ရွှေသင်ဖြူးစေတီတော်

ဝီကီပီးဒီးယား မှ

ရွှေသင်းဖြူးစေတီတော် သည် ရှမ်းပြည်နယ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၃၇၉ ခုနှစ်တွင် ဖြစ်၏။ အနော်ရထာမင်းသည် ဂန္ဓာလရာဇ်တရုတ်ပြည်သို့ မြတ်စွယ်တော်ပင့်ရန် သွားပြီးနောက် အပြန်တွင် မောပြည်သို့ ရောက်ခဲ့သည်။ မောကိုးပြည်ကို အစိုးရသည့် မင်းသည် အနော်ရထာအား အဆင်းအင်္ဂါနှင့် ပြီးပြည့်စုံသည့် သမီးဖြစ်သူ "စောမွန်လှ" နှင့် ရွှေသင်ဖြူးငါးချပ်ကို ဆက်သခဲ့သည်။

ထိုအခါ အနော်ရထာသည် ရွှေသင်ဖြူးငါးချပ်ကို အရိန္ဒမာရွှေစကြာဖြင့် ရိုက်လိုက်သည့်အခါတွင် တစ်ချပ်တည်း ဖြစ်သွားခဲ့သည်။ ထိုရွှေသင်ဖြူးကို မောမင်းအား လက်ဆောက်အဖြစ် ပြန်လည်ပေးခဲ့သည်။

မောမင်းသည် ထိုရွှေသင်ဖြူးများကို နောင်လာနောက်သားများ မှတ်သားရစေလေအောင် ဌာပနာက စေတီတစ်ဆူ တည်ထားခဲ့သည်။ ထိုစေတီသည် ရှမ်းပြည်မြောက်ပိုင်း နမ့်မောခေါ် ရွှေလီမြစ်၏ လက်ယာဘက်ကမ်းတွင် တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၅၀၊ ၁၅၁။