ရှင်ဉာဏဝံသ

ဝီကီပီးဒီးယား မှ

ရှင်ဉာဏဝံသ (၁၁၅၁ - ၁၂၁+) သည် “တောင်တွင်းဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၅၁ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ နားတောင်းရရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကျော်စံလှ ဖြစ်သည်။

ဆရာတော်သည် သာမဏေဝတ်ခဲ့သည့်အခါ “ရှင်ဉာဏဝံသ” ဟူသည့် ဘွဲ့ကို ယူခဲ့သည်။ ရဟန်းပြုသည့်အခါတွင်လည်း ထိုဘွဲ့ပင် ယူခဲ့သည်။

ရတနာပူရအင်းဝမြို့ မဟာမုနိဘုရားတောင်ဘက်တွင် ရှိသည့် တောင်တွင်းကြီးမြို့နှင့် ပုသိမ်မြို့စား မင်းသမီးက ဆောက်လုပ်ကာ လှူဒါန်းသည့် ဗဒုံကျောင်းတွင် စလင်းဇာတိ မိုးထိဆရာတော် ဦးပေါအီထံတွင် စာပေများ သင်ကြားခဲ့သည်။ ဆရာတော်ကို မင်းသမီးဝန်မောင်လူကလေးကက ကိုးကွယ်ခဲ့သည်။

ဆရာတော်သည် အမရပူရမြို့သို့ ရောက်သည့်အခါ မင်းသမီး၏ ကုသိုလ်တော် ဘုရားတောင်ဘက်ရှိ ခံတောကျောင်းတိုက်တွင်း၌ အချီတော်မောင်ရွှေချူက ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် “ဉာဏာဘိဝံသဓဇမဟာဓမ္မရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. တောင်တွင်းဆရာတော်ဟူ၍ ရှင်သီလဝံသရှင်ဉာဏ၊ ခင်ကြီးဖျော် (၁၀၈၆ - ၁၁၂၄)၊ ရှင်ပရမ (၁၀၉၇) ပရမသီရိဝံသဓဇမဟာဓမ္မရာဇဂုရုဟူ၍ ရှေးက သုံးပါး ထင်ရှားပေါ်ထွန်းခဲ့ဖူးသည်။ ရှင်ပရမ၏ ထေရုပ္ပတ္တိ အကျယ်မတွေ့ရချေ၊ ရှင်သုမန (၁၁၉၅ - ၁၂၇၆) ခင်ကြီးဖျော်၏ မြေးသည်လည်း တောင်တွင်းဆရာတော်ဟုပင် ထင်ရှားသည်။ ဤသို့အားဖြင့် တောင်တွင်းဆရာတော် ၅ ပါး ထင်ရှားသည်။ ဘိုးတော်ဘုရားလက်ထက် မဟာဒါန်ဝန်တိုက်ကျောင်းနေ ဧကနိပါတ်အဋ္ဌကထာနိသျကို စီရင်သော ရှင်ကေတု (ကေတုဓဇမဟာဓမ္မရာဇဂုရု) သည်လည်း တောင်တွင်းဆရာတော်ဟု ထင်ရှားသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၁၊ ၈၂။