ရှင်သီဝလိဂမုန်း

ဝီကီပီးဒီးယား မှ
Spathiphyllum wallisii
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Alismatales
မျိုးရင်း: Araceae
မျိုးဇာတ်: Spathiphylleae
မျိုးစု: Spathiphyllum
မျိုးစိတ်:
S. wallisii
ဒွိနာမ
Spathiphyllum wallisii

ဂမုန်းပင်အမျိုးအစား အများအပြား ရှိသည့်အနက် ရှင်သီဝလိဂမုန်းဟု ခေါ်တွင်နေသော Mauna Loa ကို မြန်မာလူမျိုးများက မြတ်မြတ်နိုးနိုး စိုက်ပျိုးထားရှိကြသည်။ ရှင်သီဝလိဂမုန်း၏ ရုက္ခဗေဒအမည်မှာ Spathiphyllum wallisii ဖြစ်ပြီး၊ peace lily၊ closet lily ဟုလည်း ခေါ်ကြသည်။ လူသိများသော အမည်မှာ Mauna Loa ဖြစ်ပြီး၊ အလင်းရောင် အနည်းငယ် ရှိရုံမျှနှင့် ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ နေရောင်ခြည်ထိတွေ့ ရရှိဖို့ မလွယ်ကူသော ဟိုတယ် ဧည့်ခန်းမကြီးများ၊ စူပါမားကက်များနှင့် အဆောက်အဦး အကြီးကြီးအတွင်းမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်သည်။

မူလဇာတိ[ပြင်ဆင်ရန်]

ရှင်သီဝလိဂမုန်း၏ မူလဇာတိနေရာသည် ဟာဝိုင်ယီဒေသမှ တောင်တန်းများဖြစ်သော Mountains of Mauna Loa နေရာဒေသဖြစ်သည်။ အရွက်များသည် တောက်ပသော အစိမ်းရင့်ရောင်ရှိပြီး လှပသည်။ ရှင်သီဝလိဂမုန်း အပွင့်သည် အဖြူရောင်ရှိပြီး အနံ့အနည်းငယ် (သင်းသင်းလေး) မွှေးသည်။ အစိမ်းရောင် ရိုးတံဖြောင့်ဖြောင့် အပေါ်တွင် အဖြူရောင်အပွင့် ငွားငွားစွင့်စွင့် ပွင့်နေသည်မှာ အင်မတန် ကြည့်ကောင်းပါသည်။ အစိမ်းနှင့် အဖြူ ဆန့်ကျင်ဘက်အရောင်နှစ်ခုကို ပေါင်းစည်းထားသော ပန်းပွင့်၏ အလှသည် ပန်းချီဆန်လှပါသည်။

စိုက်ပျိုးပုံ[ပြင်ဆင်ရန်]

ရှင်သီဝလိဂမုန်းပင်

အိမ်ခန်းတွင်း မည်သည့်နေရာမှာမဆို လှပနေတဲ့ ပန်းပင်ဖြစ်ပါတယ်။ ရှင်သီဝလိဂမုန်းပင်ဟာ စိုက်ထားပြီးလျှင် အထွေအထူးပြုစုပျိုးထောင်ဂရုစိုက်နေစရာမလိုအပ်သလို ရေအများကြီးလောင်းပေးဘို့လည်း မလိုအပ်ပါဘူး။ မြေဆီလွှာကို ရေအနည်းငယ်စိုစွတ်စေရုံမျှဖြင့်သာ စိုက်ပျိုးနိုင်ပါတယ်။ အပွင့်များများပွင့်စေလိုလျှင် အပင်ကိုပူနွေးစွတ်စိုသောနေရာမျိုးမှာ စိုက်ပျိုးထားရှိရပါမယ်။ ပူအိုက်တဲ့နေရာ ဒေသမျိုးမှာ အပွင့်များများပွင့်တတ်ပါတယ်။ ရေများများလောင်းမိလျှင် အခြားအိမ်တွင်းပန်းပင်များကဲ့သို့ အပင်သေသွားပါလိမ့်မယ်။ ပန်းအိုးအတွင်း မြေကြီးခြောက်သွေ့စပြုမှသာ တစ်ခါရေလောင်းပေးရံမျှဖြင့် လုံလောက်ပါတယ်။ စိုထိုင်းပြီးရေစီးကောင်းတဲ့ မြေဆီလွှာအနေအထားမျိုးက ရှင်သီဝလိဂမုန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အိမ်ခန်းအတွင်းမှာ ပန်းအိုးနှင့်အလှဆင်ပြီးထားတော့မယ်ဆိုလျှင် တံခါးပေါက်ဘေးနားမှာထားလျှင် အသင့်တော်ဆုံးပါပဲ။ နွေးပြီးစိုထိုင်းတဲ့နေရာမျိုးဟာ ရှင်သီဝလိဂမုန်းပင်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ပန်းပင်ကြီးထွားလာပြီး ပန်းအိုးထဲမှာ အမြစ်တွေကျလာပြီဆိုလျှင် ပိုမိုကြီးမားတဲ့ ပန်းအိုးအတွက်ရွှေ့ပြောင်းစိုက်ပေးဖို့ လိုအပ်လာပါတယ်။ အမြစ်များ ကြပ်သိပ်နေမယ်ဆိုရင် ပန်းပင် ကြီးထွားမှုကို နှောင့်နှေးစေပြီး နောက်ဆုံးမှာ အပင်ဟာ ကျုံလှီပြီး သေသွားမှာ တတ်ပါတယ်။ ရှင်သီဝလိဂမုန်းကို စိုက်တော့မယ်ဆိုရင် အပင်ကိုကောင်းစွာ ရေဆေး ရေလောင်းပေးလျှင် အမြစ်နှင့်မြေဆီလွှာတို့ ကောင်းစွာတွယ်ကပ်နိုင်မှာ ဖြစ်ပါတယ်။ အိုးပြောင်းစိုက်တော့မယ်ဆိုရင် အပင်ဘေးပတ်ပတ်လည်မှာ မြေကြီးကိုဖြေးညှင်းစွာ ဖြည့်ပေးတာကောင်းပါတယ်။ မြေကြီးကို ပြည့်ကြပ်သိပ်နေအောင်ဖြည့်တာဟာ အမြစ်ဆီကို လေရောက်စေခြင်းကို အဟန့်အတားဖြစ်စေတာကြောင့် မြေကြီးမွမွလေးတွေကို အသုံးပြုတာအကောင်းဆုံးပါပဲ။

ရှင်သီဝလိဂမုန်းပင်ဟာ အပင်ပွားလွယ်တဲ့ ပန်းပင်မျိုးဖြစ်ပါတယ်။ အမြစ်များကြီးထွားပြိး နောက်ထပ်အပင်သစ်တစ်ပင်ကို ဖြစ်စေနိုင်သလို ပန်းပွင့်ရဲ့ ဝန်မှုန်တံ ကြီးထွားရင့်မှည့်လာပြီး မျိုးစေ့များမှလည်း အပင်သစ်ဖြစ်စေပါတယ်။ အလင်းရောင်အများကြီးလည်းမလို၊ ရေလည်းအများကြီး လောင်းစရာမလိုဘဲ အိမ်ခန်းတွင်းမှာ စိမ်းစိုကာ လှပပြီး ပန်းချီဆန်တဲ့ မွှေးရနံ့သင်းသော အပွင့်ဖြူဖြူလေးတွေ ပွင့်တဲ့ ရှင်သီဝလိဂမုန်းပင်ကို ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် မိမိအိမ်ခန်း၊ ရုံးခန်း အတွင်းမှာ လှပနေရုံတင်မကဘဲ လာဘ်လာဘလည်း တိုးပွားစေတယ်လို့ မြန်မာလူမျိုးများက အယူရှိကြပါတယ်။