ရွှေပြည်ကြီးဧရာ

ဝီကီပီးဒီးယား မှ

သာနိုးပျော်ဘွယ်ကြိုး (သာနိုးပျော်ဘွယ်မြို့ဘွဲ့)

ရေးသူ[ပြင်ဆင်ရန်]

မြဝတီမင်းကြီး

ရွှေပြည်ကြီးဧရာ[ပြင်ဆင်ရန်]

ရွှေပြည်ကြီးဧရာ။ တည်ထွန်းကျောက်မြို့လေ။

ရွှေပြည်ကြီးဧရာ။ တည်ထွန်းကျောက်မြို့လေး။ ။

သီတာဝန်းရံကာ။ များရေတာ။ ပြင်ကျုံး။ နက်လှ ပြောကျယ်စွာ။

ကြောက်ဘွယ် ကြောက်ဘွယ်သာ။ ။

ငါးပါးမျိုးကြာ။ ငုံအာရေလုံးပြည့်မျှလေ။ ။

ပြည်ကြီးငယ်နံပါး။ တံခါးရှစ်ဆယ်။ သွယ်သွယ်သာ လမ်းမနှင့်လေး။ ။

ရံဝန်း ကာဆီးလုံ။ ပြည့်စုံလက်နက်ပေါင်းငယ်နှင့်။ ကြောက်ငြောင်း ရန်မပြူလေတည့်မှ။ ကြောက်ငြောင်းရန်မပြူ။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/