မာတိကာသို့ ခုန်သွားရန်

ရွှေမျက်ပါး

ဝီကီပီးဒီးယား မှ
မန္တလေးမြို့ရှိ ရွှေမျက်ပါးခတ် လုပ်ငန်းခွင်တစ်ခု

ရွှေမျက်ပါးခတ်သည့် လုပ်ငန်းကို လွန်ခဲ့သည့် အနှစ် ၂ဝဝ ခန့် ကစ၍ မြန်မာတို့ တတ်ကျွမ်းခဲ့လေသည်။ မြန်မာတို့သည် ယိုးဒယားတို့ထံမှ ယင်းအတတ်ကို ရခဲ့ကြသည် ဖြစ်သော်လည်း ယခုအခါ မြန်မာ့လက်ရာ ရွှေမျက်ပါးလောက် ယိုးဒယား လက်ရာ ရွှေမျက်ပါးက မကောင်းတော့သဖြင့် ဝယ်သူနည်း သောကြောင့် ယိုးဒယား၌ ထိုလုပ်ငန်း တိမ်ကောမည့်အခြေ ရောက်နေလေပြီ။

ရွှေမျက်ပါး

[ပြင်ဆင်ရန်]

ဘုရားပုထိုး ရုပ်တု သစ်စေးထည်များကို ရွှေရောင်တင် ရန်၊ သို့မဟုတ် ရွှေချရန်အတွက် ရွှေစစ်ကို အလွန်ပါးလှပ် သော အလွှာကလေးများအဖြစ် ပြုလုပ်ပြင်ဆင်ထားသည့် ရွှေမှုန်လွှာကို ရွှေမျက်ပါးဟု ခေါ်သည်။ ရွှေမျက်ပါးကို ရွှေချ ရန်သာမဟုတ်၊ ဆေးဖော်စပ်ရာ၌လည်း အသုံးပြုသည်။ ဆေး တွင် ရွှေxည့္ဖော်ရန် လိုသောအခါ ရွှေတုံးကို အမှုန့်ထောင်း ရန် မလွယ်သဖြင့် ရွှေမျက်ပါးမှ ရွှေမှုန့်ကို ခါယူ၍ ထည့်ကြ သည်။ ဝတ္ထုပစ္စည်းတစ်ခုကို ရွှေဖြင့် အရောင်တင်လိုသောအခါ ယင်းကို စေးကပ်သောသစ်စေး သရိုး လိမ်းသုတ်၍ အဆိုပါ ရွှေမျက်ပါးတို့ဖြင့် စီကပ်ခြင်း ပြုရသည်။ မြန်မာတစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် ရွှေဆိုင်းပေါင်း နှစ်သိန်းကျော် အသုံးပြုသဖြင့် တစ်နှစ်လျှင် ပုရပိုက်ခေါက်ရွှေ ပိဿာတစ်ရာခန့် ရွှေမျက်ပါး ခတ်ရသည်။ ရွှေမျက်ပါးခတ်သည့် လုပ်ငန်းသည် နိုင်ငံခြား၌ မဖြစ် သော မြန်မာ့အနုပညာလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ရွှေမျက်ပါး လုပ်ငန်းကို မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်း ၂ဝဝ ကျော်က စတင် လုပ်ကိုင်ခဲ့ဟန်တူသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် ယိုးဒယား နိုင်ငံကို ဆင်ဖြူရှင်မင်းအောင်ခဲ့စဉ်က ခေါ်ယူခဲ့သည့် အနုပညာ သည် သုံ့ပန်းများအနက် ရွှေခတ်ပညာသည်များ ပါရှိခဲ့ရာမှအစ မြန်မာနိုင်ငံ၌ ရွှေမျက်ပါးခတ်လုပ်ငန်း စတင်လုပ်ကိုင်ပြီး ရှမ်း ပြည်မှ မြန်မာပြည်သို့ ပြန့်ပွားလာသည်ဟု ဆိုကြသည်။ ယိုးဒယားတို့ထံမှ ရွှေခတ်အတတ်ကို ရှမ်းဆရာဆရာမွန်က ရရှိ ၍ ဆရာမွန်ကတစ်ဆင့် မြန်မာတို့အား သင်ကြားပေးသဖြင့် တတ်မြောက်လာသည်ဟု ယူဆဖွယ် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရွှေခတ်သမားများသည် ယခုထက်တိုင် ဆရာမွန်အား ပူဇော်နေကြသည်ကို ထောက်၍ သိသာသည်။ ရွှေခတ်သော အခန်းထဲ၌ အချို့က ကြက်၊ ကောက်ည|င်း၊ ဗိလတ်ရည်၊ အချို့က ကြက်၊ အရက်တို့ဖြင့် နတ်ပူဇော်သည်ဟု ဆိုကာ ဆရာမွန်နှင့်တကွ သေဆုံးကုန်ပြီးဖြစ်သော ဆရာကြီးများအား ပူဇော်ကြသည့်အလေ့သည် ယခုတိုင် ရှိသည်။ ရွှေခေတ်ပညာကို ရှေးနှစ်ပေါင်း ၂ဝဝ ကျော်က စတင် တတ်မြောက်ကြသည်ဟု ဆိုသော်လည်း အမှန်အားဖြင့် မင်း တုန်းမင်းတရားကြီးလက်ထက်ရောက်မှ ဘုရင်၏ အားပေးချီး မြေ|ာက်မှုကြောင့် ထွန်းကားလာခဲ့သည်။ မင်းတုန်းမင်းတရား ကြီးသည်အသစ် ဆောက်လုပ်ပြီးသော နန်းတော်နှင့် ဘုရား ပုထိုးများကို ရွှေချရန် ရွှေတိုက်တော်မှ စံတော် ရွှေတုံးများကို ထုတ်ပေး၍ ရွှေခတ်ပညာသည်များအား ရွှေမျက်ပါးခတ်စေ သည်။ ယင်းသို့ ရွှေမျက်ပါးခတ်ရန် ခန့်ထားသော ပညာသည် များ လုပ်ကိုင်နေထိုင်ရန် ယခု မျက်ပါးရပ်တည်ရာ နေရာကို ရွေးချယ် သတ်မှတ်ပေးပြီးနောက် ဟေမမာလာ မျက်ပါးရပ်ဟု ခေါ်တွင်စေရာ ယခုတိုင် မန္တလေး မြို့၌ ထင်ရှားရှိသည်။ ဟေမ မှာ မြန်မာဘာသာဖြင့် ရွှေဟု ဖြစ်သည်။ ရွှေမျက်ပါးတို့သည် ဘုရားပုထိုး အစရှိသော အထွတ် အမြတ်နေရာတို့၌ အသုံးပြုသော ပစ္စည်းဖြစ်သဖြင့် ရွှေမျက်ပါး ခတ်ရာ အခန်းထဲသို့ ရိုသေသမှုဖြင့် မည်သူမျှ ဖိနပ်မစီးရန် မင်းတရားကြီးက အမိန့်တော်ချခဲ့ သည်ဟုလည်း ဆိုသည်။ ယခုတိုင် ရွှေခတ်ရာ အခန်းထဲသို့ ဖိနပ်စီးဝင်ခြင်း မပြုရ ချေ။ ရွှေခတ်သူတို့ အယူရှိသည်မှာ ရွှေခေတ်သူသည် ညဉ့်အိပ် ပျက်ခဲ့လျှင် ဖြစ်စေ၊ စိတ်အနှောင့်အယှက်ဖြစ်၍ စိတ်မချမ်း မသာ ဖြစ်နေလျှင် ဖြစ်စေ ထိုသူခတ်သော ရွှေသည် မလှ ဖြစ် တတ်သည်ဟု ဖြစ်သည်။ ရွှေမခတ်မီနှင့် ရွှေခတ်နေစဉ်တွင် ဆီ၊ ဆပ်ပြာနှင့် ရေကို လုံးဝမသုံးစွဲရချေ။ သုံးစွဲမိပါက လက်ဆီ မထွက်တော့ဘဲ တူထုရာတွင် လိုရာမကျသဖြင့် ရွှေမလှ ဖြစ် တတ်သည်ဟု ဖြစ်သည်။ ရွှေခတ်သူ လက်မတွေ့ပါက ရွှေမလှ ရုံမက ရွှေခတ်စက္ကူပါ ပျက်စီးသွားတတ်သည်။ ရွှေမျက်ပါးတို့ သည် ရွှေခတ်သူအပေါ်၌သာ မဟုတ်၊ ရာသီဥတုပေါ်၌လည်း တည်သည်။ ရာသီဥတုပြင်းထန်လွန်းလျှင် ရွှေခတ်၍ မကောင်း ချေ။ ထိုကြောင့် ရန်ကုန်မြို့၌ မိုးတွင်းအချိန်တွင် ရွှေမခတ်ဘဲ နွေ အခါ၌သာ ခတ်သည်။ နွေအခါ ပူလွန်းပါက အလုပ်ကို လျှော့၍ လုပ်ကြသည်။ မန္တလေးမြို့၌မူ ကဆုန်လမှ တန်ဆောင် မုန်းလအထိသည် ရွှေခတ်၍ အကောင်းဆုံးကာလ ဖြစ်သည်။ ရွှေမျက်ပါး ခတ်သည့်အခါ ရှစ်မူးပဲရည်ရှိသော ရွှေကို ကိုးမူးပဲရည်ဖြစ်အောင် လှော်ပြီးဖြစ်စေ၊ ပုရပိုက်ခေါက် ရွှေစစ် ကို တစ်ကျပ်သားလျှင် ရွှေဒင်္ဂါးရွှေ နှစ်ရွေးခန့် အချိုးဖြင့် ရောပြီးဖြစ်စေကို ရွှေတစ်ထုပ်အတွက် ရွှေချိန် သုံးမတ်သားခန့် ချိန်ကာ ရွှေဆန့်ဖိုသို့ ပို့ရသည်။ ရွှေလက်ဆန့်ဆရာသည် ရွှေကို ဖို၌ နှစ်နာရီကြာအောင် ရွှေ၏အသွေးအရည်ကြည့်၍ ငရဲမီး အခိုးအငွေ့များ ကုန်သည့်တိုင်အောင် ဖိုထိုးပေးရ သည်။ ထိုသို့ နှစ်နာရီကြာမျှ ဖိုထိုးလိုက်သဖြင့် ပျော့လာသောရွှေကို ပေပေါ်တင်၍ နန်းကြိုးရိုက်ထုပြီးနောက် ရွှေပြားဖြစ်အောင် ကြိတ်သော တလိမ့်တုံးပါ စက်ထဲသို့ ထည့်၍ အလျား ၃၆ လက်မ အနံ သုံးမတ်ရှိသော ရွှေပြားနှစ်ပြား ဖြစ်သည့်တိုင် အောင် ကြိတ်ရသည်။ ဆန့်ပြီးသော ရွှေသုံးမတ်သားရှိ ရွှေပြားကို အစိတ်ကလေး ပေါင်း ၂ဝဝ အညီအမျှ ဖြတ်ရသည်။ ယင်းသို့ ဖြတ်ပြီးသော မန်ကျည်းစေ့အရွယ်ခန့် ရွှေပြားကလေးများကို နှစ်လက်မခွဲခန့် ရှိသော ရွှေခတ်စက္ကူ နှင့် ရွှေခတ်စက္ကူလုပ်ရာ၌ အညံ့ဖြစ်သော လေးစက္ကူဟုခေါ်သည့် စက္ကူတစ်မျိုးတို့၏အကြား၌ တစ်ထပ်စီ ည|ပ်၍ ထည့်ပြီးနောက် သုံးလက်မပတ်လည်ရှိသော သမင်ရေ နှင့် ပြုလုပ်ထားသည့် အိတ်၌ ထည့်သွင်းကာ အလေးချိန် ၉၅ ကျပ်သားခန့်ရှိသော ပိတောက်သားရိုးတပ် သံတူဖြင့် ရွှေပြား ကလေး ဒင်္ဂါးဝိုင်းခန့် ရှိလာသည်အထိ ၁၅ မိနစ်မှ နာရီဝက် ခန့် ထုရသည်။ ယင်းသို့ပြုသည်ကို အလျားပေါက်သည်ဟု ခေါ်၍ မြေပေါ်၌ အလျားပေါက်သည့် ရွှေxkyfကို အလျားထုပ် ဟု ခေါ်သည်။ အလျားပေါက်သည့်အခါ မြေထဲ၌ နှစ်ပေခန့် မြုပ်၍ မြေပေါ်၌ အနည်းငယ် ဖော်ထားသည့် ကျောက်တုံးပေါ် တွင် အလျားထုပ်ကို တင်ကာ မလှုပ်ရှားစေရန် သားရေဖြင့် ပြုလုပ်ထားသော ပါးချပ်ဖြင့် ချည်နှောင်ထားရသည်။ ယင်းသို့ အလျားပေါက်သည့်အခါ ရွှေခတ်သမားတို့သည် အပေါက် ဖောက်ထားသော အင်တုံထဲ၌ ရေထည့်၍ အမှတ်အသားပြုသော ရေနာရီကို သုံးလေ့ရှိကြသည်။ အလျားပေါက်၍ ရသော ဒင်္ဂါးဝိုင်းခန့်ရှိ ရွှေပြားကို ခြောက်ပိုင်း ပိုင်းပြန်သည်။ ထိုအခါ ရွှေပြားကလေး စုစုပေါင်း ၁Ý၂ဝဝ ရလေသည်။ ယင်းရွှေပြားများကို နှစ်လက်မခွဲ ပတ်လည် ရှိသော ရွှေခတ်စက္ကူထဲတွင် တစ်ဖန်ထည့်၍ အတက်နှင့် အောက်မှ ဒဏ်ခံအဖြစ်ဖြင့် ဝါးနှင့်ကောက်ရိုးကို ပြုလုပ်ထား သော သနပ်ခေါ်သည့် စက္ကူ ၁ဝ ချပ်ထက်မနည်း ခံရသည်။ ယင်းကို သမင်ရေအိတ်ထဲ ထည့်ကာ ရှေးနည်းတူ ကျောက်တုံး ပေါ်တင်ပြီး ရွှေပြားကလေး နှစ်လက်မခန့် ရှိလာသည်အထိ နှစ်နာရီခွဲခန့် ထုရသည်။ ထိုသို့ပြုသည်ကို ပဇခတ်သည်ဟု ခေါ်၍ ထိုရွှေပြားထုပ်ကို ပဇထုပ်ဟု ခေါ်သည်။ ခတ်၍ပြီးသော ရွှေမှုန်လုံးကို ပဇလုံးဟု ခေါ်သည်။ ပဇဟူသော စကားသည် ဗီဇဟူသော စကားကို နှုတ်လွယ်သလို ခေါ်ပြောခြင်းဖြစ်ဟန် တုသည်။ နှစ်လက်မခန့် ဖြစ်လာသော ရွှေပြားကလေးများကို ငါးလက်မ ပတ်လည်ရှိသော ရွှေခတ်စက္ကူနှင့် တစ်ထပ်စီ တင်ရသည်။ ယင်းသို့ ပြုသည်ကို ရွှေတင်သည်ဟု ခေါ်သည်။ ရွှေတင်ပြီးသောအခါ ရှေးနည်းတူ သနပ်စက္ကူ အထက်အောက် ခံ၍ သမင်ရေအိတ်ထဲထည့်ကာ ငါးနာရီခန့် ထုခတ်ရသည်။ ထိုအခါ ရွှေပြားသည် သုံးလက်မမှ သုံးလက်မခွဲ အချင်းရှိသော ရွှေပြားဝိုင်းကလေးများ ဖြစ်လာသည်။ ထိုရွှေပြားဝိုင်းကလေး များကို ရွှေခတ်လုပ်ငန်း ပြီးဆုံးပြီဖြစ်သဖြင့် ရွှေပြင်ခန်းသို့ ပို့ရသည်။ ရွှေပြင်ခန်းတွင် ရွှေမျက်ပါးလွှာကလေးများ ဖြစ်အောင် ပြင်၍ ရွှေဆိုင်းများ ဖြစ်သည်အထိ လုပ်ကြသည်။ ရွှေမှုန်များ လေလွင့်မည်စိုးသဖြင့် ရွှေပြင်ခန်းကို လေမဝင်စေရန် မှန်၊ သို့ မဟုတ် အဝတ်ကာ၍ ထားရသည်။ ရွှေပြင်ခန်းထဲ၌ သစ်စေး သုတ်ထားော လေးထောင့်စားပွဲကလေးများ၏ တစ်ဖက်စီတွင် ဆေးလိပ် ခုံ၌ ဆေးလိပ်လိပ်ကြသူတို့ မျက်နှာချင်းဆိုင် ထိုင် သကဲ့သို့ ရွှေပြင်သူများ ထိုင်ရသည်။ ခတ်ပြီးရွှေကို မိမိတို့ အလိုရှိသော ရွှေဆိုင်းပုံအလိုက် ဖြတ်ထားသော ရွှေလှောင်စက္ကူ ပေါ်သို့ ကနုကမာပြား၊ သို့မဟုတ် စိုင်ချိုရိုးဖြင့် ပြုလုပ်ထား သော 'ဒန်'ခေါ် လက်ကိုင်ကလေးဖြင့် ဖြတ်ယူပြင်ရသည်။ ယင်းသို့ ရွှေပြင်ရာ၌ လက်တွင် ရွှေကပ်မနေစေရန် ကန့်ကူ ဆံမှုန့် အနည်းငယ်ကို မကြာမကြာ ကိုင်၍လုပ်ရသည်။ လက် အဆီပြန်တတ်သူ များ လုပ်၍မရချေ။ ရွှေပြင်သူသည် ရွှေခတ် သူကဲ့သို့ပင် ကျွမ်းကျင်ဖို့ လိုသည်။ မကျွမ်းကျင်သူ ရွှေပြင် ပါက ရွှေxyfuာ ရွှေဆိုင်းအထွက် နည်းသဖြင့် ရွှေကုန်သည် အရှုံးတွေ့တတ်သည်။ ရွှေဆိုင်းများကို နှစ်လက်မတစ်မတ်နှင့် နှစ်လက်မမူတင်း နှစ်မျိုး အလုပ်များသည်။ ရွှေတစ်ဆိုင်းလျှင် အချပ်တစ်ရာရှိ သည်ဟု ဆိုသော်လည်း မန္တလေးရွှေဆိုင်းသည် ၉၈ ချပ် ပါ၍ ရန်ကုန် ရွှေဆိုင်းသည် ၉၅ ချပ် ပါသည်။ ရွှေသုံးမတ်သား ပါရှိသော ရွှေတစ်ထုပ်ကို ထုခတ်ပြင်ဆင်လိုက်သည့်အခါ နှစ်လက်မတစ်မတ် ရွှေဆိုင်း ၁၃ ဆိုင်းမှ ၁၉ ဆိုင်းအထိ အခတ်အပြင် ကောင်းပုံတွင် မူတည်ထွက်သည်။ များသော အားဖြင့် ၁၆ ဆိုင်းခန့် ထွက်သည်။ ရွှေခတ်ရာ၌ သုံးသောစက္ကူသည် မန္တလေးမြို့ စက္ကူတန်း ၌ပင် ဝါးဖြင့် လုပ်ကိုင်သော စက္ကူဖြစ်သည်။ စက္ကူလုပ်ရာ၌ သုံးသော ဝါးသည် တန်ဆောင်မုန်းလပေါက်ဖြစ်၍ နတ်တော် လဆုတ်ထဲ၌ ခုတ်သောဝါး ဖြစ်ရသည်။ ထိုဝါးကို တောင်ဆုတ် ခန့်စီ ဖြတ်ပြီးနောက် အကြောများကိုသာ လွှာယူရသည်။ ယင်း အကြောများကို လက်တစ်ဆုပ်စည်းစီ စည်း၍ ဒယ်အိုးထဲတွင် ရေနှင့်ထည့်ကာ အငွေ့မလစ်စေရန် ဖုံးအုပ်၍ သုံးရက်တိုင်တိုင် မီးမပြတ်ထိုးကာ ပြုတ်ရသည်။ သုံးရက်စေ့လျှင် ထိုအစည်းများ ကို အိုးထဲမှ ဆယ်ယူ၍ နေလှန်းရသည်။ ခြောက်သွေ့သွား သောအခါမှ ထိုအစည်းများကို အိုးကြီးများထဲထည့်၍ ထုံးရည် ဖြင့် တစ်လခန့် စိမ်ရသည်။ တစ်လပြည့်သောအခါ ထိုဝါး ကြောစည်းများကို အိုးမှ ထုတ်၍ ကျောက်ပြားပေါ်တင်ကာ သမင်ဖိုသား (သစ်ပင်အမည်)ကို ကြေးစည်လက်ခတ်သဖွယ် ပြုလုပ်၍ ဝါးစည်းများကို အမျှင်မျှင် ဖြစ်အောင် ထုရိုက်ရ သည်။ ပြီးမှ ထုံးရည်ဖြင့် အိုးသွတ်ကာ အင်္ဂတေဖြင့် လေလုံ ပိတ်၍ သုံးနှစ်ထားရသည်။ အမြန်ကြိုက်သူများက ယခုအခါ ယင်းသို့ ထုပြီး ဝါးမျှင်များကို ကော့စတစ်ဆိုဒါဖြင့် ထည့်၍ တစ်နှစ်သာထားပြီး လုပ်ကြသည်။ သို့ရာတွင် ထုံးရည်ဖြင့် သုံးနှစ်စေ့ပြီးနောက် ယင်းဝါးမျှင်များကို ဆယ်ယူကာ နေလှန်း ရသည်။ ခြောက်သောအခါ ရေအနည်းငယ်ဆွတ်၍ အဝတ်နှင့် ထုပ်ကာ အချိန်အနည်းငယ် ရေနှပ်ထားပြီးနောက် ရှေးနည်းတူ ကျောက်ပြားပေါ်တင်၍ ကြေညက်အောင် ထုရသည်။ ထုပြီး သော ဝါးဖတ်များကို မောင်းနှင့် တစ်ဖန် ထောင်းပြီးနောက် ယင်းဝါးမှုန့်များကို အလေးချိန် အညီအမျှစီ လုံးရသည်။ ထိုနောက် လေးထောင့် ရေကန်ထဲသို့ လေးထောင့်ဘောင်တွင် ပိတ်ဖြင့်ကားကြက်ထားသော ပိတ်ကားကို ထည့်၍ အပေါ်မှ ဝါးမှုန်ကို ရေဖျော်ကာ လောင်းချရသည်။ ပိတ်ပေါ်၌ တင်ကျန် သော ဝါးမှုံဖတ်ကလေးများကို အောက်မှ စိမ့်ဝင်လာသည့် ရေဖြင့် နှံ့ပြီး အထူအပါးညီအောင် ပိတ်ကားချပ်ကို ဘောင်ပါ မကာ နေလှန်းရသည်။ ခြောက်သောအခါ စက္ကူပြားကြီးဖြစ်ပြီ ဖြစ်သဖြင့် အထူအပါး မညီပါက ဓားဖြင့် ညီအောင် လိုက်ခြစ် ရသည်။ ထိုနောက်မှ ငါးလက်မပတ်လည် စက္ကူစများဖြစ် အောင် ဖြတ်ရသည်။ ယင်းစက္ကူစ ငါးချပ်နှင့် ရေဆွတ်ထား သော စက္ကူတစ်ချပ်ကို ည|ပ်၍ အပေါ်မှ အဝတ်ပတ်ကာ အလေးဖိထားရသည်။ ထိုနောက် မြေအောက်ရှိ မြေတိုက်ထဲသို့ ယူသွားကာ ရှစ်လက်မခန့်ရှိသော ကြေးပြင်ပေါ်၌ တစ်ချပ်စီ တင်ကာ သမင်ဖိုသားတုတ်နှင့် ထုရသည်။ ထိုသို့ထုပြီးသော စက္ကူသည် ရွှေခတ်စက္ကူ ဖြစ်လေသည်။ ယိုးဒယားနိုင်ငံ၌ လုပ်ကိုင်သော ရွှေခတ်စက္ကူနှင့် ရွှေဆိုင်းသည် မြန်မာရွှေခတ်စက္ကူနှင့် ရွှေဆိုင်း လောက် မကောင်းသဖြင့် ယိုးဒယားနိုင်ငံ၌ တိမ်ကောပပျောက် သွား သည့်အခြေ ရောက်နေလေပြီ။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)