ရှင်ခေမာစာရ
ပုံပန်းသွင်ပြင်
ရှင်ခေမာစာရ (၁၁၁၆ − ၁၁၉၆) သည် ရတနာပူရစတုတ္ထမြို့တည် မင်းတရားကြီး လက်ထက်တော်အခါက ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် ရွှေဘိုမြို့၊ ရှားတောရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးဘောဂ ဖြစ်သည်။
ရဟန်းဝတ်သည့်အခါ ဘွဲ့အမည်မှာ “ရှင်ခေမာစာရ” ဖြစ်သည်။ ဆရာတော်ကို ရတနာပူရ စတုတ္ထမြို့တည်မင်းတရားကြီးလက်ထက် ဟံသာဝတီမြို့ဝန် ဝန်ကြီးမောင်ခိုင်က ကိုးကွယ်သည်။ ဆရာတော်သည် ဝန်ကြီးနှင့်အတူ ရန်ကုန်သို့ ကြွရောက်ကာ သီတင်းသုံးတော်မူသည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၁၉၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းများ ပြုစုခဲ့သည်ဟု ထင်ရှားမှု မရှိပေ။[၁]