ရှင်ပညာ (မဟာဝိသုတာရာမဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်ပညာ (၁၄၀ - ၁၂၇၆) သည် "မဟာဝိသုတာရာမဆရာတော်" ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၄၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၂ ရက်နေ့တွင် ငသရောက်နယ်၊ ခွေးတောက်ပြုတ်ရွာတွင် ဖွားမြင်ခဲ့သသည်။

ငယ်စဉ်အခါက ရှင်နန္ဒမာလာထံတွင်လည်းကောင်း၊ ရှင်ဉာဏထံတွင်လည်းကောင်း စာပေများ လေ့လာသင်ကြားခဲ့သည်။ ဆင်ဖြူကျွန်းစေတီလှကျောင်းတွင်လည်း ပညာများ ဆည်းပူးခဲ့ပြီး ရေစကြိုဆရာတော်ထံသို့ ချဉ်းကပ်တော်မူခဲ့သည်။ ရွှေရေးဆောင်ဆရာတော်ကြီးထံ၌လည်း ပညာများ ဆည်းပူးခဲ့သေးသည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၇၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ ပါရာဇိကဏ်ပါဠိတော်နိသျ၊

၂။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ၊

၃။ အဘိဓမ္မတ္ထဘာဝနီဋီကာနိသျ၊

၄။ မင်္ဂလာဒိဝိနိစ္ဆယ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၄။