ရှင်ပရမ
ပုံပန်းသွင်ပြင်
မဲထီးဆရာတော် (ရှင်ပရမ) (၁၁၀၄ − ၁၁၅၉) အမရပူရမြို့ကို တည်ထောင်ခဲ့သည့် မင်းတရားကြီး၏ သားတော် တောင်ငူမင်း ကိုးကွယ်သည့် ရဟန်းဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၀၄ ခုနှစ်တွင် တောင်ငူမြို့၊ မဲထီးရွာတွင် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သည့်အခါ “ရှင်ပရမ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ တောင်ငူမင်းက ကိုးကွယ်ခဲ့သည်။
အမရပူရမြို့ အရှေ့တောင်ထောင့်မဲထီးတိုက်တွင် သီတင်းသုံးခဲ့သည်။ ဆရာတော်သည် ပရမသီရိဝံသဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ကို ခံယူခဲ့ရသည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၁၅၉ ခုနှစ်တွင် တောင်ငူမြို့၌ ပျံလွန်တော်မူခဲ့သည်။[၁]
အခြားသော မဲထီးအမည်ရှိသည့် ဆရာတော်များ
[ပြင်ဆင်ရန်]မဲထီးဆရာတော်အဖြစ် ရှင်ကဝိ (၁၁၀၉ − ၁၁၉၆) နှင့် ရှင်ဉာဏသီရိဓဇ (၁၁၅၈ − ၁၂၁*) တို့လည်း ရှိသေးသည်။
ဘိုးတော်ဘုရားလက်ထက်က ရှင်မုနိန္ဒသည်လည်း မဲထီးဆရာတော်အဖြစ် ထင်ရှားခဲ့သည်။ ဤဆရာတော်သည် မုနိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ၍ တိကနိပါတ်အဋ္ဌကထာနိသျကို စီရင်ခဲ့သည်။[၁]