ရှင်ဂုဏာစာရ
ရှင်ဂုဏာစာရ (၁၀၈၀ − ၁၁၃*)သည် ဒုတိယကျော်အောင်စံထားဆရာတော်ဟု လူသိများကြသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ရတနာပုရအင်းဝမြို့ အရှေ့ဘက်တွင် ဆင်ဖြူရှင်းမင်းတရားကြီး၏ အမှုတော်ထမ်းအရွတ်ဝန် ဆောက်လုပ်ခဲ့သည့် ကြေးနီးကျောင်းတွင် သီတင်းသုံးတော် မူသည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို အင်းဝမြို့တောင်ဘက် ငစင်ရိုင်းရွာတွင် သက္ကရာဇ် ၁၀၈၀ ပြည့်နှစ်၌ ဖွားမြင်ခဲ့သည်။ ဆရာတော်သည် ကျမ်းဂန်တတ်မြောက်သည့်အပြင် ဉာဏ်မှ ထိုးထွင်းနက်နဲထက်သန်သည်။ မြန်မာစာပေ အခြေမှီငြမ်းတစ်ဆူဖြစ်သည့် ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်ဖွင့်ပြသည့် “ဝေါဟာရတ္ထပကာသနီကျမ်း” ကို ရေးသားခဲ့သည်။[၁]
အမည်တွင်ပုံ
[ပြင်ဆင်ရန်]ဟံသာဝတီရောက်မင်းဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းရံတစ်ရာရှိ ကျော်အောင်စံထားအမည်ရှိသည့် ကျောင်းတော် ရှိ၏။ ထိုကျောင်းတော်တွင် မာဂဓအဘိဓာန်ကို ပြန်ဆိုခဲ့သည့် ပထမကျောင်းထိုင်ဆရာတော် ရှင်ဉာဏဝရသည် ပျံလွန်တော်မူခဲ့သည်။ ထိုအခါ ဆရာတော်သည် ထိုကျောင်းသို့ ပြောင်းကာ သီတင်းသုံးခဲ့ရာမှ “ဒုတိယကျော်အောင်စံထားဆရာတော်” ဟု အမည်တွင်ခဲ့သည်။ (တတိယ၊ စတုတ္ထကျော်အောင်စံထားဆရာတော်များလည်း ရှိသေးသည်။) [၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]၁။ မာဂဓအဘိဓာန်ဋီကာ နိသျဟောင်း (၁၁၄၀)၊
၂။ ဂုတ္တောဒယ ဆန်းနိသျနံကျယ် (၁၁၅၁)၊
၃။ ဝေါဟာရတ္ထပကာသနီကျမ်း (၁၁၃၁)၊
၄။ ဝံသဒီပနီ။[၁]