ရွှေနန်းအောင်ချာ

ဝီကီပီးဒီးယား မှ

အောင်ပင်လယ်- ကြာချပ်ကြီးကြိုး

ရွှေနန်းအောင်ချာ[ပြင်ဆင်ရန်]

ရွှေနန်းအောင်ချာ။ ပြုဗ္ဗာရှေ့ဦးဆီကလေ။ ။

ပျော်ခင်းစံရာ။ နန္ဒာကန်ကြီး တည်ဆီးလို့လေး။ ။

အကျူးယဉ်လေခြင်း။ အဖူးငုံအာဝင်း။ တထူးထွေလာဆန်း။ အဖူးငုံအာလန်း။ ရွှေကြာနီ။ ရွှေကြာဖြူ။ ကြူရယူငယ်လေ သင်းသင်း။ နံ့ရှင်းရှင်း။ အိုင်မင်းအိုင်မင်း ဆဒ္ဒန်။ တူတဲ့ တူမောဟန်။ ။

ပုံသဏ္ဌာန်လေမကွဲ။ ပြိုင် မသာလေဘဲ။ ပျံဝဲ ယှဉ် နွှဲမောင်နှံ။ ငှက်တည့် ငှက်ပေါင်းရံ။ ။

စာနှံ တောင်ပံ နီတွတ်။ နှမနည်းသည့် မောင်ငယ်မှာ။ သင်တည့်သာ သင်းတိုင်းဝတ်။ ။

ချီခင်စွတ်ကယ် ကြင်ဘော်သွေးလို့လေ။ ကြာဘက်ကို နွှင်ကာထွေးလို့လေး။ ။

စုစုငယ်လေ သီးသီး။ ဝေးပင်ဝေးမနီး။ ။

ရွှေပြည်ကြီး လယ်သူ။ ထွားတဲ့ ထွားနုဖြူ။ ။

ကြူစွာသံဝါ ချိုနု။ သျှင်ပင် အင်းခရုငယ်နှင့်လေး။ ။

ကြူစွာလေသံဝွ လေချိုနု။ သျှင်ပင် အင်းခရုငယ်မှာ။ ကျွတ်ဆုငယ်တိုင်။ ကြာခိုင် ကြာခိုင်နှင့်နှင့်လေ။ တူပြိုင် ယှဉျပြိုင် ဆင့်ဆင့်လေး။ ။

နှင်းနှင့်ထုံပန်း။ စမ္ပယ်ခေါင်ရမ်း။ သော်မော် အပြည့်လျှမ်းပါလို့။ မင်းလမ်းစပ်ခါခါလေတည့်။ မင်းလမ်းစပ်ခါခါ။


  • အမရပူရနေပြည်တော်၏ အရှေ့မြောက်ယွန်းယွန်းတွင် သျှင်ပင်အုန်းအင်းဘုရား။ သျှင်ပင်အင်းခရုဘုရားဟု။ ရှေးဘုရားကြီးများ တည်ရှိလေသည်။ ယခုမူကား အချို့ ပျက်စီးယိုယွင်းကုန်ကြလေပြီ။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/