မာတိကာသို့ ခုန်သွားရန်

ရှင်ဇာဂရ

ဝီကီပီးဒီးယား မှ

ရှင်ဇာဂရ (မင်းရွာဆရာတော်; ၁၀၈၅ − ၁၁၆၆) သည် ဇမ္ဗုဒီပအနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရ တံဆိပ်တော်ရ ဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၀၈၅ ခုနှစ်တွင် မတ္တရာမြို့၊ ဝါးရင်းတုတ်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည် ဦးသာစံ ဖြစ်သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်ဇာဂရ ဖြစ်သည်။ ထိုဘွဲ့ဖြင့်ပင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

အမရပူရမြို့တည် ဘိုးတော်ဘုရားသားတေ် အိမ်ရှေ့မင်းနှင့် အလယ်နန်းမိဖုရားတို့သည် ၁၁၄၉ ခုနှစ်တွင် ကျောင်းတော်ဆောက်လုပ်ကာ လှူဒါန်းသည်။ မင်္ဂလာစံလွှတ်သမိုက်၍ အလှူခံတော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းများပြုစုသည်ဟု ထင်ရှားမှု မရှိပေ။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၆၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၈။