ရှင်ရာဇိန္ဒ
ရှင်ရာဇိန္ဒ (၁၂၄၆ - ၁၃၀၂) သည် “ဘုရားဖြူဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၂၄၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်နေ့တွင် မြင်းခြံခရိုင်၊ ပုဂံမြို့ အရှေ့လက် ငသရောက်နယ် နှောပင်တွင်းရွာ၌ ဖွားမြင်ခဲ့သသည်။ မိဘနှစ်ပါးမှာ ဦးညွန့်-ဒေါ်ညိုေး ဖြစ်သည်။ ငယ်စဉ်ကပင် ရှင်စန္ဒိမာထံတွင် ပညာများ သင်ကြားခဲ့သည်။ မန္တလေးမြို့ မိုးကောင်းတိုက် မဟာဝေယန်ဘုံကျော် မိုးကောင်းဆရာတော်ထံတွင် သာမဏေပြုခဲ့သည်။ ထို့နောက်တွင် ငသရောက်၌ “ရှင်ရာဇိန္ဒ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ရဟန်းပြုပြီးနောက် မန္တလေးမြို့၊ မိုးကောင်းတိုက်တွင် စာပေများ သင်ကြားခဲ့ပြီး မြင်းဝန်တိုက်စာချဆရာတော် ရှင်ပညာရံသီနှင့်အတူ ဟင်္သာတမြို့ မြစ်ကွေးတိုက်သို့ ကြွရောက်၍ ပညာဆက်လက်ကာ သင်ကြားခဲ့သည်။
ပခုက္ကူမြို့ မဟာဝိဇယာရာမတိုက် အရှင်ဇဝနထံ၌လည်းကောင်း၊ ရန်ကုန်မြို့ ဘုရားဖြူကျောင်းတိုက်၌လည်းကောင်း ပိဋကတ်တော်များ သင်ကြား၌ မန္တလေးမြို့ မစိုးရိမ်တိုက်တွင် စာချတော်မူခဲ့သည်။ ၁၂၈၅ ခုနှစ်မှစ၍ ရန်ကုန်မြို့ ဘုရားဖြူတိုက်တွင် ပရိယတ်ပို့ချတော်မူခဲ့သည်။
ဆရာတော်သည် ၁၂၉၉ ခုနှစ်တွင် “ရာဇိန္ဒာဘိကဝိဓဇာလင်္ကာရ သာသနကရ” ဘွဲ့နှင့် ၁၃၀၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲတံဆိပ်တော်များကို ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၃၀၂ ခုနှစ်၊ နတ်တော်လဆုတ် ၁၀ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ကျမ်းများ ပြုစုခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။
၁။ သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန် (စတုတ္ထဘာဂ)၊
၂။ သာသနဗဟုဿုတပ္ပကာသနီကျမ်း၊
၃။ လောကာယတာဒိဝိနိစ္ဆယ၊
၄။ ဝိနည်းကွန်ချာကျမ်း၊
၅။ မဟာမင်္ဂလဒီပနီ၊
၆။ ဝိဝဋ္ဋနယဒီပနီ၊
၇။ ဗြဟ္မဝိဟာရဒီပနီ၊
၈။ နဝင်္ဂုပေါသထဒီပနီ၊
၉။ ကိုယ်ရေးတရားကျင့်စဉ်၊
၁၀။ မာတာပိတု ဂုဏဒီပနီ (မိဘဂုဏ်ရည်)၊
၁၁။ အာစရိယဂုဏဒီပနီ၊
၁၂။ သာသနဂုဏဒီပနီ၊
၁၃။ ကပိပိယဒီပနီနိသျ၊
၁၄။ ကျောက်စာပါဌ်နိသျ၊
၁၅။ နိဗ္ဗာနတ္ထပ္ပကာသနီ၊
၁၆။ ဝိနယဓရ အတ္ထုပ္ပတ္တိ
၁၇။ ဝိနယဓရချိန်ခွင်၊
၁၈။ ဘိက္ခုနီအဆုံးအဖြတ်၊
၁၉။ အပတ္တာဓိကရဏ အနုယုဉ္ဇနာဒိဝိနိစ္ဆယ၊
၂၀။ ကာလာမသုတ်နိသျ၊
၂၁။ စေတိယပဋိသင်္ခရဏပ္ပဒီပိကာစာတမ်း၊
၂၂။ ကလျာဏီကျောက်စာပါဌ်နိသျ၊
၂၃။ ဝိနိစ္ဆယစာစောင်များ။[၁]