ရွှေနံ့သာစေတီတော်

ဝီကီပီးဒီးယား မှ

ရွှေနံ့သာစေတီတော် သည် ပဲခူးမြို့တွင် တည်ရှိသည်။ ပဲခူးမြို့ဟောင်းအနီး ပဲခူးမြို့အရှေ့ဘက်တွင် တည်ရှိသည်။ ရွှေနံ့သာကျောင်းတိုက်တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဟံသာဝတီဓမ္မစေတီမင်းလက်ထက်တွင် သီဟိုဠ်မှ ရွှေနံ့သာရုပ်ပွားတော်ငါးဆူ ပင့်လာခဲ့သည်။ ရုပ်ပွားတော်နှစ်ဆူကို ရွှေနံ့သာကျောင်းတိုက်တွင် အာလိန် ၃ ဆင့်ခံ အုတ်ဂူဗိမာန်တန်ဆောင်းဖြင့် ထားကာ ကိုးကွယ်လာခဲ့ကြသည်။ သို့သော် အချိန်ကြာညောင်းလာသည့်အခါ ဂူများသည် ပျက်စီးခဲ့သည်။

ထို့ကြောင့် ရုပ်ပွားတော်နှစ်ဆူကို ၁၂၄၀ ခုနှစ်တွင် ဂူ၏ အရှေ့တောင်ဘက်ရှိ ထောင်သိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၂၃၇ ခုနှစ်တွင် ပဲခူးမြို့သို့ ပင့်ဆောင်၍ ရွှေနံ့သာဘုရား တောင်ထောင့်ကုန်းတွင် စေတီတော်တစ်ဆူတည်ကာ တောင်နှင့်မြောက် အုတ်လိုဏ်ဂူများတွင် ဌာပနာခဲ့သည်။

ရုပ်ပွားတော်များမှာ ကျောက်ဖြူသားကို သစ်စေးသုတ်ကာ ရွှေချထားပြီး ဉာဏ်တော် သုံးတောင်နှင့် နှစ်တောင့်ထွာ အသီးသီး ရှိကြည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

အုတ်လိုဏ်ဂူများသည် ပျက်စီးခဲ့သဖြင့် ရန်ကုန်မြို့မှ ဦးတာပိုးနှင့် ဒါယာက၊ ဒါယကာမတို့သည် ၁၂၆၉ ခုနှစ်၊ တပေါင်းလတွင် ပြုပြင်ခဲ့သည်။ ဖိနပ်တော်အခင်း တစ်မျက်နှာလျှင် ၃၃ တောင်၊ ဉာဏ်တော်အတောင် ၄၀၊ ပစ္စယံ သုံ:ဆင့် ရှိ၏။ ၁၂၇၁ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၂၇၃ ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူခဲ့သည်။[၁]

အခြားရုပ်ပွားတော်သုံးဆူ[ပြင်ဆင်ရန်]

သီဟိုဠ်မှ ပင့်လာခဲ့သည့် ရုပ်ပွားတော်များထဲမှ ရုပ်ပွားတော်တစ်ဆူကို ကမာနတ်ရွာ၌လည်းကောင်း၊ တစ်ဆူကို စွမ်ပိရွာ၌လည်းကောင်း၊ မဆင်းချောင်းပါး၌လည်းကောင်း တည်ထားကိုးကွယ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၂၅။