ရှင်ဂုဏာစာရ (ပထမရွှေတောင်ဆရာတော်)
ရှင်ဂုဏာစာရ (၁၀၉၂ − ၁၁၇၂) သည် အမရပူရမြို့တည် မင်းတရားကြီး၏ သားတော် ပြည်မြို့စား ကိုးကွယ်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် ရွှေတောင်မြို့၊ ရွှေနတ်တောင် မင်းရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးရွဲ ဖြစ်သည်။
အသက် ၁၃ နှစ်အရွယ်တွင် သာမဏေ ဝတ်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းဘောင်သို့ ဝင်ခဲ့သည်။ ရဟန်းဘွဲ့မှာ “ရှင်ဂုဏာစာရ” ဖြစ်သည်။
ပြည်မြို့စားသည် ကိုးကွယ်၍ မြို့တော် အရှေ့တောင်ယွန်း ရွှေတောင်တိုက်တွင် ကျောင်းဆောက်ကာ တုလွတ်ဘုံစံသမိုက်လှူဒါန်းသည်။ ဂုဏမုနိန္ဒာလင်္ကာရသဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်[မှတ်စု ၁] ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၁၇၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါတို့ ဖြစ်ကြသည်။
၁။ စတုက္ကနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊
၂။ ပဉ္စကနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊
၃။ ဝီထိလက်ရိုး၊
၄။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ၊
၅။ သုဗောဓာလင်္ကာရနိသျ။
မှတ်စု
[ပြင်ဆင်ရန်]- ↑ ပိဋကတ်သမိုင်းတွင် ဂုဏာဘိပရမ မဟာဓမ္မရာဇာဓိရာဇဂုရုဟူ၍ ပြသည်။ သာသနာလင်္ကာရ ၁၉၇ တွင် ကဝိန္ဒာဘိ သဒ္ဓမ္မပဝရမဟာဓမ္မရာဇာဂုရုဟူ၍ ပြသည်။ ပြည်ဆရာတော်ဟုလည်း ထင်ရှားသည်။