ရှင်ဒိသာပါမောက်ကျောက်စာ
ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။
ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ်မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်စာနှစ်ခုနှင့် အတူ ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ (မူလ- မင်္ဂလာစေတီ၊ပုဂံ)တွေ့ရသည်။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃ ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်ဂိုတို့ ကျူးကျော်ခဲ့သော အဖြစ်ကို သိရသည်။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍ သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွနု်ပ်တို့ ပြင်ဆင် -ပေးနိုင်သည်။ ထို့ကြောင့် - ပထမဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ ၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထားမှုကိုဦးစွာဖော်ပြပေးပါမည် ။ မြန်မာ့ အစောဆုံး ရာဇဝင်ကျမ်း ဖြစ်သော ဦးကုလားမဟာရာဇဝင် (၁၇၁၄) နှင့် ဘုရင့်အမိန့်နှင့်အဖွဲ့လိုက်ရေးသော မှန်နန်းရာဇဝင် (၁၈၂၉) တွင် အောက်ပါအတိုင်းဖော်ပြထားသည်။ သက္ကရာဇ်- ၆၃၄(အေဒီ ၁၂၈၁) တွင် နိုင်ငံတော် ဖြစ်သော မုတ္တမကို စားသော အလိမ္မာ-အမတ်ကို မွန်(တလိုင်း) ဝါရီရူ လုပ်ကြံ၍မင်းပြုလေသည်။ ထိုသက္ကရာဇ်တွင် တရုတ် ဥတည်ဘွားက ရွှေ-ထမင်းအိုး ၊ ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင် ၊ရွှေယောက်မ ၊ ငွေ ယောက်မ ၊ ရွှေဟင်းချို ၊ ငွေဟင်းချို -အနော်ရထာမင်းစော ဆက်ဖူးသည်ဟူ၍ အမတ်တကျိတ်နှင့် မြင်းသည် - တစ်ထောင် တို့ကိုစေ၍ -တောင်းလာသည်။ အချို့ရာဇဝင်မှာ ဆင်ဖြူတောင်းလာသည် ဟူ၍လည်းဆိုသည်။ တောင်းလာသော - တရုတ်သံတို့သည်လည်း မင်းရှေ့တွင်မကော်မရော် မကျစ်မလစ်ပြုချေ၏။ အမတ်တစ်ကျိတ်နှင့် မြင်းသည်-တစ်ထောင်ကို မလွတ်သတ်လေဟုအမိန့်ရှိလေသည်။ ထိုအခါအနန္တပစ္စည်းအမတ်ဤသို့နားတော်လျောက်၏။ " ဘုန်းကြီးသောဘုရား တရုတ်ဥတည် ဘွား သံတို့သည် ရာဇဝတ်၌ မလိမ္မာမချေငံကျင့် မိလေမှတ်သား၍ ဥတည်ဘွား သို့စေတော် မူသင့်သည်။ သည်းခံ၍ ပြည်ရေးပြည်ရွာမှုကို- ပြေလည်အောင် မိန့်တော်မူ သင့်လည်းမိန့်ရမည် ။ မင်းအဆက်ဆက် တို့သည် သံတမန်ကို သတ်သော ထုံးစံ မရှိ ။ သည်းခံတော်မူမှ သင့်မည်ဟူ၍ - နားတော်လျောက်၏။ မင်းကြီးလည်း ငါသို့သောမင်းကြီး ကို မခံ့မရည်းကျင့်သည် သတ်လေဟုမိန့်တော်မူလိုက်သည်။ အမတ်တို့လည်း -မင်းကြီး အာဏာတော်ကို ကြောက်၍တစ်ယောက်မလွတ် သတ်လေသည်။ သံတို့အားသတ်လေသော အကြောင်းကို ဥတည်ဘွားကြားလေ လျှင်အမျက်ပြင်းစွာထွက်၍ မြင်းသည် ခြောက်သန်းခြေသည် နှစ်ကုဋေမျှ လောက်သော စစ်အင်္ဂ ါတို့ကို စီရင်၍ ချီလာရ၏။ တရုတ်ဥတည်ဘွား စစ်သည်တို့ ချီလာပြီ ဟူ၍ နရသီဟပတေ့ ကြားတော်မူသော် စစ်သူကြီးအနန္တ ပစ္စည်း ၊ ရန္တပစ္စည်း တို့ကို သူရဲ - လေးသိန်း ၊ ဆင်လုံး မြင်းရင်း အများပေး၍ ချီလာသော တရုတ်စစ်သည် တို့ကို ဆီးဆို့တိုက် ရမည် ဟုချီစေ၏။ စစ်သူကြီးလေးယောက် တို့လည်းချီစေ၍ ငဆောင်ချမ်းမြို့သို့ရောက် လျှင် မြို့ပြ ကျုံးမြောင်း ကောင်းမွန်အောင် ပြင်ဆင်လုပ် ဆောင်၍ ဗန်းမော် မြစ်ကူးကတိုက်သည ်။ သုံးလတိုင်တိုင်ဆင်ကံကျွေး ၊ မြင်းကံ ကျွေးမျှ မလွတ်ရအောင် သတ်သည်ဖြစ်၍ သေလေသည်ကိုလည်းတရုတ် ဥတည်ဘွားက တစ်သိန်းကုန် လျှင် နှစ်သိန်း ၊ နှစ်သိန်း-ကုန်လျှင် လေးသိန်းထပ်လောင်းလာ၍ ပင်ပန်းလာကာ တရုတ်တို့ မြစ်ကိုကူးမိလျှင် ငဆောင်ချမ်းပျက်လေသည်။ မင်းကြီးလည်း မှူးတော် မတ်တော် တို့ကို ခေါ်၍ တိုင်ပင် တော်မူ၏။ ယခုပုဂံမြို့ သည် မြို့လည်း ကျဉ်းလှသည် ၊ မြို့စောက်လည်း နိမ့်သည် ၊ သူရဲ ဗိုလ်ပါ ဆင်လုံးမြင်းရင်း နေ၍မခံသာ ဖြစ်သည်။ အရှေ့မြစ် သာ ပထင်းရွာကသည် တောင်ကိုအဖြောင့် သွား၍ ရွာသာမြို့ကို အတွင်းသွင်းပြီးသော် ခိုင်လုံအောင်မြို့တည်မည် ငါအကြံရှိသည်။ ယခု အုတ်ကျောက် အလျင်မရသာ ဖြစ်သော ကြောင့် ဘုရား -ဂူကျောင်းကို ဖျက်၍ အုတ်ကိုယူမှ အလျင်ပြီး လွယ်မည်ဟု အမိန့်တော်ရှိ၍ ဖျက်လေသည်ကား ဂူကြီး တစ်ထောင် ၊ဂူငယ် - တစ်သောင်း ၊ ကုလား ကျောင်း-သုံးထောင် ပျက်သောဟူ၏။ ထိုသ်ု့ိဖျက်ရာတွင် ဂူကြီး တစ်လုံး၌ကြေးနီပုရပိုက်နှင့် အနုံရာဇသိုက် ရ၍ဖတ်စေသော် ပုဂံပြည်တွင် သားမွှာဘ - လက်ထက် တရုတ်ဖျက်၍ပျက်လတ္တံ့ ဟု စာတွင်ပါသော ကြောင့် ကိုယ်လုပ်တော်တို့ကို မေးစစ်သော် ကိုယ်လုပ်တော် - ငယ်တွင်သားမြွှာဖွားကြောင်း သိရလေ၏။ မင်းကြီးလည်း မြို့တည်လုပ်၍ ခံသော် လည်း မခံနိုင်ရာချေ ဟု ရဲလှေသမ္ဗန် တိုက်လှေကြီး တစ်ထောင်တို့ ကိုပြင်ဆင် စေ၍ ရွှေငွေ အစရှိသော ဘဏ္ဍာ အပေါင်းတို့ ကိုတင်စေ၏။ ကုန်လှေ တစ်ထောင်တို့ကိုစပါးတင်စေ၏။ လှော်ကားကျော့လှေတစ်ထောင်၌ မှူးမတ်အပေါင်းကိုစီးစေ၏။ ရွှေလှော်ကားတစ်ထောင်၌ မောင်းမ မိဿံ မင်းထိန်း မင်းယတို့ ကိုစီးစေ၏။ လူများ၍မစီးသာ ရှိလျှင်အတွင်း စေ မိန်းမတို့ကို အလွတ်ပစ်ထားခဲ့လျှင် တရုတ်တို့ယူမည် ဖြစ်၍ခြေနှင့်လက်ကို တုပ်ပြီးလျှင် ရေမှာပစ်လေဟုမိန့်တော်မူ၏။ ဆရာတော် မဟာထေရ်က နောင်လာလတ္တံ့သော မင်းတို့အစဉ်ဆိုချင်စရာ ဥဒါန်းမော်ကွန်း မဖြစ်လေအောင် လှေတွင်မဆံ့ သမျှသော အတွင်း စေမိန်းမတို့ကို ရဟန်းရှင်လူမည်သူမဆိုအလိုရှိသူယူပစေဟု ခွင့်ပြုတော်မူလျှင် အသက်အလှူကိုပြုရာ ရောက်သည်ဟုဆိုသည်။ မင်းကြီးလည်း ဟုတ်လှပေသည် ဟု သုံးရာသော အတွင်းစေ မိန်းမတို့ကိုလွှတ်၏။ မင်းကြီးလည်း ရတနာ ရွှေဖောင်စီး၍ တလိုင်း ၊ မွန် ၊ ပုသိမ် သို့စုန်တော်မူလေ၏။ စစ်သူကြီး အနန္တပစ္စည်း ၊ရန္တပစ္စည်း တို့ လည်း ငဆောင်ချမ်း ပျက်လျှင်ဆုတ်ခဲ့၍ မလည်တောင်ယံ အရှေ့၌ မြို့နှစ်မြို့ တည်၍ ခံပြန် လေ၏။ စစ်သူကြီးနှစ်ယောက်တို့ သည် ပြဒါးသေငုံပြီး သော် ကောင်းကင်သို့ နှစ်ဆယ့်ငါးတောင် နှစ်ဆယ့်ခြောက်တောင် တိုင်အောင်ခုန်၍ တရုတ်တို့ကိုလုပ်ကြံကြသည်။ ထိုသို့လုပ်ကြံရာတွင် အနန္တပစ္စည်းကို နတ် ချင်းပစ်သော မြားသင့်သဖြင့် ကောင်းကင်က ကျ၍ ရှုံးချေ၏။ ယင်းသို့လျှင် တရုတ်တို့ ကလည်း ဗိုလ်ပါများလှသောကြောင့် အောင်ခြင်းသို့မရောက်နိုင်ချေ ။ ပျက်ပြန်၏။ တရုတ်တို့ကလည်း အမီပင်ထပ်၍ လိုက်လာသည်။ စစ်သူကြီးတို့လည်း ဗိုလ်ပါအရုံးအစု မပျက်အောင် အုပ်ချုပ်၍ပြန်ခဲ့သည်။ ပုဂံသို့ရောက် သော် မင်းအစရှိသော တစ်ပြည်လုံး မွန်ပြည်သို့ အလွတ်ခွာ၍ ပြေးလေပြီဖြစ်သော ကြောင့်ပုသိမ်သို့ လိုက်လေသည်။ တရုတ်တို့လည်း ထပ်၍လိုက်သည်။ တရုတ်မော် သို့ရောက်လျှင် ခရီးမြေတာဝေးသည် နှင့် စစ်သည်ဗိုလ်ပါများလှသော ကြောင့် အစားအသောက် စွန့်ပါး၍ ပြန်လေသည်။ သက္ကရာဇ် ခြောက်ရာ လေးဆယ့်ခြောက်ခု ရောက်သောအခါ ပြည့်နက္ခတ် သတ္တဗီသမပြည့်ခင် နှစ်ပါဒ်ကြွင်း၌ နရသီဟပတေ့ မင်းကြီးသည် တရုတ်ကိုကြောက်၍ ပြေးသည်။ ထို့ကြောင့် နရသီဟပတေ့ မင်းကြီးကို တရုတ်ပြေးမင်းဟု ခေါ်တွင်လေသည်။ (မှန်နန်း ၊ ၁ ၊ ၁၉၆၇ )။ ယူနန်အစိုးရမှ ပိုင်အိ ( Pai-I ) ကိုတိုက်တွန်း၍ ၁၂၇၁တွင် (၁၂၇၃တွင် နောက် တစ်ဖွဲ့စေလွှတ် ) ပုဂံသို့သံအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ ရာတွင်ပဏ္ဍာဆက်စေရန် ခြိမ်းချောက်၍ စတင်ထိပါး ခဲ့သည်။ (ထိုသံအဖွဲ့သည် ယူနန် သို့ပြန်လည်ရောက်ရှိလာ ခြင်းမရှိပါ ) ။ ၁၂၇၆ ယူနန်မှတ်တမ်း များအရ “ ကျွနု်ပ်တို့လူလွှတ်၍ သံအဖွဲ့၏သတင်းကိုစုံစမ်းစေသော် လည်း ပု (P'u)သူပုန်တို့ ကတားဆီးသော်ငြား နောင်တွင်ကျွန်ုပ်တို့ထံအ ညံ့ခံ၍ မတားဆီးတော့ချေ ။ လွှတ်လိုက်သောအဖွဲ့သည် ခရီးဆက်ရာ မြန်မာ (Mien) တို့ထံအရောက်တွင်ထိုသံအဖွဲ့ဘေးကင်းစွာ ရောက်ရှိကြောင်း သိရသည်။ (၁၂၇၇ တွင် မြန်မာတို့က အဟို (A-ho) ကိုနှစ်ရက် အကြာလာရောက် တိုက်ခိုက်ခဲ့သည်။ မအောင်မြင်ပဲနှင့် မည်သို့ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုကို ဖန်တီးသည့်ခေါင်းဆောင်ပေလဲ ။ အလွန်ဆိုးဝါးသော ရန်စခြင်းကိုပြုမူ လိုက်သည်ကို ၎င်းတို့နားလည်သင့်သည်။ မွန်ဂိုတို့ကပြန်လည် လက်တုံ့ပြန်ရန်နှေးကွေးနေလေ့ရှိသော လူစားမျိုးမဟုတ်ပါ။ ၁၂၇၇ ခုနှစ်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းMongols,Ts’uan, P’o and Mo-so လူမျိုးစုတို့ နှင့် အတူ ယူနန်ပြင်ပ ဒေသရှိ အိမ်ခြေယာခြေ အတည်နေလေ့ မရှိသောသူ ၃၈၅၀ယောက် ကို စည်းရုံးအုပ်ချုပ် ထားသော စစ်သေနာပတိ နာဆရီဒင် (Na sired-Din) ကိုစေလွှတ်၍မြန်မာ(Mien) နိုင်ငံကိုထိပါး တိုက်ခိုက် စေခဲ့သည်။ သူသည် သစ်လုံးခံတပ် ၃၀၀နှင့်အိမ်ထောင်စုပေါင်း ၃၆၂၀၀ ကိုကွပ်ကဲခွင့်ရှိသည်။ ရာသီဥတုကြောင့် ငဆောင်ချမ်း သို့ရောက်သော် ငြားလည်း တပ်ဖွဲ့ကို - ဆုတ်ခွာခဲ့ရသည်ဆို၏။ ငဆောင်ချမ်းသို့ရောက် ဟန်လည်းမတူပေ ။ နာဆရီဒင်ပိုင်သော - စစ်တပ်ပေါ်တွင် ယူနန်လူမျိုးတို့၏ အသက်များစွာတို့ တည်နေပါသည်။ သို့သော်လည်း သူနှင့်တကွ တရုတ် -ဧကရာဇ်တို့မှာ မြန်မာပြည်ကို အောင်မြင်စွာတိုက်ခိုက်ဖို့ ဆိုလျှင် မြောက်မြားစွာသောစစ်သည်အင်အား လိုအပ်မည်ကိုနားလည်ထားကြသည်။ ၁၂၈၃ ခုနှစ်၏ ဆောင်းဦးရာသီတိုင် အင်အားစုစည်းရန် မဖြစ်နိုင်သေးပေ ။ ၁၂၈၃ ခုနှစ်စက်တင်ဘာလတွင်အင်အားမည်မျှ ရှိမည်ကို မခန့်မှန်းနိုင်သောစစ်တပ်ကြီး ယူနန်မှ ရောက်လာခဲ့သည်။ နိုဝင်ဘာလ ၇ ရက်နေ့ -တွင် (Nan-tien) သို့ ရောက်ရှိသည်။ ၎င်းကိုအပိုင်း သုံးပိုင်းခွဲ ပြီး( T’ai pu ) မှသတ်မှတ်ထားသော လမ်းကြောင်းအတိုင်းချီကာ (lo-pi itaties)မှတဆင့် ( Mong Hum) သို့ ။ ထို့နောက် နိုဝင်ဘာ ၂၂ တွင်( Yagan-tigin )ကိုကျော်၍ (A-his (Nam Ti)and A-ho ( Ta-p’ing ) ) -လမ်းကြောင်း အတိုင်း ။ (Chen-(Kan-yai)) ကိုကျော်ဖြတ်ကာ လှေ ၂၀၀ ကိုတည်ဆောက်လျက် (Chiang-t’ou) မြစ်ကို ဖြတ်သန်း ခဲ့ကြ သည်။- ခေါင်းဆောင်သူမင်းသား( Prince -Sangqudar) သည် (Ta-p’ing) ၏ မြောက်ဘက် ( p’iao-tien) လမ်းကြောင်းအတိုင်း ချီလာပြန်၏။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် လမ်းကြောင်းများစွာ မှ ချီလာသော စစ်ကြောင်းတို့ ပေါင်းစည်းပြီး စတင်တိုက်ခိုက်ခဲ့ ကြပါတော့သည်။ (ကျွန်တော့ အမြင်ကား ၎င်းတို့သည် ငဆောင်ချမ်း စစ်ပွဲကိုဆိုးဆိုးဝါးဝါး တိုက်ရလိမ့်မည်ဟု ရည်ရွယ်ထားဟန် မရှိပါ )။ ဒီဇင်ဘာလ ၉ ရက်နေ့တွင်( Chiang-t’ou ) မြို့ကိုသိမ်းယူပြီး တိုက်ပွဲအတွင်း မှာ လူပေါင်း ၁၀၀၀ ကျော်ကို နှိမ်နင်းသတ်ဖြတ်ခဲ့ သည်။ စစ်သည်တို့ သဘောကျသော သုံ့ပန်းပေါင်း ၁၀၀၀၀ ကိုဖမ်းခေါ်ခဲ့သည်။ တရုတ် ဧကရာဇ်ထံသို့ ပထမဆုံး အစီရင်ခံစာကို ပေးပို့ရာ ၁၂၈၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်ရောက်သည်။ ဤအစီရင်ခံစာ တွင် မြန်မာ ဘုရင်ထံသို့ သမ္ဗန်စာပေးပို့ခဲ့သော်လည်း အကြောင်းမပြန်ကြောင်း ၊ ပုဂံရှိ မြန်မာလုူမျိုးတို့က ၎င်းတို့အား ကျူးကျော်သူများကို တရုတ်ဟု ခေါ်ကြောင်း ၊ ဖြစ်နိုင်သည်မှာ ဒေသကွာခြားမှုကြောင့် ဖြစ်မည် ထင်ကြောင်း တို့ပါဝင်သည်။ မွန်ဂိုတပ်မတော်တွင် အများစုအဖြစ် တူရကီ မျိုးနွယ်စုများ ဖွဲ့စည်းပါရှိသည်။ ပုဂံနေပြည်တော်သည် အလွယ်တကူ အလျော့မပေးခဲ့ပါ။ ၁၂၈၄ မေလ ၁၀ ရက်နေ့တွင် Quduq Tamar ၏ တပ်များနှင့် မြန်မာတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ရာ သူပုန်တို့-ကိုအပြီးအပိုင် ချေမှုန်းနိုင်ခဲ့သည်။ စစ်ကူလည်း စေလွှတ်ပေးခဲ့သည်။ ၁၂၈၅ ဩဂုတ်လ ၂၆ ရက်နေ့ ၊ ယူနန် - အစီရင်ခံစာ တွင် မြန်မာတို့ကို နှိမ်နင်းဖို့ဒီနှစ် တစ်နှစ်လုံးအချိန်ယူလို့ မဖြစ်ပါဘူးဟူ၍ဖြစ်သည် မြန်မာဘုရင်မှ ငြိမ်းချမ်းရေး အဖွဲ့ကို -စေလွှတ်ရာ ဒိသာပါမောက္ခ ကျောက်စာတွင်ရေးထိုး မှတ်တမ်းတင်ခဲ့သည်။ ဒါပေမယ့် ထိုခရီးစဉ်အကြောင်းမဆက်မီ မင်းနန်သူတွင် ကျွန်တော်တို့ရှာတွေ့ထားသောကျောက်စာကိုကိုးကား ကြည့်ချင်ပါ သေးသည်။ ၁၂၇၈ ခုနှစ် အတွင်းမှာ အနန္တ ပစ္စည်းအမတ်ကြီးသည် ထေရကျောင်းကြီးတစ်ဆောင် ဆောက်ရန်ပြင်ဆင်ခဲ့သည်မှာ သိက္ခာတော်ရ မဟာ-ကဿဖ-အရှင်အတွက် ကျောင်းကြီးတစ်ဆောင် မရှိဖူးသေး၍ ဖြစ်သည်။ ဤကျောင်း ကြီးဆောက်ဖို့မဆိုထားနှင့် ခြံဝင်းခတ်ရန်ပင် အပြီးမသတ်လိုက်ပေ ။ အနန္တပစ္စည်းအမတ်ကြီးကို ငဆောင်ချမ်းသို့စေလွှတ်ခံရသည်။ ထိုအရပ်တွင်ပင် အစောင့်အဖြစ် နေထိုင်သွားသည်။ အလောင်းစည်သူမင်းလက်ထက်တွင် ငဆောင်ချမ်းခံတပ် သည်အင်ပါယာကြီး၏မြောက်ဘက်နယ်နိမိတ်ဖြစ်ပြီး ကောင်းစင်ကို မြောက်ပိုင်း အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ထားရှိသည်။ အနန္တပစ္စည်း အမတ်သည် စွမ်းဆောင်ရည်ထက်မြက်သော နယ်ခြားစောင့် ကွပ်ကဲနိုင်သူဖြစ်သည်။ ဒီဇင်ဘာလ ၃ရက် ၁၂၈၃ တွင်မွန်ဂိုတို့သိမ်းယူသွားသော ငဆောင်ချမ်းစစ်ပွဲမှ အသက်ရှင် လွတ်မြောက်ခဲ့ရာသူသည် အနားယူတော့ မည် ။ ဒီဇင်ဘာလ ၉ရက် ၁၂၈၃ တွင် ကောင်းစင်ကျသွား သည်။ မွန်ဂိုတို့သည် တောင်ဘက်သို့ဆက်လက် ထိုးဖောက် လာပြီး ၁၂၈၄တွင် တကောင်းကို သိမ်းယူနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြောက် ပိုင်း ဒေသသည် တရုတ်တို့၏ နယ်ပယ်(Cheng Mein) ဖြစ်သွားသည်။ မြန်မာတို့သည် သျှင်ဒိသာပါမောက္ခ ခေါင်းဆောင်သော ငြိမ်းချမ်းရေးသံအဖွဲကို စေလွှတ်ခဲ့ရာ မွန်ဂိုတို့၏တပ်ဖွဲ့များကိုပြန်လည် ရုပ်သိမ်းပေးရန်အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည်။ ၎င်းကို သျှင်ဒိသာပါမောက္ခကျောက်စာတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ သက္ကရာဇ်၆၄၇ ခု အေဒီ-၁၂၈၅တွင် မြကသိုဝ်နှစ် ပြည် အနောက်ဘက် လှည်းကျနှိုတ် မင်းကြီးနေတော်မူ၏။ အနန္တပစ္စည်း၊ မဟာဗိုလ်ကို နင်တို့တရုပ်၏ အလားအလာကို သိအောင်မူလေဟုစေတော်မူ။ အနန္တပစ္စည်း မဟာဗိုလ် ဆို၏။ ဤအမှုကားကြီးစွာ ။ တုမ်တပဲလေ လွတ်ရသည်မရှိ၊၊သုဝဏ္ဏလိပ် ပြုအံသည်သူလည်းမရှိ၊၊ သျှင်ဒိဿပြမုတ်တည်းပါမူက အမှုဆောင်နိူင်အံ ။ ဤသို့ပန်ရကားငါကိုခေါ်၍ မင်းကြီးဤအမှုနှင်၏ ၊၊ ဤအမှုကား ကြီးစွ ။ သုဝဏရွှေပေလွှာကို မည်သူ ကရေး၍ ကျွန်ုပ်တို့ဘုရင်မှမွန်ဂိုတို့ ဘုရင် ထံမည်သူ့ ကို စေလွှတ်ရမည် မသိပါ။ သျှင်ဒိသာပါမောက္ခ ပါတော်မူလျှင်ကား အောင်မြင် ဖွယ်ရှိသည်။ ထို့ကြောင့် အများဆန္ဒနှင့် အသနားခံစာစေ၏။ မင်းကြီးသည် ငါ့ကိုယုံ၍စေလွှတ်ခြင်းဖြစ်သည်။ သစ်ဆိမ့် နှင့် ဟန်လင်း နှိုက် နေမူလေ၏ ၊။ သုဝဏ္ကလိပ်ပြု၍ တရုပ်မင်းကိုလွွှတ်၏။ တရုတ်မင်းဆို၏။ ဤသုဝဏ္ကလိပ်ကား မင်းလွှတ်သည်မဟုတ် ။ အမတ်တို့ လွှတ်လတ်သော ။ သုဝဏ္ကလိပ် တကား၊။ သုခမိန်ကား မင်းဝယ်လွတ်သောလှည့်ထ ။ ခေါ်ခြေ ငါသုခမိန်မူ အံ့ (ပြုအံ့) ဟုခေါ်၏ ၊၊ ပုဂံ မဟာရာဇ် (စသော)မင်းတို့က တမန်ကိုမချုပ်ရာ ၊ (ငါ) ကိုလျှင်ငါတို့ တမန်မူလျက်အံဟူ၍ ။ သုဝဏ္ကလိပ်ပြု၍ ငါကိုလွွှတ်၏၊ ။ တရုတ်ပြည် ရောက်လေ၏။ တရုတ်မင်းကား ပုဂံသို့ပို့စေဟူ၍ သုသုတ္တိက မင်းသားအားသူရဲ ၂၀၀၀၀ ။ ပုညဓမ္မိကာ မဟာထေရ် ၊ ဂြီဓမ္မက သင်္ဃာထေရ် ၊ နှင့်ထေအပေါင်း ၇၀ကား သင်တွယ် (သင်းတွဲ= တကောင်း ) ပြည်ရောက်အောင်လျှင် ချ၍နေစေသတည်း ။ သန်ထန်လာသည်( မိုးကျလာသည်) နှင့်အညီ နေစိမ့်ဟု တန့်စေ (နားစေ) သတည်း။ ငါရောက်လေ၏။ ထိုနှုက်တန့်လင့်သော အရှင်တို့သည် ငါ့ကိုဝ် လက်ဆောင်လက်နက်ဆက်၍ ဤသို့ဆိုလင့်၏။ ငါသျှင်ကိုမင်းတောင့်တစွ။ မင်းလေသဒ္ဓါစွ ။ ပုဂံသာသနာကိုငါတို့မပြုရကြောင်း ဆိုပါလေသော။ ငါလေ။ဤပုဂံ နေသော သူတို့၏။ နေရာကို လွန်ဖိရုယ်( လွန်ခဲ့၍) ယဆည်လျှင် ဝါဆိုလေ၏။ တန်ဆောင်မုန်းကားတယ်တူတက်လေ၏ ၊။ ပြာသိုရောက်လေ၏။ တရုတ်မင်းလည်း နှစ်လိုစွာရှိ၍ အမေးအမြူ စကားလျှင်ဆိုကြ၏။ ပြည်မှုကားမဆိုရ ။ အဆုံးမှ (ကား)ပြည်တယ် (တိုင်းရေးပြည်ရေး) စကားကိုဆိုကြလေ၏၊။ ပဏ္ဍိတ်ဤ ငါသူရဲ၂၀၀၀၀ နှင့် မဟာထေရ် သ-င်္ဃာထေရ်သျှင်နှင့် သာသနာပြုအံ့ ဟု နှင် (လွတ်)၏။ ငါဆိုလိုက်၏။ မဟာရစ် ဤသူရဲ အလုံး ၊ သင်္ဃာအလုံး စပါးရှိမှတည်း တည်ကြည်အံ။ စပါးကား ပြည်စည်းစိမ်အမြစ် မဟုတ်လော ။ ဤသူရဲတို့သည်ထန်းကိုတည်း ချက်၍စားပြီးကား ဝမ်းနာ၍မူသေကုန် မဟုတ်လော ကြွင်း သော သံင်္ဃာတို့လည်း ပြည်တွင်းမဝင်၍ ။ တောသို့ဝင်၍ သေကုန်ခံ သောတကား ။ မင်းကြီး မပြီးသော အမှုမဟုတ်လော ။ ဥယျာဉ်စိုက်သောယောက်ကျား ကား ။ ရေသွန်း၍ သစ်ပင်ကိုကြီးစေ၏၊ အညွန့်ကို မဆိတ်တကား ။ သစ်ပင်သီးပြီးသော အခါ မှ အသီးစား၏။ တံပြတိက် ပြည်ကိုလေ ရေသွန်းဦးလတ် သး ။ ငါမူလည်း သာသနာမြတ်စွာ ။ မင်းကြီးကား ဘုရား ဆုတောင်းသော သူမဟုတ်လော ။ အဖ-ဂေါတမ - သာသနာကို မပျက်စီးလေလတ်(လို)သိယ် (သော) ။ မင်းကြီးနိုင်သော ပြည်ကားများလဲများစွ ၊ ကြီးလဲ ကြီးစွ ၊တံပြတိတ်ပြည်ကားအငယ် တွယ်(အငယ်လေးတကား) ။ သာသနာရှိသောကြောင့်ရကား ဘုရားလောင်းတို့ကား ပြည်မြတ်၏။ သူရဲ (တို့ကို ) မဝင်စေလေသေး၊၊ ငါကားကောက်ပဲစိုက်လေဦးအ ံ့။ ကောက်ပဲပြီးပြီသောကား ဝင်၊ ဤသို့ဆိုပေသောတည်း ။ တရုတ်မင်းဆို၏။ ဤစကားတွင်ငါ့ဖို့လဲ ပါ၏။ ပဏ္ဍတ်လာ၍ ပြည် ပြည်သသျင် တို့ကိုခေါ်လေကောက်ပဲလေးစိုက်လေ ။ ပြီးပြီသော ငါကိုလွတ်လတ်တုံ ။ ဤသို့ဟူ၍ ငါလာရသတေ(တည်း) ။ အမှုလေလျာရလျှင်သတေ ။ (အမှုလေထမ်းရအောင် မြင်ရသတည်း ) ဤသို့- ငါ့ကျေးဇူးရှိရကား ငါကိုပေးတော်မူသော ၊ တန်လင်မြေ၄၀၀ ၊ ကြံတူမြေ သန် မုရင်း ပျိုးခင်းစုံ ၄၀၀ ၊ အပေါင်း မြေ ၈၀၀ ၊ကျွန်နွားအလုံး ရတနာ- ၃ ပါးကိုရည်၍ ပန်ပွတ်ရပ်စေတီနှိုက် လှူ၏။ သျှင်ဒိသာပါမောက္ခကျောက်စာတွင် ရေးထိုးထားသော အချက်အလက်များမှ မြန်မာ့ရာဇဝင်ကျမ်းများနှင့် တရုတ်အထောက်အထား များကိုပြန်လည်တိုက်ဆိုင် ဖြည့်စွက်ခြင်း နှင့် အမှားပြင်ဆင်ခြင်း ကို ကျွန်ုပ်တို့ပြုလုပ်နိုင်ပြီဖြစ်သည်။ ပထမဦးစွာပြောနိုင်သည်မှာကား ၁၂၇၃ ခုနှစ်တွင် ပုဂံသို့ စေလွှတ်လိုက်သော သံတမန်တို့ယူနန်သို့ ပြန်မရောက်သည်ဆိုငြား ပုဂံ-မင်းကြီးမှ သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်ပါပေ ။ အဖြစ်နိုင်ဆုံး ဟုယူဆဖွယ်ရာများမှာ ထိုအချိန်အခါက ၎င်းတို့သည် နယ်စပ်ဒေသ၌် လူရမ်းကားတို့ တိုက်ခိုက်ခြင်းခံရ၍ သေဆုံးပျက်ဆီးသွားခြင်းဖြစ်မည် ။ ဒုတိယအားဖြင့် ပုဂံမင်းကြီးသည် တရုတ်တို့ ရန်ကိုရှောင်ရန်အလို့ငှာ ပုသိမ်သို့ခိုလှုံ ပုန်းအောင်းသည် ဆိုရာမှာ မဟုတ်ပဲ-ပုဂံ (သို့) ပြည် ၏ အနောက်ဘက် ဒေသရှိ လှည်းကျ အရပ်တွင်သွားရောက် နေထိုင်ခဲ့ခြင်းပင်ဖြစ်သည်။ တတိယတွင်မူ ပုဂံမင်းကြီးသည် ၎င်းမှစေလွှတ်လိုက်သော မွန်ဂိုတို့နှင့်စစ်ပြေငြိမ်းရန် အကျိုးဆောင်နိုင်ခဲ့သူစာပေတတ်ပုဂ္ဂိုလ် ငြိမ်းချမ်းရေး သံအမတ် သျှင်ဒိသာပါမောက္ခအား မြေယာများနှင့် ကျွန်များချီးမြှင့်ခဲ့သည်။ ထိုအချိန်က သျှင်ဒိသာပါမောက္ခ ရေးထိုးထားခဲ့သော ခေတ်ပြိုင်ကျောက်စာသည် မြန်မာရာဇဝင်ကျမ်းများတွင်ရေးသားထားသော အကြောင်းအရာများ၏ အမှားအနည်းအများကို စစ်ထုတ်ကြည့်ရန် အကောင်းဆုံးသက်သေခံပင်ဖြစ်သည်။