ရှင်ပုညသေဋ္ဌ

ဝီကီပီးဒီးယား မှ

ရှင်ပုညသေဋ္ဌ (၁၀၉၂ − ၁၁၇၂) သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် ပုခန်းကြီးမြို့နယ်၊ ခပိုရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပျော် ဖြစ်သည်။ မိဘများကိုမူ မသိရှိရပေ။

ရဟန်းပြုခဲ့သည့်အခါ ဘွဲ့တော်မှာ “ရှင်ပုညသေဋ္ဌ” ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမြို့အနောက်ဘက် သရက်တောမင်္ဂလာ ဝေယန်ကျောင်းတိုက်၌ စာပေပို့ချသီတင်းသုံးတော်မူခဲ့သည်။

ရတနပူရတတိယမြို့တည် မင်းတရားကြီးလက်ထက်တွင် ရာဇနာမတ္ထပကာသနီကျမ်းကို ရေးသားခဲ့သည်။[၁]

ဘွဲ့တံဆိပ်တော်များ[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား၏ ဗုဒ္ဓရက္ခိတမဟာဓမ္မရာဇဂုရု[မှတ်စု ၁] တံဆိပ်တော်ကို လက်ခံရယူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည် −

၁။ ရာဇနာမတ္ထပကာသနီ၊

၂။ အက္ခရသမ္ဗောဓသတ်ပုံ။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းလှသီရိသီဟသူမှတ်တမ်းတွင် ဗုဒ္ဓရက္ခိတမဟာသာမိ ဟု ဆိုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၁၊ ၃၂။