ရှင်ဂုဏ

ဝီကီပီးဒီးယား မှ

ရှင်ဂုဏ (၁၁၁၆ − ၁၁၉၇) သည် ပုဂံနတ်ထောင့်ဆရာတော်ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၁၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ပုဂံမြို့စီရင်စု မြစ်မြောက်ဘက် ကူရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးညိမ် ဖြစ်သည်။ ငယ်စဉ်ကပင် သာမဏေဝတ်ခဲ့သည်။ အရွယ်ရောက်သည့်အခါ “ရှင်ဂုဏ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

ဆရာတော်ကို ရတနာပူရစတုတ္ထမြို့တည် မင်းတရားကြီးညီတော်၊ မြင်စိုင်းမင်းနှမတော် ရွှေတောင်မင်းသမီးတို့ ကိုးကွယ်ခဲ့သည်။ မြို့တော်မြောက်မျက်နှာ ဗားကရာကျောင်းကြီးတွင် ဘုံလေးဆင့်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ရတနာပူရမြို့သို့ ရောက်သည့်အခါ ဘုံကျောင်းတိုက်၏ အရှေ့တောင်ယွန်းတွင် ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့ပြန်သည်။ ဆရာတော်သသည် ဂုဏာဘိပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ကို ရရှိခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၉၇ ခုနှစ်၊ တန်ခူးလတွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၃၊ ၄၄။