ရှင်ယာကုပ်ဩဝါဒစာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၁။ စံတော်မီ ဝိသေသလက္ခဏာ

         မာတင်လူသာက ရှင်ယာကုပ်ဩဝါဒစာကို “မြက်ခြောက်ဩဝါဒစာ”ဟုလွဲမှားစွာနှိမ့်ချခဲ့ သည်။ ရှင်ယာကုပ်ကယုံကြည်ခြင်းကို အလုပ်ဖြင့်သက်သေထူမည်ဟုဆိုသည်။ ထိုစကားကိုမာတင် လုသာကနားလည်မှုလွဲမှားသည်။ လုသာတစ်ဦးတည်းသာလျှင် ဤကနဦးခရစ်ယာန်စာပေကို အဓိ ပ္ပာယ်ကောက်ယူလွဲမှားခြင်းမဟုတ်ပါ။ အချို့လူများကလည်း “ပုလဲကြိုး” ဟုစွပ်စွဲကြသည်။ မည်သို့ ပင်ဖြစ်စေထိုကြိုးတန်းပေါ်သို့ အောင်မြင်စွာ လျှောက်လှမ်းကြည့်ကြပါစို့။

စင်စစ်တွင်မူဤကျမ်းစာအုပ်ငယ်သည် စံနမူနာယူထိုက်သော ရေးသားချက်ဖြစ် သည်။ ခရစ်ယာန်အသင်းတော်များကိုရည်ညွန်းထားသော်လည်း ယုဒအယူအဆစွဲမြဲ နေသူ များကိုအဓိကပစ်မှတ် ထားသည် (၂:၂UK) ဥပမာအားဖြင့် “တရားစရပ်”ဂရိဝေါဟာရညီလာ ခံ၊ သဘင်ဟုခေါ်သည်။ ယနေ့ကာလတွင်မူ ယုဒများသည်လည်း ညီလာခံသဘင်ဟု အတုယူ သုံးစွဲလာကြပြီ။

ရှင်ယာကုပ်သည်သဘာဝတရားကို ဝိညာဉ်ရေးရာနှင့်ယှဉ်၍ အခန်း(၅)ခန်းသာရှိ သောကျမ်းစာတွင် အကြိမ်(၃၀)သုံးနှုန်းထားသည်။ တစ်ခုဆင်ခြင်ရမည့်အကြောင်းမှာ သခင် ဘုရား၏သွန်သင်ချက်ကို ပြန်လည်အောက်မေ့သတိရစေ ခြင်းဖြစ်သည်။ လက်တွေ့ကျသော ကျမ်းစာဖြစ်သည်။ အချို့နေရာများတွင် လူကြိုက်နည်းသောအကြောင်းအရာများ၊ မိမိလျှာ ကိုထိန်းသိမ်းရမည့်အကြောင်း၊ ကြွယ်ဝချမ်းသာခြင်း၏ အန္တရာယ်၊ ယုံကြည်ခြင်းကို လက် တွေ့အကျင့်ဖြင့် သက်သေထူရမည့်အကြောင်းများ သွန်သင်ထားသည်။

၂။ ကျမ်းရေးသူ

       ကျမ်းစာခပ်များများသည် ဟေဗြဲ၊ ဂရိ၊ လက်တင်မှပြင်သစ်နှင့် အင်္ဂလိပ်သို့ဘာသာ ပြန်ရာတွင်နာမည်များ အမျိုးမျိုးပြောင်းသွားကြသည်။ ထိုကျမ်းများနှင့်မတူဘဲ၊ တမူထူး ခြားစွာပြောင်းလဲသောသူမှာ “James” ဖြစ်သည်။ ဂရိဘာသာအားဖြင့် “Lakobos” ဖြစ်၍ ဟေဗြဲဘာသာစကား “Yaakov” (Jacobe) မှယူလာခြင်းဖြစ်သည်။ ယာကုပ်(James) ဟူ သောနာမည်သည် ယုဒလူမျိုးတွင်လူသုံးများ၊ ပေါ်လွင်ထင်ရှားသောနာမည်ဖြစ်သည်။ ထို့ ကြောင့်ဓမ္မသစ်ကျမ်းတွင် ယာကုပ်နာမည်ဖြင့် (၄)ဦး အထင်အရှားတွေ့ရသည်။ ထိုအထဲမှ ဤကျမ်းစာရှင်သည် အသက်တာနှင့် ဉာဏ်ရည်ကြောင့် တစ်မျိုးတစ်ဘာသာ ပေါ်လွင်ထင်ရှား သူဖြစ်သည်။

၁။ တပည့်တော်ယာကုပ်။ ဇေဗေဒဲ၏သား ယောဟန်၏ညီ (မ ၄:၂၁)ဖြစ်သည်။ အကယ်၍ တပည့်တော် ယာကုပ်သည် စာရေးဆရာဖြစ်လျှင်ကျမ်းစာအား စိမ်မပါတပါဖြင့်အချိန်ဖင့်နွဲ ရေးမည်မဟုတ်။ ဤစာအုပ်မရေးသာမှီယာကုပ်သည် အေဒီ ၄၄တွင်မာတုရဖြင့် အသေခံခဲ့ပြီး ဖြစ်သည်။

၂။       အာလဖဲသားယာကုပ် (မ ၁၀:၃) ။ တပည့်တော်များထဲတွင် လူသိနည်းသူဖြစ်သည်။ ကျမ်းစာရှင်က သူ့ကိုယ်ကို ”ယာကုပ်” ဟု အထင်အရှားရေးပြထားသဖြင့် ထူခြားချက်မရှိသော် လည်း ခရစ်တော်အား ရင်းရင်းနှီးနှီး သိကျွမ်းသူဖြစ်သည်။

၃။       ယုဒ၏ ဖခင်ယာကုပ် (ယုဒရှမဟုတ် လု ၆:၁၆)။ ဤလူသည် သာ၍ ဖြစ်နိုင်စရာအကြောင်း မရှိ။

၄။     ခရစ်တော်၏ မအေတူဖအေကွဲညီယာကုပ် (မ ၁၃:၅၅၊ ဂလာ ၁:၁၉)။ ကျမ်းရေးသူတွင် အနီးစပ်ဆုံးဖြစ်သည်။ ခရစ်တော်နှင့် ညီအစ်ကိုတော်ကြောင်း ကျမ်းစာတွင်မဖော်ပြသော်လည်း၊ ခရစ်တော်ကို အတွင်းသိအဆင်းသိသူဖြစ်သည် (ယုဒကျမ်းစာ အဖွင့်ကိုကြည့်ပါ)။ ယေရုရှလင် ကောင်စီရုံးမှစ၍ ခရစ်တော်အသေခံသည့်တိုင်အောင် ယေရုရှလင်၌ရှိနေသူဖြစ်သည်။ သူ၏အသက် တာဟန်ပန်အမူအရာသည် တကယ့်ယုဒခရစ်ယာန် တဖက်စွန်းရောက် သူဖြစ်သည်။ ခပ်တိုတိုပြော ရလျှင်ယာရှဖတ်နှင့် အသင်းတော်အကြောင်းကို ကျမ်းစာတွင် ရေးသွင်းခြင်းဖြင့် သူဖြစ်ကြောင်း သိသာနိုင်သည်။

အတွင်းသရုပ်

       သက်သေအထောက်အထား အခိုင်အလုံရှိပါသည်။ တမန်တော်ဝတ္ထုနှင့် ရဂလာတိကျမ်း အချက်အလက်များနှင့်ယာကုပ်၏ဟန်ပန်သွင်ပြင်စရိုက်လက္ခဏာများသည်တသဘောတည်း ရှိသည်။ လိမ်လည်တုပနိုင်စရာအကြောင်းမရှိ။ ဝါဒကွဲပြားစရာအကြောင်းမရှိနိုင်။ ယောရှဖတ်က ယာကုပ်သည်ယုဒလူများထဲတွင် ဘာသာရေးအလွန်တရာ ကိုင်းရှိုင်းသူဖြစ်ကြောင်း ရေးထားလေ သည်။ သို့သော်လည်း မေရှိယ၏ မာတုရအသေခံခြင်းအား သက်သက်ပြရန် သူ့ယုံကြည်ခြင်းက တာမြစ်သည်။ ယဇ်ပုရောဟိတ်အာနာနိအမိန့်အရ ယာကုပ်အားကျောက်ခဲဖြင့် ပေါက်သတ်ခဲ့ ကြောင်း ယုဒသမိုင်းတွင် တွေ့ရသည်။ ဗိမာန်တော်ထိပ်မှ ခဲဖြင့်ပေါက်သတ်ကြောင်းEsu- sebius ကဆိုသည်။ Hegesippus ကလည်း ထိုနည်းအတိုင်းထောက်ခံ ထားသည်။

ဂရိဘာသာဖြင့်ရေးသားထားသော ရှင်ယာကုပ်ဩဝါဒစာသည် လူမျိုးတော်အဖြစ်ရွေး ကောက်ထားခံရမှန်းမသိကြသော ပါလက်စတိုင်း ယုဒများအတွက် အလွန်ကောင်းသော စာပေဖြစ်သည်။

ပြင်ပလက္ခဏာ

       ရှင်ယာကုပ်ဩဝါဒကျမ်းသည် ပြင်ပလက္ခဏာအထောက်အထား အားအနည်းဆုံးဖြစ်သည်။ အသင်းတော်ဖခင်ကြီးများ သမိုင်းထဲတွင် လည်းမတွေ့ Muratorian Canon  တွင်လည်း မှတ်တမ်းမဝင်။  ယေရုရှလင်မှ အရှေ့ဖက်ရှိ ယုဒလူများသို့ ရေးသောစာဖြစ်သောကြောင့် ထိုသို့အထောက်အထား ချို့ယွင်းခြင်းဖြစ်နိုင်သည်။ လူအများကမူ ပေါလုပြောသောယုံကြည်ခြင်းတရားနှင့် ဆန့်ကျင်သည်ဟုဆိုကြသည်။

မည်သိုပင်ဖြစ်စေ၊ Cyril of Jerusalem, Gregory of Nazianzus, Athanasius နှင့် Jaromeတို့ကထောက်ခံကိုးကားကြပါသည်။Eusebiusကလည်းဤစကား အဖြစ်ဆန့်ကျင်သော်လည်း၊  သူကိုယ်တိုင်မူ သမ္မာကျမ်းစာတွင် ကိုးကားထားသည်။

၃။     အချိန်ကာလ

       ယောရှဖတ်က ယာကုပ်သည် အသက်(၆၂)နှစ်တွင် အသတ်ခံရသည်ဟု ဆိုထားသဖြင့် ထိုခေတ်မတိုင်မီ ရေးသားထားပြီး ဖြစ်သည်။ ကျမ်းစာတွင် ယေရုရှလင်ကောင်စီ (အေဒီ၄၈ သို့မဟုတ်၄၉) ၏ ဆုံးဖြတ်ချက်အကြောင်း ဘာမျှမဖွင့်ဟသော်လည်း ကောင်စီအစည်းအဝေး၌ ယာကုပ်ပါကြောင်း တ ၁၅ တွင် ရေးထားသဖြင့် အေဒီ ၄၅နှင့်၄၈အကြားတွင် ဖြစ်သည်ဟု လက်ခံစရာအကြောင်းရှိသည်။

၄။     နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

       ဓမ္မသစ်ကျမ်းတွင် ပထမဦးဆုံးရေးသားထားသော ကျမ်းစာဖြစ်ဟန်တူသည်။ ယုဒအရိပ် အငွေ့များဖုံးလွှမ်းပြီး သွန်သင်ချက်ထဲတွင် အခြားခေတ်ကာလအကြောင်း မပါရှိပါ။ ယနေ့ခေတ် ကာလအကြောင်း မပါရှိပါ။ ယနေ့ခေတ်ကာလတွင် များစွာလိုအပ်သော သွန်သင်ချက်များ ဖြစ်သည်။

ကျမ်းစာတွင် ယေရှုခရစ်တော်၏ တောင်ပေါဒေသနာများကို ကိုးကားထားသည်။ နှိုင်းယှဉ် လေ့လာကြည့်ရအောင်။

အကြောင်းအရာ ယာကုပ် (ကျမ်းပြိုင်) မဿဲကံဆိုးမိုးမှောင်ကျခြင်း ၁:၂၊၁၂၊၅:၁၀ ၅:၁၀−၁၂ ဆုတောင်ခြင်း ၁:၄၅၊၄:၃၊၅:၁၃−၁၈ ၆:၆−၁၃၊၇:၇−၁၂ မျက်စိ ၁:၈၊၄:၈ ၆:၂၂−၂၃ ချမ်းသာခြင်း ၁:၁၀၊၁၁၊ ၂:၆−၇ ၆:၁၉-၂၁၊၂၄-၃၄ အမျက်ဒေါသ ၁း၁၉၊၂၀:၄:၁ ၅:၂၂ ပညတ်ချက် ၁:၂၅၊၂:၁၊၁၂၊၁၃ ၅:၁၇-၄၄ အတုအယောင်သီလ ၁:၂၆၊၂၇ ၆:၁-၁၈ ရွှေပညတ်တော် ၂:၈ ၇:၁၂ ကရုဏာ ၂:၁၃ ၅:၇ ယုံကြည်ခြင်းနှင့်အကျင့် ၂:၁၄-၁၆ ၇:၁၅-၂၇ အမြစ်နှင့်အသီး ၃:၁၁၊၁၂ ၇:၁၆-၂၁ အတတ်အလိမ္မာ ၃:၁၃ ၇:၂၄ ငြိမ်းချမ်းရေးသံတမန် ၃:၁၇-၁၈ ၅:၉ တပါးသူအားစီရင်ခြင်း ၄:၁၁၊၁၂ ၇:၁-၁၅ ပျက်စီးနိုင်သောဘဏ္ဍာ ၅:၂ ၆:၁၉ ကျမ်းသစ္စာ ၅:၁၂ ၅း၃၃-၃၇

ဤကျမ်းစာတွင် ကျမ်းသက်သေအထောက်အထားများစွာယူထားကြောင်း တွေ့ရသည်။ သို့ကြောင့် ပြည့်စုံသောပဋိညာဉ် (၁:၁၂၅)၊ ရွှေပညတ်တော် (၂:၈)၊ လွှတ်ခြင်းတရား (၂:၁၂) ဟုနာမည်ရသည်။ ဤကျမ်းစာကပညတ်တော်ကို ကယ်တင်ခြင်းအကြာင်းအဖြစ်သော်၎င်း၊ အသက်၏သခင်အဖြစ်သော်၎င်း သွန်သင်ခြင်းမပြုပါ။ ပညတ်တော်များသည် ကျေးဇူးတော်အောက်၌ ဖြောင့်မတ်စင်ကြယ်စွာ အသက်ရှင်ဖို့ရန် အထောက်အကူများပြု သွန်သင်ထားပါသည်။

ရှင်ယာကုပ်ဩဝါဒစာမှ အချို့ကျမ်းပိုဒ်များသည် သုတ္တံကျမ်းမှ စကားအလိမ္မာများနှင့် ဆင်တူသည်။ သုတ္တံကျမ်းနှင့်တူသော်လည်း စကားများကြမ်းတမ်းသည်။ ဖြတ်လတ်ပေါ့ပါးသည်။ ပုံကြမ်းဆန်သည်။ အကြောင်းအချက်ကောက်ချက်ချရန် ခက်ခဲသည်။

ရှင်ယာကုပ်ကျမ်း၏ သော့ချက်စကားလုံးမှာ “ညီအစ်တို့” ဖြစ်သည်။ (၁၆)ကြိမ်တိတိသုံး နှုန်းထားသဖြင့် ယုံကြည်သူများသို့ ရည်ရွယ်ရေးသားခြင်းဖြစ်သည်။ မပြောင်းလဲသေးသူများလည်း ပါဝင်သည်။

ရှင်ယာကုပ်ဩဝါဒစာစောင်သည် ဓမ္မသစ်ကျမ်းများအနက် အမိန့်အာဏာအသုံးအများ ဆုံးဖြစ်သည်။အခြားကျမ်းများထက် ညွှန်ကြားချက်များစွာသုံးထားသည်။ ကျမ်းပိုဒ်ပေါင်း (၁၀၈)​ ခုသာရှိသောကျမ်းတို့တွင် (၅၄) ကြိမ်တိတိအမိန့်ပေးသည်။

ပါဝင်သည့်အချက်များ

၁။ နှုတ်ခွန်းဆက်လွှာပဏ္ဍာ (၁:၁)

၂။ ဖျားယောင်းသွေးဆောင်ခြင်းနှင့် စစ်ကြောစုံစမ်းခြင် (၁:၂-၇)

၃။ နှုတ်ကပတ်တော် (၁:၁၈-၂၇)

၄။ ဘက်လိုက်မှုအားရှုတ်ချခြင်း (၂:၁၄-၂၆)

၅။ ယုံကြည်ခြင်းနှင့်အကျင်ံ (၂:၁၄-၂၆)

၆။ လျှာချုပ်တည်းခြင်းနှင့်မသင့်လျှော်သုံးခြင် (၃:၁-၁၂)

၇။ ဉာဏ်ပညာ၊ အစစ်အမှန်နှင့်အတုအယာင် (၃:၁၃-၁၈)

၈။ တပ်မက်ခြင်းအကြောင်းနှင့်ကုသနည်း (အခန်း ၄)

၉။ ချမ်းသာခြင်းနှင့်အနာဂတ်သံဝေဂ (၅:၁-၆)

၁၀။ စိတ်ရှည်ရန်တိုက်တွန်းနှိုးဆော်ချက် (၅:၇-၁၂)

၁၁။ ဆုတောင်းခြင်းဖြင့် အနာရောဂါကင်းငြိမ်းခြင်း (၅:၁၃-၂၀)

TAGS: ရှင်ယာကုပ်ဩဝါဒစာ

ကိုးကား[ပြင်ဆင်ရန်]