ရှင်ကဝိဓဇ

ဝီကီပီးဒီးယား မှ

ရှင်ကဝိဓဇ (၁၁၉၂ − ၁၂၉၉) သည် သီပေါမင်းလက်ထက်တွင် ထင်ရှားသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင်၊ မိတ္ထီလာကန်တော်အောက် ခြောက်ပင်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေမင်း ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးမြ − ဒေါ်ဖွေး ဖြစ်သည်။ ငယ်စဉ်က သိမ်ကျောင်းဆရာတော် ရှင်ပဏ္ဍိစ္စထံတွင် စာပေများ သင်ကြားခဲ့သည်။ အသက် ၂၀ အရွယ်တွင် “ရှင်ကဝိဓဇ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။

သုံးဝါအရတွင် မန္တလေးမြို့သို့ ကြွခဲ့သည်။ ဘုရားကြီးဆရာတော်ထံတွင် ပညာဆက်လက်ဆည်းပူးကာ စာပေပို့ချခဲ့ပြီးနောက် ဇာတိ ခြောက်ပင်ရွာသို့ ပြန်ကြွခဲ့သည်။ ဆရာတော်သည် ၁၂၃၃ ခုနှစ်တွင် လူဝတ်လဲခဲ့ရာ “ဦးကဝိ” ဟုပင် တွင်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဦးကဝိသည် ၁၂၆၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဦးကဝိသည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။

၁။ မဏိဇောတိရယ် (ဋီကာကျော်ယောဇနာ)၊

၂။ သင်္ဂြိုဟ်ယောဇနာ၊

၃။ မိလိန္ဒပဉှာပါဠိတော်နိသျ၊

၄။ ဗုဒ္ဓဝင်ပါဠိတော်နိသျ၊ ၅။ ဘုရားကြီးနိယံအဖြေ၊

၆။ ကမ္မဝါ ၉ ခန်းနိသျ၊

၇။ နမက္ကာရနိသျ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၀၊ ၁၁၁။