ရှင်ကဝိန္ဒာဘိ (ပင်းဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်ကဝိန္ဒဘိ (၁၁၅၅ - ၁၂၁၂) သည် “ပင်းဆရာတော်” ဟု သိကြသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၅၅ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်နေ့တွင် မိတ္ထီလာမြို့၊ သပြေကုန်းရွာတွင် မောင်ကြာ - ရှင်ဖြူတို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်လွမ်းပြေ ဖြစ်သည်။

ရှင်သာမဏေပြုသည့်အခါ “ရှင်ကဝိန္ဒ” ဘွဲ့ကို ယူခဲ့သည်။ ရဟန်းပြုသည့်အခါ “ရှင်ကဝိန္ဒာဘိ” ဘွဲ့ကို ယူခဲ့သည်။ ရတနပူရစတုတ္ထမြို့တည် မင်းလက်ထက်တွင် မြို့တော်အတွင်းရှိ လောကထိပ်ဦးဘုရားတောင်ဘက်ရှိ မဲထီးကျောင်းတိုက်တွင် ရေနံချောင်းမြို့စားဝန်ကြီး မောင်တုတ်ကြီးက ဆောက်လုပ်သော သုံးထပ်ကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။

ဆရာတော်သည် “ကဝိန္ဒာဘိသီရိသဒ္ဓမ္မမဟာဓမ္မရာဇဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၂ ခုနှစ်တွင် မိတ္ထီလာနယ်၌ ဘုရားတည်တော်မူနေစဉ် မိုးကောင်းတောင်နှာမောင်းတောကျောင်းတွင် တောမီးသင့်၍ ပျံလွန်တော်မူခဲ့သည်။ ယင်းတော်မြို့နယ်၊ ရှမ်းမငယ်ရွာသို့ ပင့်ဆောင်ကာ သင်္ဂြိုဟ်ခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်နိသျသစ်၊

၂။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်နိသျသစ်၊

၃။ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်နိသျသစ်၊

၄။ မဟာဝဂ္ဂသံယုတ်ပါဠိတော်နိသျသစ်၊

၅။ မနောရထပကာသနီဆေးကျမ်းပါဌ်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၃။