ရှင်ဝိစိတ္တာလင်္ကာရ
ပုံပန်းသွင်ပြင်
ရှင်ဝိစိတ္တာသာရ (၁၁၄၁ - ၁၂၁+) သည် "ဂူကြီးဆရာတော်" ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၄၁ ခုနှစ်တွင် အလုံမြို့စီရင်စု၊ သာစည်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်မြတ်သာဦးနှင့် ရှင်ပြေတို့ ဖြစ်သည်။
ဆရာတော်၏ ဘွဲ့အမည်မှာ ရှင်ဝိစိတ္တာလင်္ကာရ (ရှင်ဝရာလင်္ကာရဟုလည်း ဖော်ပြသည်) ဖြစ်သည်။ ဂူကြီးဆရာတော်ဟု တွင်ခဲ့သည်။ ဘကြီးတော်မင်းလက်ထက်တွင် အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒသင်္ကြံဦးရစ်က ဆောက်လုပ်လှူဒါန်းခဲ့သည့် အုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။
ဆရာတော်သည် ပုဂံမင်းလက်ထက်တွင် ဝိစိတ္တာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော် ရခဲ့သည်။[၁]
ပြုစုခဲ့သည့်ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။
၁။ ကင်္ခါဝိတရဏီဋီကာသစ်နိသျ၊
၂။ သာရတ္ထဒီပနီဋီကာနိသျ၊
၃။ တေရသကဏ်ဋီကာနိသျ။[၁]