ရှင်ရာဇည
ရှင်ရာဇည (၁၂၂၃ - ၁၂၇၉) သည် “ဒုတိယဘုရားကြီးဆရာတော်” ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၂၂၃ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၄ ရက်နေ့တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေအောင် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးလူကလေး - ဒေါ်ဖြူ ဖြစ်သည်။
ငယ်စဉ်က ဦးအုဂ်ဖိုရ်ကျောင်း၌ ပညာသင်ကြား၍ ဟင်္သာတလယ်တီဆရာတော်ထံ၌ ပညာဆက်လက်သင်ကြားခဲ့ပြီး သာမဏေပြုခဲ့သည်။ ဘုရားကြီးဆရာတော် ရှင်သာဂရဗုဒ္ဓိနှင့် ဓနုဖြူဆရာတော် ရှင်နရိန္ဒတို့ထံတွင် စာပေများသင်ကြား၍ ၁၂၄၂ ခုနှစ်တွင် “ရှင်ရာဇည” ဟူသည့် ဘွဲ့ဖြင့် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။
မန္တလေးမြို့ ထီးလင်းတိုက်၌ သီတင်းသုံး၍ မိုးထားဆရာတော်၊ မိုင်းခိုင်းဆရာတော်၊ ဆူးခါးဆရာတော်တို့ထံ၌ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၂၆၀ ပြည့်နှစ်တွင် ဟင်္သာတမြို့သို့ ပြန်လည်ကြွရောက်၍ သီတင်းသုံးခဲ့သည်။
ဆရာတော်သည် သက္ကဋဟိန္ဒီဘာသာများကိုလည်း တတ်ကျွမ်းသည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၂၇၉ ခုနှစ်၊ နယုန်လဆန်း ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]
ကျမ်းများပြုစုခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။
၁။ ဒွိရာသဠဝိနိစ္ဆယစာတမ်း၊
၂။ သလ္လေခပဋိပတ္တိကျမ်း၊
၃။ ဆက္ကပဉှာဝိသဇ္ဇနာကျမ်း။[၁]