ရွှေမြင်တင်စေတီတော် (သီဟတော)

ဝီကီပီးဒီးယား မှ

ရွှေမြင်တင်စေတီတော် သည် သပိတ်ကျဉ်းနယ် ရွှေမြင်တင်တောင်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သီဟတောဘုရားနှင့် မျက်နှာချင်ဆိုင်တွင် ရှိ၏။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၆၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးသည် သရက္ခံရုပ်ပွားတော်ကို ဌာပနာ၍ အညာသီဟတောဘုရားကို ပြုပြင်ရန် စစ်သည်တို့နှင့်အတူ ချီတက်လာ၏။ ထိုအခါ မှူးမတ်များသည် ကောင်းမှုပြုလိုသဖြင့် မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည့် ရွှေမြင်တင်တောင်ပေါ်တွင် စေတီတော်ကို တည်ကာ ဓာတ်တော်များ ဌာပနာခဲ့ကြသည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • စေတီတော်သည် ပြိုပျက်ခဲ့သဖြင့် ၁၃၁၄ ခုနှစ်တွင် ရာကျော်ဆရာတော် ဦးဆောင်ကာ ပြုပြင်ခဲ့သည်။ ထိုသို့ ပြုပြင်စဉ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
  • ၁၃၁၉ ခုနှစ်တွင် ထီးတော်ကို မိုးကြိုးထိမှန်ခဲ့သဖြင့် သစ်တောမင်းကြီး ဦးစောလင်းက ပြုပြင်ခဲ့သည်။
  • မန္တလေးမြို့မှ ဦးအေး၊ ဒေါ်အေးတို့သည် ရွှေသင်္ကန်းကပ်လှူကာ မွမ်းမံခဲ့သည်။[၁]

ယုံကြည်မှုများ[ပြင်ဆင်ရန်]

ထိုတောင်ပေါ်တွင် ဥစ္စာစောင့်များ၊ သူတော်သူမြတ်များ လာရောက်ကြသည်ဟု ယုံကြည်မှုများ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၃၈၊ ၂၃၉။