ရွှေဥမင်စေတီတော်

ဝီကီပီးဒီးယား မှ

ရွှေဥမင်စေတီတော် သည် ရှမ်းပြည်တောင်ပိုင်းပင်းတယမြို့တွင် တည်ရှိသည်။ စေတီတော်သည် ပင်းတယမြို့ရှိ ကျောက်လိုဏ်ဂူကြီးထဲတွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးချိန် သက္ကရာဇ် ၁၄၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့တွင် အသောကမင်းကြီးသည် ဓတ်တော်တို့ကို ဝေမျှကာ စေတီတော် ၈၄၀၀၀ တည်ခဲ့သည်။ မင်းကြီးသည် အနေတတ္ထနဂါးမင်းစံတော်မူရာ ပင်းတယကန်အနီး လိုဏ်ဂူတွင်းတွင် စေတီတော် တည်ခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရာတွင် ဓာတ်တော်တို့ကို ပင့်ဆောင်ခဲ့၏။ ထိုနောက် ပင့်ဆောင်ခဲ့သည့် ဓာတ်တော်များကို စေတီတော်တွင် ဌာပနာခဲ့သည်။ ထို့ပြင် စေတီတော်ကို ထပ်မံကာ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။

ဒါယကာများသည် အစဉ်အဆက် ပြုပြင်ခဲ့သဖြင့် နံရံတွင် ကျောက်သားများကို ရုပ်ပွားတော်များ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဂူ၏ နံရံတွင် ကျောက်သားအလွတ်မရှိသလောက် ဖြစ်သွားသည်။

ဂူအဝင်ဝသည် တောင်အတက်လမ်းခုတ်ပိုင်းတွင် တည်ရှိ၍ စောင်းတန်းလှေကားဖြင့် တက်ရသည်။ မန္တလေးတောင်ရသေ့ကြီး ဦးခန္တီသည် စောင်းတန်းပြာသာဒ်များကို ဆောက်လုပ်ကာ လှူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၅၅၊ ၂၅၆။