ရှင်ကလျာဏဝံသ

ဝီကီပီးဒီးယား မှ

ရှင်ကလျာဏဝံသ (၁၁၃၁ - ၁၂၁၂) သည် “ကျောင်းကြီးဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၃၁ ခုနှစ်တွင် ပင်းမြို့၊ မဲထီးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ဝက်” ဖြစ်သည်။ ရှင်ပြုသည့်အခါ ဘွဲ့တော်မှာ “ရှင်ကလျာဏ” ဖြစ်သည်။ အရွယ်ရောက်သည့်အခါ “ရှင်ကလျာဏဝံသ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။

အင်းဝမြို့ အနောက်တောင်ထောင့် မဟာအောင်မြေဘုံစံကျောင်းတိုက်တွင် စလင်းသာသနာပိုင်ဆရာတော်ထံ၌ ပညာသင်ကြားခဲ့သည်။ ထို့နောက်တွင် သူကြွယ်မောင်ရွှန်း ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် အမရပုရမြို့သို့ ရောက်သည့်အခါ အာသောကာရာမတိုက် ရတနာဘုံကျော်ကျောင်းတွင် စလင်းသာသနာပိုင်ဆရာတော်ကြီးထံ၌ပင် ပညာဆက်လက်သင်ကြားခဲ့သည်။ မဟာရံတံတိုင်းအတွင်း အနောင်တောင်ထောင့် သုံးထပ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ကလျာဏဝံသာဘိဓဇမဟာဓမ္မရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၂ ခုနှစ်၊ နတ်တော်လတွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၅။