ရွှေဘုန်းရွှေဘုန်းတော်လေတည့်မှ

ဝီကီပီးဒီးယား မှ

သာနိုးပျော်ဘွယ်ကြိုး

ရေးသူ[ပြင်ဆင်ရန်]

မြဝတီမင်းကြီး

ရွှေဘုန်းရွှေဘုန်းတော်လေတည့်မှ[ပြင်ဆင်ရန်]

ရွှေဘုန်းရွှေဘုန်းတော်လေတည့်မှ။ လွန်ကဲစည်ထွန်းပေါ်။ ။

သက်တော်ရာကျော် လျှမ်းမျှမျှ။ ရွှေနန်းမှာ စံကာသာ။ ရှည်ပင်သာ ရှည်ကြောင်း ပပလေး။ ။

တောင်ဇမ္ဗူကျွန်းပတ်ကုံး။ ထီးတရာမင်း ညွတ်ရုံး။ ကြုံးသစ္စာခံလေတည့်မှ။ ကျိုးညွတ်ခါနွှံ။ ။

နိုင်ငံကြေညာ လင်း အပွင့်ပွင့်။ သာယာစည်ပင် ပွားအဆင့်ဆင့်။ သံသရာ ဝဲ-ခနောင်း။ နောင်မသွေဘဲ ကူးကြောင်း။ ရုံးပေါင်းညွတ်ပျောင်း။ ထပ်လောင်းကျွန်တထွေ။ ။

ရှည်ရှည်တိုင်း။ ကြာကြာတိုင်း။ ငြိမ်းလေလေ။ ဧလေလေ။ သွေမည်ဘဲမို့။ နိဗ်ဗာန်ရွှေပြည်ပွဲကိုလှ။

နွှဲ စံ ပျော်လေလေတည့်။ နွှဲစံပျော်။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/