ရှင်ဉာဏိန္ဒ

ဝီကီပီးဒီးယား မှ

ရှင်ဉာဏိန္ဒ (၁၁၅၅ - ၁၂၂၂) သည် “ဒသမညောင်ကန်ဆရာတော်” ဟု လူသိများသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ဗဒုံမြို့၊ ညောင်ကန်ရွာတွင် ဖွားမြင်ခဲ့သည်။ မွေးဖွားခဲ့သည့် ရက်နှင့် လကိုမူ မသိရပေ။ ဆရာတော်၏ မိဘနှစ်ပါး၏ အမည်ကိုလည်း မသိရှိရပေ။ ဆရာတော်၏ ငယ်မည်မှာ “မောင်သူ” ဖြစ်သည်။

ငယ်စဉ်က အင်းဝမြို့တော် မဟာအောင်မြေဘုံစံအုတ်ကျောင်းတွင် သတ္တမညောင်ကန်ဆရာတော် (ဆရာတော်ဦးပိုး) ထံတွင် စာပေများ သင်ကြားခဲ့သည်။ အရွယ်ရောက်သည့်အခါတွင် “ရှင်ဉာဏိန္ဒ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဆရာတော် ဦးဗုဓ် အဋ္ဌမညောင်ကန်ဆရာတော်လက်ထက်တွင် ညောင်ကန်ရွာသို့ပြန်ကာ သီတင်းသုံးတော်မူခဲ့သည်။

၁၂၁၆ ခုနှစ် မင်းတုန်းမင်းလက်ထက်တွင် ရတနာပုံနေပြည်တော်သို့ ပင့်ဆောင်ကာ အိမ်တော်ရာစေတီတော် အနောက်မြောက် ချမ်းသာကြီးကျောင်းတိုက်ကို လှူဒါန်းခြင်း ခံခဲ့ရသည်။

ဆရာတော်သည် “ဉာဏိန္ဒာဘိပဏ္ဍိတပဝရမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ ၆၅ နှစ်တွက်သံဒိဋ္ဌပက္ခဒိန်၊

၂။ သူရိယသိဒ္ဓန္တဋီကာ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၄။