ရှင်ဂုဏဝံသ

ဝီကီပီးဒီးယား မှ

ရှင်ဂုဏဝံသ (၁၂၂၃ - ၁၂၉၇) သည် “ဒုတိယသဒ္ဓမ္မဇောတိကာရာမဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၂၃ ခုနှစ်၊ တပို့တွဲလဆုတ် ၁၁ ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးထွန်းဦး-ဒေါ်သဲကြာ ဖြစ်သည်။

ငယ်စဉ်က ညောင်ချောင်းရွာ ခါးပန်းနီဘုန်းတော်ကြီးထံ၌လည်းကောင်း၊ ကလျာဏီဘုန်းတော်ကြီးထံ၌လည်းကောင်း စာပေများ သင်ကြားခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းပြု၍ ဆကာကြီးရွာလယ်ပြင်ကျောင်း၌ စာပေများ သင်ကြားခဲ့ပြန်သည်။ ထို့နောက် ဓနုဖြူမြို့ သဒ္ဓမ္မဇောတိကာရာမတိုက်သို့ ရွှေ့ပြောင်းကာ ပိဋကတ်တော်များကို သင်ယူခဲ့သည်။ ဆရာတော်သည် စစ်ကိုင်းခရိုင် ခင်မွန်ရွာ မဟာဗောဓိတောရဆရာတော်ထံ၌လည်း ဆည်းကပ်ဖူးသည်။

၁၂၈၀ ပြည့်နှစ်တွင် သံဃဒတ္ထိယအနုနာယကဘွဲ့ကို ခံယူ၍ ၁၂၈၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၉၇ ခုနှစ်၊ ပြာသိုလဆုတ် ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ သာဓုပသာဒက၊

၂။ စာဏကျနီတိနိသျ၊

၃။ သာဓုသမာစာရ၊

၄။ ဝါဒါနုဝါဒအနုဓမ္မပါဌ်၊

၅။ သာဓုပတ္ထပူရဏီပါဌ်နိသျ၊

၆။ ကမ္မပိလောတိကဝိနိစ္ဆယပါဌ်နိသျ၊

၇။ ရူပိယဒါနာဒိဝိနိစ္ဆယ၊

၈။ မဂ္ဂပကာသနီကျမ်း၊

၉။ ပဋိပတ္တိပကာသနီ၊

၁၀။ ပဋ္ဌာန်းပဉှာဝါရပါဌ်နိသျ၊

၁၁။ ပစ္စဝေက္ခိတဗ္ဗသုတ်နိသျ၊

၁၂။ ဒေဝဒူတသံဝေဇနိယ၊

၁၃။ အာမဂန္ဓသုတ်နိသျ၊

၁၄။ ဒွါရဂိုဏ်းစည်းမျည်း၊

၁၅။ ကမ္မာကမ္မဝိနိစ္ဆယ၊

၁၆။ အာသန္နဒါနာဒိဝိနိစ္ဆယ၊

၁၇။ ပုဗ္ဗကောဋိဝိနိစ္ဆယ၊

၁၈။ စတုဘာဏဝါရမဟာပရိတ္တနိသျ၊

၁၉။ ဝုဍ္ဎာပစာယနဝိနိစ္ဆယ၊

၂၀။ နဝင်္ဂသီလဝိနိစ္ဆယ၊

၂၁။ ပဋိသမ္ဘိဒါပတ္တဝိနိစ္ဆယ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၇၊ ၁၇၈။