှိသည်။
ရှင်သူငယ်ဂမုန်းမျိုးများ
[ပြင်ဆင်ရန်]ရှင်သူငယ်အဝါ၊ ရှင်သူငယ်အနီ၊ ရှင်သူငယ်အဖြူ၊ ရှင်သူငယ်အညို၊ ရှင်သူငယ်အကြား တို့အပြင် ငှက်ပျောရှင်သူငယ်အကြီး၊ ငှက်ပျောရှင်သူငယ်အငယ် ဟူ၍ မျိုးနွယ်တူ၊ မျိုးနွယ်ကွဲပေါင်း (၁၀)မျိုးခန့်ရှိသည်။ ဂမုန်းသည် အများအားဖြင့် အပူဒဏ် မခံနိုင်ကြပါ။ သို့သော် ရှင်သူငယ်ဂမုန်းပင်များသည် အပူဒဏ်ကို အနည်းနှင့်အများ ခံနိုင်ရည် ရှိကြသည်။ နေပူသောအခါ အပင်သည် အသွေးအရောင် ပိုမိုလှပ တောက်ပြောင်လာတတ်သည်။ [၁] ဆေးတစ်လုံးပင်ကဲ့သို့ ရှိ၏။ ငှက်ပျောရွက်ကဲ့သို့ အဖျားက တိတိဝန်းဝန်းရှိ၏။ အရွက်နီ၏။ ခေါင်းမှာ ငှက်ပျောခေါင်း၊ ပိန်းခေါင်းကဲ့သို့ရှိ၏။[၂]
ငှက်ပျောရှင်သူငယ်ဂမုန်း
[ပြင်ဆင်ရန်]ငှက်ပျောရှင်သူငယ် ဂမုန်းမှာ အပင်ကြီးမျိုး၊ အပင်ငယ်မျိုးဟူ၍ နှစ်မျိုးရှိသည်။ အငယ်မျိုးမှာ ပုံသဏ္ဌာန်အားဖြင့် ငှက်ပျောပင် အငယ်စားလေးပင်ဖြစ်၍ နှစ်ပေထက်မကြီး၊ အရွက်တွင် အညိုကြောင်းကလေးပါပါသည်။ အပင်ကြီးမျိုးသည် အပင်ငယ်ပုံသဏ္ဌာန်အတိုင်း၊ အပင်အရွက်ကြီး၍ ရိုးရိုးငှက်ပျောပင်လောက် ရှိပြီး မြေကောင်းလျှင် ကောင်းသလောက် ကြီးသည်။ ငှက်ပျောရှင်သူငယ်အပင်ကို တချို့က ရွှေရည်ငွေရည် လောင်းပေးကြသည်။ ပင်စည်ကို သင်္ကန်းစည်းပေးထားတတ်သည်။
ရှင်သူငယ်ဂမုန်း(အနီ)
[ပြင်ဆင်ရန်]အကျိုးပေး
[ပြင်ဆင်ရန်]တန်ခိုးသတ္တိ ထက်မြက်၍ စီးပွားဥစ္စာ လာဘ်လာဘ တိုးပွားလျက် အလုပ်အကိုင် အကြံအစည်တို့ ထမြောက် အောင်မြင် တတ်သည်။ ထို့ကြောင့် စိုက်ပျိုးပြုစုသူ အလွန်များသော ဂမုန်းမျိုးဖြစ်သည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အောင်(ရေကျောင်းအင်ဂျင်နီယာ)၊ စွမ်းအားရှင်ဂမုန်းများ၊ (အောက်တိုဘာလ၊ ၂၀၀၄)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- ↑ ဆရာက၊ တန်ခိုးကြီးသော ဂမုန်းပင်များ
ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |