ရှင်ပညာသီဟ

ဝီကီပီးဒီးယား မှ

ရှင်ပညာသီဟ (၁၁၂၁ − ၁၁၇၆) သည် ဂူကြီးဆရာတော်[မှတ်စု ၁]ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၂၁ ခုနှစ်တွင် ယိုးဒယားပြည်၊ ဒွါရဝတီမြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ယာ ဖြစ်သည်။[၁]

မြန်မာနိုင်ငံသို့ ရောက်ခြင်း[ပြင်ဆင်ရန်]

ဆင်ဖြူရှင်လက်ထက် ၁၁၂၉ ခုနှစ်တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်၏။ ထို့နောက် ဆရာတော်သည် မိဘဆွေမျိုးများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ရတနာပူရအင်းဝမြို့သို့ ရောက်ခဲ့သည်။[၁]

ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

ဗားကရာဆရာတော်ထံတွင် စာပေများကို သင်ကြား၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့အမည်မှာ “ရှင်ပညာ” ဖြစ်သည်။ သာမဏေအဖြစ်နှင့်ပင် ပထမကျော် အောင်ခဲ့သည်။

ထို့နောက်တွင် “ရှင်ပညာသီဟ” ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဆရာတော်သည် ပညာသီဟမဟာဓမ္မရာဇဂုရုတံဆိပ်၊ ပညာသီဟာဘိ သီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်များ ဆပ်ကပ်ခြင်း ခံခဲ့ရသည်။[၁]

မဟာဒါန်ဝန်ဖြစ်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၆၃ ခုနှစ်တွင် လူထွက်ခဲ့သည်။ ထို့နောက် ဘိုးတော်မင်းတရားကြီးက “သီရိနန္ဒသင်္ကြံ” ဘွဲ့ဖြင့် မဟာဒါန်ဝန် ခန့်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၁၁၇၆ ခုနှစ်တွင် မုတ္တမြို့ရုံးထက်တွင် ယိုးဒယားမွန်တို့ သတ်၍ အနိစ္စရောက်ခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

အောက်ပါကျမ်းတို့ကို ပြုစုခဲ့သည် −

၁။ ဓာတုကထာအဋ္ဌကထာနိသျ၊

၂။ ပုဂ္ဂလပညတ်အဋ္ဌကထာနိသျ၊

၃။ ကထာဝတ္ထုအဋ္ဌကထာနိသျ၊

၄။ ယမိုက်အဋ္ဌကထာနိသျ၊

၅။ ပဋ္ဌာန်းအဋ္ဌကထာနိသျ၊

၆။ သုတ်သီလက္ခန်ဋီကာဟောင်းနိသျ၊

၇။ ဇိနာလင်္ကာရဋီကာနိသျ၊

၈။ မူလဋီကာနိသျ၊

၉။ အနုဋီကာနိသျ၊

၁၀။ လောကီပဏ္ဏာသဇာတ်နိသျ၊

၁၁။ နာဋိကဝိနိစ္ဆယ၊

၁၂။ ပဉ္စပကြိုဏ်အဋ္ဌကထာနိသျ − ပ။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ဂူကြီးဆရာတော်မှ ရှင်ပညာသီဟ (၁၁၂၁ − ၁၁၇၆) အပြင် ရှင်စန္ဒ (၁၁၂၇ − ၁၁၆၄) နှင့် ရှင်ဝိစိတ္တလင်္ကာရ၊ ရှင်ဝရာလင်္ကာရ (၁၁၄၁ − ၁၂၁*) ဟူ၍ စုစုပေါင်းသုံးပါးရှိသည်။ ဤဂူကြီးဆရာတော်ကို စတုတ္ထညောင်ကန်ဆရာတော်ဟု မှတ်ယူကြသည်လည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၀၊ ၅၁။