ရှင်ကေတု

ဝီကီပီးဒီးယား မှ

ရှင်ကေတု (၁၁၀၇ − ၁၁၇၇) သည် ဟန်လင်းဆရာတော်ဟု သိကြသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို သက္ကရာဇ် ၁၁၀၇ ခုနှစ်တွင် ထန်းတပင်မြို့၊ စည်ပုတ္တရာ ကြည်ရွာကုန်းရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးအောင်ကုလားနှင့် ဒေါ်ငြိမ်းမြတ်တို့ ဖြစ်ကြသည်။

အရွယ်ရောက်သည့်အခါ “ရှင်ကေတု” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုသည်။ တရားစစ်ဝန်ထောက်ကြီးက ကိုးကွယ်ခဲ့သည်။ ဝိနည်းဓိုရ်ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အသက် ၇၀ အရွယ်တွင် လူဝတ်လဲကာ အမရပူရမြို့တည် မင်းတရား၏ သားတော် ပြည်မင်းထံတွင် အမှုထမ်းခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၁၁၇၇ ခုနှစ်တွင် ဆင်ဖြူကျွန်းအရပ်တွင် လူဝတ်နှင့် အနိစ္စရောက်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၀။