ရှင်ဇနိန္ဒာဘိ

ဝီကီပီးဒီးယား မှ

ရှင်ဇနိန္ဒာဘိ (၁၁၁၀ − ၁၁၈၄) (ရေစကြိုဆရာတော်ဟု လူသိများကြသည်။) [မှတ်စု ၁] သည် အမရပူရပထမြို့တည် မင်းတရားကြီး၏ သမီးတော် ကနီမြို့စား အိမ်ရှေ့မိဖုရားကြီးက ကိုးကွယ်ခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၁၀ ပြည့်နှစ်တွင် ပုခန်းကြီးမြို့၊ ရေစကြိုရွာတွင် ဖွားမြင်ခဲ့သသည်။ အရွယ်ရောက်သည့်အခါ “ရှင်ဇနိန္ဒာဘိ” ဘွဲ့ဖြင[မှတ်စု ၂]့် ရဟန်းပြုခဲ့သည်။ ကနီမြို့စား အိမ်ရှေ့မိဖုရားကြီးက ကိုးကွယ်ခဲ့သည်။ အမရပူရမြို့ အရှေ့တောင်ွန်း မိုးထိတိုက်ဘုံသာဝေယန်ကျောင်းတော်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် ဇနိန္ဒာဘိသီရိပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၈၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ရေစကြိုတရားစာကို ရေးသားသော ဆရာတော်သည် မင်းတုန်းမင်းလက်ထက် ရှင်ဝရသမ္ဗောဓိ ဖြစ်သည်။ ရှင်ဝရသမ္ဗောဓိသည် ရေစကြိုဇာတိပင်ဖြစ်၍ ဓမ္မပဒဋီကာသစ်ကိုလည်း ပြုစုခဲ့သည်။
  2. ရှင်ဇောတယန္တဟူ၍ သာသနာဝံသဒီပနီ၌ ပြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၁။

}