ရှင်မာကုခရစ်ဝင်
ခရစ်ဝင်ကျမ်းများတွင် အတိုဆုံးသော ကျမ်း ဖြစ်သည့် ရှင်မာကုခရစ်ဝင်ကျမ်းသည် ခရစ်ယာန် ယုံကြည်ခြင်းအား အတိုဆုံးနှင့် အရှင်းလင်းဆုံး ရေးပြထားသည်။ ဤကျမ်းစာတွင် ဘုရားသခင်၏ ပြည့်စုံသော အစေခံ ခရစ်တော် အကြောင်းကို အံ့ဩဖွယ်ရာ ဖတ်ရှုရမည်။ ယုံကြည်ခြင်းကို အသားပေးသည့် အပြင် တက်ကြွသော ဟန်ပန် ရှိ၍ ရောမနှင့် လက်အောက်ခံ နယ်သားများ အတွက် အထူး ရည်ရွယ် ရေးသားသော သတင်းကောင်း ဖြစ်သည်။ ခရစ်တော်ဘုရား၏ သွန်သင်တော်မူချက်များထက် လုပ်ဆောင်တော်မူချက်များကို ဦးစား ပေးသည်။
၁။ စံတော်မီ ဝိသေသလက္ခဏာ
ခရစ်ဝင်ကျမ်းများတွင် အတိုဆုံးသော ကျမ်း ဖြစ်သည်။ ပါဝင်သော အချက်အလက်များ၏ ၉၀%သည်လည်း ရှင်မဿဲ၊ ရှင်လုကာ ကျမ်းများတွင် ပါဝင်သည်။
ဤကျမ်းတွင် ခရစ်ယာန် ယုံကြည်ခြင်းအား အတိုဆုံးနှင့် အရှင်းလင်းဆုံး ရေးပြထားသည်။ သာသနာနယ်မြေ သစ်သို့ ထိုးဖောက်ရာတွင် ဒေသခံ လူများ သဘောပေါက် ခံယူနိုင်အောင် ဘာသာစကားသစ်ဖြင့် အမြဲလိုလို ပြန်ဆိုနေရသော ကျမ်းလည်း ဖြစ်သည်။
ယုံကြည်ခြင်းကို အသားပေးသည့် အပြင် တက်ကြွသော ဟန်ပန်ရှိ၍ ရောမနှင့် လက်အောက်ခံ နယ်သားများ အတွက် အထူး ရည်ရွယ် ရေးသားသော သတင်းကောင်း ဖြစ်သည်။
ရှင်မဿဲနှင့် ရှင်လုကာခရစ်ဝင်ကျမ်းတွင် အနည်းအကျဉ်းသာ ပါပြသော အကြောင်းအရာများကိုလည်း အသေးစိတ် ဖော်ပြသည်။ ဥပမာ တပည့်တော်များအား စိတ်ဆိုး၍ ဂျေရုဇလင် လမ်းမပေါ်သို့ သခင်ယေရှု လမ်းလျှောက်သည့် အကြောင်း တွေ့ရသည်။ ထို အဖြစ်အပျက်သည် ပေတရုနှင့် သက်ထက် ဆုံးပေါင်းသင်းသူ ဖြစ်သောကြောင့် ပေတရုထံမှ ရရှိဟန် တူသည်။ ကျမ်းရေးသားပုံအရ ရှင်မာကုသည် ပေတုရု ပြောပြသော ရှေးဟောင်းနှောင်းဖြစ် အဖြစ်အပျက်များကို အသေးစိတ် ပြန်လည် ချယ်မှုန်းခြင်း ဖြစ် သည်။
ကျမ်းစာပညာရှင် အများစု ယုံကြည်သည်မှာ ကိုယ်လွတ်ရုန်း ပြေးသွားသော လုလင်သည် မာကု ဖြစ်သည်ဟု ထင်ကြေး ပေးကြသည် (၁၄:၅)။ ထိုအချက်သည် ဤကျမ်းစာ၏ အထင်ရှားဆုံး ကျမ်းပိုဒ် ဖြစ်သည်။ ဤခရစ်ဝင်ကျမ်းကမူ သူကိုတိုင် ဖြစ်သည်ဟု ထုတ်ဖော် ဝန်ခံခြင်း မရှိပါ။ ယောဟန် မာကုသည် ယေရုရှလင်၌ နေစဉ်တွင် ဤ အဖြစ်အပျက်ကို ထုတ်ပြောခြင်း မရှိပါ။ အကယ်၍ ထိုသူသည် ရှင်မာကုသာ မဟုတ်လျှင် ငယ်ရွယ်သော လုလင်ဟု ပြောစရာ အကြောင်း ရှိမည် မထင်။ သို့ကြောင့် မာကု ဖြစ်မည်ဟု ထင်မှာတ်ကြသည်။
၂။ ကျမ်းရေးသူ
ကနဦး ခရစ်ယာန် စာရေးဆရာ အများစုက ဤခရစ်ဝင်ကျမ်းကို ယောဟန် မာကု ရေးသားသည်ဟု လက်ခံကြသည်။ ယေရုရှလင် မာရိ၏ သားဖြစ်၍ သူတို့ နေအိမ်ကို ဗိမာန်တော် အဖြစ် အသုံးပြုသည်။
အပြင်ပန်း လက္ခဏာ အကြောင်းအရာ အားဖြင့် ရှင်မာကု လက်ရာ ဖြစ်ကြောင်း ခိုင်မာသည်။ အေဒီ ၁၁ဝ ခန့်တွင် Papias က John The elder အကြောင်း ကိုးကား ရေးသားရာတွင် မာကုသည် ပေတရုနှင့် လက်တွဲသည်။ မာကုက ဤကျမ်းစာကို ရေးသည်ဟု ဆိုထားသည်။ Justin Martyr, Irenaeus Tertullian, Clement of Alexandria, Origen နှင့် The Anti Marcionite Prologue များကလည်း မာကု အဖြစ် အသိအမှတ် ပြုကြသည်။
အတွင်းသရုပ် အနေဖြင့်လည်း လက်ဦး ခရစ်ယာန် ယုံကြည်သူများ၏ ယေရုရှလင် အကြောင်း နှံ့စပ်သူ ဖြစ်သည်။ (အပေါ်ထပ်၌ ဆွေးနွေးခြင်း အကြောင်းသည် အခြား ခရစ်ဝင်များထက် အသေးစိတ် ဖော်ထားသည်။ ထိုသို့ ဖော်ပြနိုင်ခြင်း များ လူငယ် လူရွယ် ဖြစ်သောကြောင့် အသေးစိတ် မှတ်မိဟန် ရှိသည်။ သို့ကြောင့် အံ့ဩစရာ မဟုတ်)။ ဤကျမ်းသည် အာရမိ သမိုင်းကို ကျောထောက်နောက်ခံ ထားသည်။ (ပါလက်စတိုင်း ဘသာစကားလုံး သည်)။ ယုဒများ၏ ရိုးရာ ထုံးတမ်းစဉ်လာ နားလည်သည် ကပ်သီး ကပ် သတ် အကြောင်းများကို မျက်မြင် သက်သေဖြင့် အသေးစိတ် ဖော်ပြနိုင်သည်။ (တ ၁၀) တွင် ပါရှိသော ပေတရု၏ ဒေသနာများနှင့် ဆင်တူ နေသည်။
မာကု၏ ထုံးစံအတိုင်း ရောမ ထက် လက်တင်စကားလုံးကို ပိုမို သုံးထားကြောင်း တွေ့ရသည် (ဥပမာ Centurion, Census, Denarius, Legion, And Practorium)။
ကျမ်းစာ တအုပ်လုံးတွင် တပါးအမျိုးသား နာမည် မကု ဟူသော အမည်ကို (၁၀)ကြိမ် သုံး၍ ယုဒနှင့် တပါးအမျိုးသား စကား ရောစပ်ထားသော ယောဟန် မာကု ဟူသော နာမည်ကို (၃)ကြိမ် သုံးထား သည်။ မာကုဟူသော စကားသည် အစေခံ ဟု အနက်ရသည်။ ဗာနဗ၏ တူတော်၍ ပထမဦးစွာ ဦးလေးနှင့် ပေါလု နောက်သို့ လိုက်ခဲ့သည်။ ဤကျမ်းစာ ရေးဖြစ်ရန် မာကုအတွက် ပေတရုသည် စံပြ အဖြစ် ရပ်တည်ခဲ့သည်။
၃။ အချိန်ကာလ
ရေးသားသော အချိန်ကာလကို ကျမ်းသုတေသီများက အမျိုးမျိုး ပြောကြသည်။ အချိန်ကာ လ အတိအကျ မပြောနိုင်ပါ။ ယေရုရှလင် ဗိမာန်တော် ပျက်သုဉ်းခြင်းကို တည်မှီ၍ တွက်ချက်သည်။
ရှင်ပေတရု မသေမှီ (၆၄၆၈ မတိုင်မီ) တွင် ခရစ်တော် ဘုရား၏ လုပ်ဆောင်ချက်များနှင့် ဟောပြောချက်များအား ရေးသားခြင်း ဖြစ်သည်။ ပေတရု သေပြီးမှ ပြန်လည် ရေးသားခြင်းလည်း ဖြစ်နိုင် သည်။
ရှင်မာကုခရစ်ကျမ်းကို ပထမဦးဆုံး ရေးသားသော ခရစ်ဝင် ကျမ်းစာ အဖြစ် ကျမ်းစာသုတေ သီများက ဆိုသည်။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် ပါရှိသော တနချို့ အချက်များသည် ရှင်မာကုကျမ်းကို ကုန်ကြမ်း အဖြစ် သုံးသည်ဟု ဆိုကြာသည်။ အချို့ ကျမ်းစာပညာရှင်များက ၅ဝ ခုနှစ် အစောပိုင်း ဟု ယူဆသော်လည်း ၅၇-၆ဝ ဖြစ်ပုံရသည်။
၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်
ဤကျမ်းစာတွင် ဘုရားသခင်၏ ပြည့်စုံသော အစေခံ ခရစ်တော် အကြောင်းကို အံ့ဩဖွယ်ရာ ဖတ်ရှုရမည်။ ကောင်းကင်နိုင်ငံ ဘုန်းတန်ခိုးများကို ချန်ထား၍ လောက အဖို့ လောကသားများ၏ အစေခံပုံကို တွေ့ရမည် (ဖိ ၂:၇)။ ထိုအကြောင်းမှာ “လူသားသည် သူတပါးကို စေစားခြင်းငှါ မလာ။ သူတပါး အစေခံခြင်းငှါ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ၄င်၊ ကြွလာသတည်း” (၁၀:၄၆) ဟူသော ကျမ်းစကား သက်သေ ဖြစ်သည်။
ဘုရားသခင် သားတော်မှ တပါး ထိုကဲ့သို့ ပြည့်စုံသော အစေခံမျိုး မရှိပါ။ ကိုယ်တိုင် လိုလိုလားလားဖြင့် လူသားများ၏ အစေခံ၊ ပါရမီဖြည့်ဘက် ပြုသည်။ အသက်ရှင်သော ဘုရား သားတော်မှ လောက လူသားတော်၏ ဘဝ ခံယူသည်။ လုပ်ဆောင်သမျှတိုင်းသည် ခမည်းတော်၏ အလိုတော် အတိုင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုး စွမ်းအားဖြင့် လုပ်ဆောင်သည်။
ဘုရားသခင်၏ အစေခံ ယောဟန် မာကုသည် အစ ကောင်းသော်လည်း ခဏတဖြုတ် ပြုတ်ကျခဲ့ဘူးသည် (တ ၁၅:၃-၅၀)။ ထို့နောက် ရာသက်ပန် အမှုတော် ဆက်ကပ်သူ ဖြစ်သည် (၂တိ ၄:၁၁)။
မာကုခရစ်ဝင်ကျမ်း၏ ဟန်ပန်သည် သွက်လက် ချက်ချာသည် စွမ်းအား ရှိသည်။ တိုတောင်း တိကျသည်။ ခရစ်တော်ဘုရား၏ သွန်သင်တော်မူချက်များထက် လုပ်ဆောင်တော်မူချက်များကို ဦးစား ပေးသည်။ ပုံဥပမာ ပေးချက် (၄)ခုသာ ဖော်ပြ၍ အံ့ဖွယ် နိမိတ်လက္ခဏာ ပြုတော်မူချက် (၁၉)ခုကို မှတ်တမ်း တင်ထားသည်။
ဤခရစ်ဝင်ကျမ်းကို လေ့လာသောအခါ အချက် (၃)ချက် တွေ့ရှိရမည်။ (၁) ဘာပြောသနည်း (၂) ဘာကို ဆိုလိုသနည်း (၃) ဘာ သင်ခန်းစာ ပေးသနည်း ဟူ၍ ဖြစ်သည်။ သမ္မာတရားကို ယုံကြည်၍ အစေခံကောင်း ဖြစ်လိုသူများ အတွက် အဖိုးမဖြတ်နိုင်သော ဧဝံဂေလိ သတင်းကောင်း ဖြစ်သည်။
ပါဝင်သည့်အချက်များ
၁။ အစေခံ၏ ပြင်ဆင်မှု (၁:၁-၁၃)
၂။ အစောပိုင်း ဂါလိလြဒေသတွင် အမှုတော် ဆောင်မှု (၁:၁၄-၃:၁၂)
၃။ တပည့်တော် အဖြစ် ရွေးကောက် သွန်သင်ခြင်း (၃:၁၃-၈:၃၈)
၄။ ယေရုရှလင် ခရီးစဉ် (အခန်း ၉-၁၀)
၅။ ယေရုရှလင်တွင် အမှုတော် ဆောင်ခြင်း (အခန်း ၁၁-၁၂)
၆။ သံလွင်တောင်ပေါ် မိန့်မှာချက် (အခန်း ၁၃)
၇။ ဆင်းရဲဒုက္ခ ခံခြင်းနှင့် အသေခံတော်မူခြင်း (အခန်း ၁၄၊၁၅)
၈။ အောင်ပွဲ ခံခြင်း (အခန်း ၁၆)
ကိုးကား