ရှင်ပဒုမ

ဝီကီပီးဒီးယား မှ

ရှင်ပဒုမ (၁၂၄၇ - ၁၃၁၄) သည် “မဟာပဒုမဆရာတော်” ဟု သိကြသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၄၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့တွင် ရွှေဘိုခရိုင်၊ တန့်ဆည်နယ် ကုလသင်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ပိန်” ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးမိတ်-ဒေါ်သင်းထုံ ဖြစ်သည်။

ငယ်စဉ်က ရေဦးမြို့ မြောက်မုံတိုင်ပင်နယ် ရွာရှည်ရွာကျောင်းတွင် ပညာသင်ကြား၍ “ရှင်ပဏ္ဍိစ္စ” ဟူသည့် ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ ထို့နောက်တွင် သိမ်းဆည်းဆရာတော်ထံတွင် ပညာများ ဆည်းပူးခဲ့သည်။ ဖန်ခါးစဉ်ဆရာတော်ထံ၌လည်း ဗေဒင်ပညာ သင်ယူခဲ့သည်။

၁၂၆၆ ခုနှစ်တွင် မုံတိုင်ပင်ကျောင်း၌ ရဟန်းပြုရာ “ရှင်ပဒုမာ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ ထို့နောက်တွင် ကြို့တိန်းရွာ၌ သီတင်းသုံးတော်မူခဲ့သည်။ ၁၂၇၁ ခုနှစ်တွင် မဟာပဒုမာရုံတိုက်သစ်ကို တည်ထောင်ခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၁၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများ ပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ သံဒိဋ္ဌလက်ရိုးကျမ်း၊

၂။ အမြန်ဖွဲ့ထုံးအကောင်းဆုံး၊

၃။ အခါပေးထုံးအကောင်းဆုံး၊

၄။ သင်္ကြန်တွက်ထုံးအကောင်းဆုံး၊

၅။ လောကသိပ္ပရာသီ၊

၆။ လောကသိပ္ပရာသီ၊

၇။ အဟောထိပ်သီးနိသျည်း၊

၈။ မော်ကွန်းကျောက်စာလင်္ကာ၊

၉။ ဧကပိုဒ်လင်္ကာရတုများ၊

၁၀။ ဆယ်လီမူးလင်္ကာသုံးပုံတွက်နည်းကဗျာ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၇၊ ၁၆၈။