ရှင်ဉာဏ (ဒုတိယ မန်ကျည်းတောဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်ဉာဏ (၁၁၅၀ - ၁၂၁+) သည် မန်ကျည်းတောဆရာတော်ဟု သိကြသည့် ထင်ရှားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၅၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၃ ရက်နေ့တွင် တပယင်းမြို့၊ မြောက်လက်လေးရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်မြတ်သာနေနှင့် ရှင်သဒ္ဓါတို့ ဖြစ်ကြသည်။

အရွယ်ရောက်သည့်အခါ “ရှင်ဉာဏ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ အမရပူရမြို့ အနောက်မျက်နှာရှိ မန်ကျည်းတောတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဉာဏသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၁။