ရှင်ပုညရံသီ

ဝီကီပီးဒီးယား မှ

ရှင်ပုညရံသီ (၁၁၄၀ - ၁၁၉၁) သည် “သတ္တမညောင်ကန်ဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားသည့် ကျမ်ပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၄၀ ပြည့်နှစ်တွင် အလုံမြို့၊ ညောင်ကန်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပိုး ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်ဖြူနှင့် ရှင်ညက် ဖြစ်သည်။

ငယ်စဉ်ကပင် သာမဏေပြုခဲ့သည်။ အရွယ်ရောက်သော် ရဟန်းပြု၏။ ဘွဲ့တော်မှာ “ရှင်ပုညရံသီ” ဖြစ်သည်။ ရတနပုရနန်းတည်မင်းတရားကြီး၏ မိဖုရားသည် ကိုးကွယ်ခဲ့သည်။ အမရပုရမြို့တော် အရှေ့မြောက်ထောင့် မင်းအိုတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။ အင်းဝမြို့သို့ ရောက်သည့်အခါ မြို့အရှေ့မြောက်ထောင့် ထီးလှိုင်ရှင်ဘုရား၊ ရွှေစေတီဘုရားအနီး ကျောင်းတိုက်တွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတော်ကို “မဟာအောင်မြေဘုံစံ” ဟု ကမ္ဗည်းတင်ခဲ့သည်။ ဆရာတော်သည် အုတ်ကျောင်းဆရာတော်အဖြစ်ဖြင့်လည်း ထင်ရှားသည်။

ဆရာတော်သည် “ပုညာဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ကို ရခဲ့သသည်။ ဆရာတော်သည် စတုတ္ထညောင်ကန်ဆရာတော် (ဦးဗုဓ်) ရှင်စက္ကိန္ဒ၏ နောင်တော်ဝမ်းကွဲ ဖြစ်သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၉၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာနိသျ၊

၂။ သုဗောဓာလင်္ကာရနိသျ၊

၃။ ဗုဒ္ဓရာဏ်သက္ကဋကျမ်းနိသျ။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. သတ္တမညောင်ကန်ဆရာတော် ရှင်ပုညရံသီကို ပထမအုတ်ကျောင်းဆရာတော်ဟူ၍လည်း မှတ်သားကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၈၊ ၆၉။