တေဇောသာရ

ဝီကီပီးဒီးယား မှ
(ရှင်တေဇောသာရ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရှင်တေဇောသာရသည် အင်းဝခေတ်ဘုရင် နရပတိလက်ထက် အင်းဝမြို့တွင် ဖွားမြင်သည်ဟု အဆိုအပြောရှိကြ၏။ မိဘမည်ရည် ခုနှစ်သက္ကရာဇ်အထောက်အထားများကိုကား ရှာဖွေတွေ့ရှိခြင်း မရှိပေ။ သို့သော် ဆရာတော်သည် ကဗျာစာဆိုအကျော်အမော် ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ တပည့်ရင်း အနစာပေနှင့် ပိဋကတ်စာပေတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်၏။

ရှင်တေဇောသာရသည် ဝီသတိနိပါတ်လာ စူဠဟံသဇာတ်ကို မှီငြမ်းပြု၍ ]]ရွှေဟင်္သာမင်းပျို့]] ကို ဂေါစာသသက္ကရာဇ် ၈၇၁ ခု၊ သာသနာတော်နှစ် ၂၀၅၃ ခု ဝါခေါင်လပြည့် တနင်္လာနေ့ နေဝန်းပေါ်စ အချိန်တွင် ရေးသား၍ ပြီးဆုံးကြောင်း စာဆိုရှင်၏ နိဂုံးလင်္ကာစာပိုဒ်များအရ သိရှိရသည်။ ရှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့သာမက ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်တော်ခန်းပျို့၊ အာဒွသမုခပျို့ဟောင်းများကိုလည်း ရေးသားခဲ့သေးကြောင်း ပိဋကတ်တော်သမိုင်း အဆိုအရ ထပ်မံ၍ သိရ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရှင်တေဇောသာရ. ရွှေဟင်္သာမင်းပျို့